ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ

🤰 ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလေးချိန်တက်တာ (Pregnancy Weight Gain) က မိခင်နဲ့ သားအတွက် ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
တက်သင့်တဲ့အလေးချိန်က မိခင်ရဲ့ ကိုယ်ဝန်မဆောင်မီ အလေးချိန်/ BMI အပေါ် မူတည်ပါတယ်။ မိမိရဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်အလေးချိန် ဘယ်လောက်အထိ တက်သင့်သလဲဆိုတာကို တွက်ချက်နိုင်ဖို့အတွက်ဆိုရင် ကိုယ်ဝန်မရှိမီကာလက ကိုယ်အလေးချိန်နဲ့ မိမိရဲ့ အရပ်ကို အသုံးပြုပြီး BMI ကိုတွက်ချက်ရပါမယ်။​  BMI (Body Mass Index – ခန္ဓာကိုယ်အရွယ်အစားအညွှန်းကိန်း) ဆိုတာက လူကြီးတွေအတွက် ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တွက်ချက်ပြီး ကျန်းမာရေးအခြေအနေကို ခန့်မှန်းဖော်ထုတ်တဲ့ နည်းလမ်းတစ်ခုပါ။

🔢 ဘယ်လိုတွက်လဲ။
BMI = အလေးချိန် (ကီလိုဂရမ်) ➗ (အရပ်အမြင့် မီတာဖြင့်)²
ဥပမာ – 70 kg ကို 1.65 m အမြင့်နဲ့ တွက်မယ်ဆိုရင်၊
BMI = 70 ÷ (1.65 × 1.65) = 25.7

လက်နဲ့ချမတွက်ချင်ရင် ဒီလင့်လေးမှာလည်း တွက်ကြည့်လိုက်ရပါတယ်။​

📊 ရလဒ်ကို ဘယ်လိုဖတ်မလဲ။

  • 🟢 18.5 – 24.9 → ပုံမှန်ကိုယ်အလေးချိန်ရှိသည်။​
  • 🔵 18.5 ထက်နိမ့် → ပုံမှန်ထက် ကိုယ်အလေးချိန်နည်း၊ ပိန်နေသည်။​
  • 🟠 25 – 29.9 → ပုံမှန်ထက် ကိုယ်အလေးချိန်များ၊ ရှိသင့်သည်ထက် ပိုဝနေသည်။
  • 🔴 30 နှင့်အထက် → အဝလွန်ရောဂါအဆင့်အဖြစ် သတ်မှတ်နိုင်သည်။​

အပေါ်ကနည်းလမ်းအတိုင်းတွက်ချက်ပြီး ရလာတဲ့ ရလဒ်က ကိုယ့်ရဲ့ ကိုယ်ဝန်မဆောင်မီ​ BMI (Pregnaqncy BMI) ပါ။ အဲ့ဒီရလဒ်ကို အောက်က ဇယားနဲ့တိုက်ဆိုင်ကြည့်ပြီး ကိုယ့်အနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း စုစုပေါင်း ကိုယ်အလေးချန် ဘယ်လောက်အထိ တက်သင့်တယ်ဆိုတာကို ခန့်မှန်းနားလည်လို့ရပါတယ်။​ အကယ်၍​ ကိုယ်က ကိုယ်အလေးချိန် တက်သင့်သလောက် တက်မလာဘူး၊​ ဒါမှမဟုတ် တက်သင့်တာထက်များပြီး ဝလာတယ်လို့ ထင်ရရင် ဒို့မိသားစုလေးမှာ တိုင်ပင်လို့ရပါတယ်။

ကိုယ်ဝန်မဆောင်မီ BMI အခြေအနေတွေအရ ကိုယ်ဝန်ဆောင်ကာလအတွင်း တက်သင့်တဲ့ကိုယ်အလေးချိန် (IOM Guideline)

ကိုယ်ဝန်မဆောင်မီ BMIအမျိုးအစားတက်သင့်တဲ့အလေးချိန်
<18.5ပုံမှန်ထက် ကိုယ်အလေးချိန်နည်း၊ ပိန်နေသည်။​၁၂.၅ – ၁၈ ကီလိုဂရမ် (kg)
18.5 – 24.9ပုံမှန်ကိုယ်အလေးချိန်၁၁.၅ – ၁၆ ကီလိုဂရမ် (kg)
25 – 29.9ပုံမှန်ထက် ကိုယ်အလေးချိန်များ၊ ရှိသင့်သည်ထက် ပိုဝနေသည်။၇ – ၁၁.၅ ကီလိုဂရမ် (kg)
≥30အဝလွန်ရောဂါအဆင့်အဖြစ် သတ်မှတ်နိုင်သည်။​ ၅ – ၉ ကီလိုဂရမ် (kg)

ဘာကြောင့်အရေးကြီးလဲ။

  • မိခင်အလွန်ဝသွားလျှင် ဆီးချိုဖြစ်လာနိုင်ခြင်း၊​ သွေးပေါင်ချိန်မြင့်တက်လာခြင်း (နောက်ပိုင်းမှာ ကိုယ်ဝန်အဆိပ်တက်တာမျိုး) စသည်ဖြင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်နိုင်ပါတယ်။
  • အလေးချိန်နည်းလွန်းလျှင် ကလေးရဲ့မွေးစအလေးချိန်နည်းနိုင်ပါတယ်။

🎯 အကြံပြုချက်များ

  • အစားအသောက်မှာ အာဟာရပြည့်ဝအောင် စားသုံးပါ။
  • အရက်၊​ မူးယစ်ဆေး၊ ဆေးလိပ်၊​ ကွမ်းယာ၊​ ငန်လွန်းသောအစာများ၊​ အဆီများသောအစာများ၊​ အသင့်စားအစားအစာများမှ​အပ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊​ သစ်သီးဝလံ၊ ပဲအမျိုးမျိုး စတဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ရှောင်ခြင်းမပြုပါနှင့်။
  • အထိုင်အနေအများကြီးမလုပ်ဘဲ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပါ။
  • ဆရာဝန်/အာဟာရပညာရှင်နဲ့ အမြဲတိုင်ပင်ထားပါ။

ဒီလိုဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို အမြဲမျှဝေပေးနေတာမို့ ဒို့မိသားစု Page ကို Like and Follow လုပ်ထားပေးပါ။​ ဒီ Post လေးကိုလည်း အများဗဟုသုတရအောင် Share လပ်ပေးပါဦးရှင့်။

ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊​ ကလေးအာဟာရ၊​ မိသားစုအာဟာရ အတွက် ဗဟုသုတအချက်လေးတွေကို Page မှာ တင်ထားပေးတာမို့ ရှာဖွေဖတ်ရှုကြပါဦးရှင့်။​

#ကိုယ်ဝန်ကျန်းမာရေး #အလေးချိန်တက်မှု #မိခင်အတွက်အချက်အလက် #PregnancyWeightGain

Similar Posts

  • ကလေးငယ်တွေကို ပန်းရောင်ဆား (Pink Salt) ကျွေးသင့်လား

    ပန်းရောင်ဆားဆိုတာ ဘာလဲ? ပန်းရောင်ဆား (Himalayan Pink Salt) သည် သဘာဝဆားတစ်မျိုးဖြစ်ပြီး သာမန်ဆားထက် သတ္တုဓာတ်များ (ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်) အနည်းငယ်ပိုမိုပါဝင်သော်လည်း ဆိုဒီယမ်ပမာဏမှာ သာမန်ဆားနှင့် အတူတူပါပဲ။ ကလေးငယ်များကို ပန်းရောင်ဆား ကျွေးသင့်လား? ဆိုဒီယမ် (အငန်ဓါတ်)​အန္တရာယ် အိုင်အိုဒင်းဓာတ် မပါဝင်ခြင်း သတ္တုဓာတ်များ ဘာကြောင့် အိုင်အိုဒင်းဓာတ် အရေးကြီးတာလဲ? မိဘများအတွက် အကြံပြုချက်များ ✅ ၁ နှစ်အောက်ကလေး – ဆားလုံးဝမကျွေးပါနဲ့။✅ ၁ နှစ်အထက် – အိုင်အိုဒင်းဖြည့်စွက်ထားသောဆား (iodized salt) ကို အနည်းငယ်သာ ထည့်ပါ။✅ ပန်းရောင်ဆားသုံးပါက – အိုင်အိုဒင်းဓာတ်ပါသော အစားအစာများ (ပင်လယ်စာ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း) ဖြင့် ဖြည့်စွက်ပေးပါ။✅ သဘာဝအစားအစာများ –…

  • |

    နို့တိုက်မိခင်ကဆေးလိပ်သောက်လို့ရလား

    ဆေးလိပ်သောက်ခြင်းက မိခင်ရော ကလေးကိုပါထိခိုက်စေပါတယ်။ ဗီတာမင် B12၊ဗီတာမင်စီ၊ ဖောလစ်အက်စစ်နဲ့ သွပ်ဓါတ်တွေကို ခန္ဓာကိုယ်က အသုံးပြုနေတဲ့ ဖြစ်စဉ်ကိုလည်းဆိုးကျိုးသက်ရောက်စေပါတယ်။ ဆေးလိပ်သောက်ရင်prolactin နဲ့ oxytocin ပမာဏကို လျော့ကျစေတဲ့အတွက် မိခင်နို့အထွက် နည်းသွားစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေရော နို့တိုက်မိခင်တွေပါဆေးလိပ် မသောက်သင့်ပါဘူးနော်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Groupလေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချိုGroup ကို ဝင်ရန်။ http://bit.ly/maymaychocho

  • |

    ကိုယ်ဝန်ထပ်ရှိလာရင် နို့ဆက်တိုက်လို့ရသေးလား

    ရပါတယ်။ မေမေအများစုက ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ နို့ဆက်တိုက်နိုင်ပါတယ်။ ကလေးမွေးပြီးတော့လည်း ကလေးကြီးနဲ့ မွေးကင်းစလေး ၂ ယောက်စလုံးကို မိခင်နို့တိုက်လို့ရပါတယ်။ ဒီလိုနို့တိုက်တာမျိုးကို tandem nursing လို့ ခေါ်ပါတယ်။ ရှေးရှေးတုန်းကတော့ ကြီးတဲ့ ကလေးကို နို့ဖြတ်ဖို့ အကြံပြုခဲ့ကြပေမယ့် သုတေသနအသစ်တွေအရတော့ tandem nursingက အန္တရာယ်မရှိဘူးလို့ သိရပါ တယ်။ ကလေးနှစ်ဦးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်ဆိုရင် မေမေတို့က ကယ်လိုရီများများပိုစားဖို့လိုပါတယ်၊ရေလည်းများများသောက်ရမယ်၊ ကလေးအိပ်ရင် လည်းလိုက်အိပ်ရမယ်၊ ပိုငယ်တဲ့ကလေးကို အမြဲတမ်း အရင်နို့တိုက်ကျွေးရပါမယ်။ ကလေးအကြီးကတော့ မေမေတို့ နို့ပိုထွက်ဖို့ကူညီပေးပါလိမ့်မယ်။ရင်သားတွေက လှုံ့ဆော်မှု ပိုရလာတာနဲ့အမျှ မိခင်နို့များများ ထွက်လာပါလိမ့်မယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member…

  • မိခင်သည် နို့ရည်များများထွက်အောင် ဘယ်လိုလုပ်ရမလဲ

    အကယ်၍ မိခင်က သူမ၏ နို့ထွက်နည်းသည်ဟု ယူဆလျှင် ဒီဗွီဒီယိုလေးမှာလည်း အေသးစိတ် လေ့လာကြည့်လို့ရပါတယ်။​

  • |

    အရေပြားချင်းထိပေးခြင်း (Skin-to-Skin Contact)

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ကိုယ်ပေါ်အရေပြားချင်းထိပြီးတင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကိုကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီးနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်းထိထားပေးရင်းနဲ့ပဲမွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်ရင် ကလေးမှာဖြစ်ပွါးမှုလျော့ကျစေတဲ့အပြင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကို အားပေးတယ်… ကလေးနဲ့အမေကိုစိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့ အတွက်လိုအပ်တဲ့ နို့ရည်ကိုစောစောစီးစီး ထုတ်ပေးနိုင်ပါတယ်… အရေးကြီးဆုံးအချက်ကတော့ မိခင်ဝမ်းကြာတိုက်ကနေအပြင်ကမ္ဘာကို ကူးပြောင်းပေးတဲ့ ကာလမှာ အသားချင်းထိပေးခြင်းက ကူညီပေးပါတယ်…. နောက်ပိုင်းရက်တွေမှာ…

  • နို့တိုက်မိခင်က ​လေ့ကျင့်ခန်းလုပ်လို့ရလား

    ရပါတယ်။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာက နို့ထုတ်တဲ့ပမာဏနဲ့ နို့အရသာကို မပြောင်းလဲစေပါဘူး။ လေ့ကျင့်ခန်းကို ဖြည်းဖြည်းလေးကနေ စလုပ်ပြီး တဖြည်းဖြည်းနဲ့ တိုးပြီးလုပ်နိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူနဲ့တော့ တိုင်ပင်ဆွေးနွေးပေးပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho 

Leave a Reply

Your email address will not be published. Required fields are marked *