|

ကလေးကို အစာဝါးကျွေးသင့်သလား

ကလေးကို အစာဝါးကျွေးသင့်သလား

အစာကောင်းကောင်း မဝါးနိုင်သေးတဲ့ကလေးတွေကို လူကြီးတွေက ကိုယ်တိုင်ဝါးပြီး ကျွေးပေးတတ်ပါတယ်။ များသောအားဖြင့် မိခင်/ အနီးကပ်ဆွေမျိုးသားချင်းတွေ/ ကလေးထိန်းတွေက ကလေးကို ဖြည့်စွက်စာစကျွေးတဲ့အချိန်မှာ ဒါမျိုးလုပ်ပေးလေ့ရှိပါတယ်။ ပါးစပ်ထဲမှာဝါးလိုက်တဲ့ အစာဟာ တံတွေးကြောင့် အစာလုံးဖြစ်သွားပြီး အဲဒါကို ဇွန်းထဲထည့်ကျွေးခြင်း၊ လက်နဲ့ခွံ့ကျွေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။

(Blender) လို့ခေါ်တဲ့ အစာကြိတ်စက် အသုံးမပြုသူ တော်တော်များများက ဒီလိုဝါးကျွေးတဲ့ နည်းလမ်းကို ယခင်က အသုံးပြုကြပါတယ်။ အမှန်တကယ်တော့ ကလေးငယ်ကို ကျွေးမယ့်အစားအစာတွေကို ကြိတ်ပြီး ဒါမှမဟုတ် နူးညံ့သွားအောင် ပြုတ်ပြီး ဇွန်းနဲ့ ခြေပြီး ကျွေးနိုင်ပါတယ်။

ဝါးမကျွေးသင့်ပါဘူး။ ကလေးကို ထမင်းအပါအဝင် အစာတွေဝါးကျွေးရင် ဝါးပေးတဲ့သူရဲ့ ခံတွင်းမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေဟာ နုနယ်လွန်းတဲ့ ကလေးဆီ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးမွှားဆိုတဲ့အထဲမှာ မြင်ရတဲ့ (ပါးစပ်နားမှာ ပေါက်နေတဲ့)ရေယုန်ကအစ မမြင်ရတဲ့ ခံတွင်းအတွင်းမှာနေနေတဲ့ ပိုးမွှားတွေလည်း ပါပါတယ်။ အဆိုပါမမြင်ရတဲ့ ရောဂါပိုးမွှားတွေကြောင့် လူကြီးကိုယ်တိုင်မှာ ဘာမှ မခံစားရပေမယ့် နုနယ်သေးတဲ့ကလေးမှာတော့ ကူးစက်ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုမယ့်ဇွန်း သို့မဟုတ် ပန်းကန်မသန့်ရှင်းရင်လည်း ပိုးမွှားတွေ ကူးစက်စေနိုင်တာကြောင့် သေချာသန့်စင်ဆေးကြောဖို့ အရေးကြီးကြောင်းလည်း အသိပေးလိုက်ရပါတယ်။

Similar Posts

  • Mixed Feeding ကနေ Exclusive Breastfeeding ကို ဘယ်လိုပြောင်းနိုင်မလဲ

    တကယ်လို့မေမေတွေက မိခင်နို့သက်သက် ပြောင်းတိုက်ဖို့စဉ်းစားနေပြီဆိုရင် ဒါဟာ ဆုံးဖြတ်ချက်အမှန်လို့တောင်ပြောလို့ရပါတယ်။ရင်သွေးလေးတွေရဲ့ ကျန်းမာရေးနဲ့ သူ့ရဲ့ ဖွံ့ဖြိုးကြီးထွားမှု/ဖွံ့ဖြိုးတိုးတက်မှုတွေပိုကောင်းလာမှာပါ။ ကလေးက အဖျားအနာကင်း လာတော့ မိသားစုအနေနဲ့ အစားအစာနဲ့ အခြားအသုံးစရိတ်တွေအတွက်ငွေပိုသုံးလို့ ရတာပေါ့။ မိခင်နို့တိုက်တဲ့အကျိုးကျေးဇူးတွေက ဘယ်လောက်တိုက်လဲဆိုတဲ့အတိုင်းအဆ ပမာဏပေါ် မူတည်နေတယ်။ ကလေးငယ်ကို့မိခင်နို့ပိုတိုက်လေလေ၊ ကလေးအတွက် ပိုအကျိုးရှိလေလေပါဘဲ။ ကဲအခုမေမေတွေအနေနဲ့ ဘာတွေလုပ်နိုင်သလဲ ၁။မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာ (Mixed Feeding) ကနေ မိခင်နို့ချည်းသက်သက်တိုက်ကျွေး တဲ့အဆင့်ကို ဖြေးဖြေးချင်းပြောင်းပါ။ ဒါမှသာ နို့ထွက်များလာပြီး နို့မှုန့်တိုက်ရတာလျော့လာမှာပါ။ ၂။အဲလိုတိုက်တဲ့အခါတိုင်းမှာမေမေတို့အနေနဲ့မိခင်နို့ကိုအရင်တိုက်ပါ။ပြီးမှ နှို့မှုန့်တိုက်ပါ။ ၃။မိခင်နို့ကို နေ့ရောညပါတိုက်ပါ။ ၄။တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၃ နာရီထက်ပိုပြီးမကြာပါစေနဲ့။ မကြာခဏ နို့တိုက်ကျွေး တာက မေမေတို့နို့ထွက်တာကို အားကောင်းစေလိမ့်မယ်။ ၅။အဲဒီလို နို့တိုက်ရင် ၂၄ နာရီအတွင်း မှာ ၃-၄ ကြိမ်ကနေ ၈ ကြိမ်…

  • ဒို့မိသားစုလေးမှာ စျေးဝယ်နည်း

    🛍️ ဒို့မိသားစုလေးမှာ ပစ္စည်းဝယ်ယူနည်းလမ်းညွှန် 🛍️ မိခင်များ၊ မိသားစုများအတွက် အသုံးဝင်သော အာဟာရ၊ နို့တိုက်ကျွေးမှုနှင့် ကျန်းမာရေးပစ္စည်းများကို မိမိအိမ်ကနေ ဝယ်ယူနိုင်ပြီနော်။ ပိုမိုစုံလင်တဲ့ ပစ္စည်းလေးတွေလည်း မကြာခင် ထပ်တပ်သွားဖို့ရှိပါတယ်။​ ဒို့မိသားစုလေးဆိုဒ်ပေါ်မှာ အောက်ပါအဆင့်တိုင်း ဝယ်ယူနိုင်ပါတယ်။ 📝 ဝယ်ယူနည်း (အဆင့် ၅ ဆင့်) 🔹 အဆင့် ၁ — ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ပါ👉 www.dohmeetharsulay.com/shop ကိုနှိပ်ပြီး ဈေးဝယ်စတင်ပါ။ 🔹 အဆင့် ၂ — ပစ္စည်းရွေးပါ👉 သင်ဝယ်ချင်တဲ့ ပစ္စည်းကိုရွေးပြီး Add to Cart (စျေးခြင်းထဲထည့်မည်ထည့်မည်) ကိုနှိပ်ပါ။ 🔹 အဆင့် ၃ — ဈေးခြင်းကိုကြည့်ပါ👉 မိမိရွေးထားတဲ့ပစ္စည်းအားလုံးကိုကြည့်ချင်ရင် View Cart (ဈေးခြင်းကြည့်မည်) ကိုနှိပ်ပါ။…

  • ကလေးကကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ

    ကလေးတစ်ယောက်နဲ့တစ်ယောက်က ပုံစံမတူပဲ ကြီးထွားဖွံ့ဖြိုးလာတတ်ကြပါတယ်။ မွေးစအလေးချိန်၊စောမွေးတာ၊ သတ်မှတ်ရက်အတိုင်း နေ့စေ့လစေ့မွေးတာ၊ ကျန်းမာရေးပြသနာတွေနဲ့၊ မျိုးရိုးဗီဇ စတဲ့အချက်တွေပေါ် မူတည်ပြီးတော့ ကလေးတွေက ပုံစံအမျိုးမျိုးနဲ့ ကြီးထွားကြတယ်။ ကလေးရဲ့ ကြီးထွားမှုအခြေအနေကို ကြီးထားဖွံ့ဖြိုးမှုဇယား (Weight Chart) ကို အသုံးပြုပြီးလေ့လာကြည့်မှသာ သိနိုင်ပါမယ်။ မေမေတွေက ကိုယ့်ကလေး အလေးချိန်ကို တခြားကလေး တွေနဲ့ နှိုင်းယှဉ်ကြည့်လေ့ရှိပြီး၊ မလိုအပ်ဘဲ စိတ်ပူနေတတ်ကြပါတယ်။ မေမေတို့ရဲ့ ရင်သွေးလေးက ‌‌မွေးပြီး ပထမရက် အနည်းငယ်အတွင်းမွေးစကိုယ်အလေးချိန်ရဲ့ (၇% အထိ) ကိုယ်အလေးချိန်ကျနိုင်ပေမယ့်လည်း ၁၀ ရက်မှ ၁၄ ရက်လောက်မှာတော့ကိုယ်အလေးချိန် ပြန်တက်သင့်ပါတယ်။ရင်သွေးလေးက ပထမလအတွင်း ၁ ပေါင် မှ မတက်ရင်တော့ ဆေးခန်းပြသဖို့ လိုပါမယ်။ အကြမ်းဖျင်းအားဖြင့် ‌ပြောရရင် ကလေးမွေးစကနေ (၃) လ လောက်အထိမှာ…

  • |

    စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား

    မေမေတို့ရေ ဒီနေ့တော့ စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား ဆိုတဲ့အကြောင်းလေးရှင်းပြပေးပါမယ်။မျှော်လင့်မထားဘဲရုတ်တရက်ပေါ်ပေါက်လာတဲ့ အခြေအနေတွေမှာ ဖြစ်ရပ်တိုင်းက ဖိစီးမှုတွေနဲ့ အပြည့်လို့ ထင်ရပါတယ်။ဟုတ်ပါတယ် …. မေမေတို့စိတ်ဖိစီးနေတဲ့ အချိန်အခါတွေမှာ နို့ချိုတိုက်ကျွေးတာ ကောင်းပါတယ်။အကြောင်းပြချက်တွေကတော့ ၁။မေမေတို့စိတ်ဖိစီးမှုခံရချိန်မှာ ရင်သွေးငယ်လေးတွေလည်းဘဲ အတူတူ စိတ်ဖိစီးမှု ခံစားရပါတယ်။ မေမေတို့ဘယ်နေရာမှာဘဲရှိရှိ၊ မေမေတို့ဘာပဲလုပ်နေပါစေ၊ နို့တိုက်ကျွေးပြီဆိုတာနဲ့ ကလေးက လုံခြုံစိတ်ချတယ်ဆိုတဲ့ ခံစားမှုကိုရရှိစေမှာပါ။ နို့တိုက်တဲ့အခါ ကလေးကို မေမေတို့အနားမှာ နီးနီးကပ်ကပ်ထားဖို့ပါဘဲ။၂။ပြန်လည်နေရာချထားရတဲ့အချိန်၊ ခရီးသွားလာချိန်တွေမှာ မိခင်နို့တိုက်ကျွေးခြင်းက အာဟာရဓာတ်တွေကောင်းစွာရဖို့နဲ့ ကိုယ်ခံစွမ်းအားတွေကိုရဖို့ ထောက်ပံ့ပေးပါတယ်။၃။မေမေတို့နို့တိုက်တဲ့အခါမှာ မေမေတို့ရဲ့ ခန္ဓာကိုယ်ကနေ CCK (cholecystokinin)ခေါ်တဲ့ ဟော်မုန်းတစ်မျိုးအပါအဝင် ဟော်မုန်းအမြောက်အများထုတ်လုပ်ပေးပါတယ်။ အဲဒီ CCKဟော်မုန်းက မေမေတွေကို အိပ်စက်စေဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ ပြုလုပ်ပေးပါတယ်။ နို့တိုက်မိခင်တွေအနားယူဖို့ ပိုမိုလိုအပ်တာကို မေမေတို့ရဲ့ခန္ဓာကိုယ်က သိပါတယ်။၄။နို့တိုက်ခြင်းက စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ ဘာကြောင့်လဲဆိုရင် မိခင်နို့တိုက်တဲ့အချိန်မှာထွက်လာတဲ့…

  • |

    မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေး

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေးကို မျှဝေပေးပါရစေ… မေမေ့နို့ရည်ကတော့ဘာနဲ့မှ နှိုုင်းယှဉ်လို့မရတာ အသေအချာပါပဲ… မေမေ့ခန္ဓာကိုယ်ကနေ ရင်သွေးလေးအတွက် ထုတ်လုပ်ပေးတဲ့နို့ကို ဘယ်အရာကမှ အတုအပ မလုပ်နိုင်ပါဘူး…. မေမေနို့ရည်မှာ ပါဝင်နေတဲ့အမျိုးအမည်ပေါင်း ၁၀၀၀၀၀ ကျော်ရှိပါတယ်… အဲဒါတွေအားလုံးက ကလေးရဲ့ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေဖို့၊ ကလေးငယ်ဘဝ/လူကြီးဘဝတလျောက်မှာ အကောင်းဆုံးကိုယ်ခံစွမ်းအား ရှိစေဖို့၊ လူကြီးဘဝမှာလည်း ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်… မိခင်နို့တစ်စက်မှာ ကလးငယ်တွေကို ရောဂါပိုးတွေက ကာကွယ်ပေးဖို့ သွေးဖြူဥ ၁,၀၀၀,၀၀၀ ပါရှိတယ်…… ဒါတွေကို ပုံတူကူး ထုတ်လုပ်လို့မရပါဘူး…. ဘယ်အမှတ်အသားနှင့်ဘယ်အမှတ်တံဆိပ်ကမှ မိခင်နို့ရဲ့ တုနှိုင်းမမီတဲ့ စံ ကို မယှဉ်ပြိုင် နိုင်ပါဘူးလို့ပဲ ပြောချင်ပါတယ်…. *သက်ရှိဆဲလ်နဲ့ သက်မဲ့ ဆဲလ်များ* မိခင်နို့က အသက်ရှိတယ်လို့ပြောလို့ရတဲ့ရှင်သန်လှုပ်ရှားနေတဲ့ ဆဲလ်အရှင်တွေနဲ့စုဖွဲ့ထားတယ်… ရင်သွေးငယ်ကို ဘက်တီးရီးယားပိုးတွေတိုက်ခိုက်ခြင်းကနေကာကွယ်ဖို့…

  • |

    မိခင်နို့နှင့် အခြားအရာများရောနှောကျွေးမွေးခြင်း Mixed feeding

    ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရော‌နှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရော‌နှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား… ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်… fb://photo/1503231806678606?set=a.983193882015737&sfnsn=mo ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့…

Leave a Reply

Your email address will not be published. Required fields are marked *