နို့ပိုထွက်အောင် ရင်သားတွေကို ဘယ်လိုနှိပ်နယ်ရမလဲ
နို့ပိုထွက်အောင်နဲ့ နို့ရည်စီးဆင်းမှုကောင်းအောင် ရင်သားတွေကို နှိပ်ပေးရမယ့်နည်းလမ်းလေးကို မင်မင် မေမေဆရာမတစ်ယောက်က ပြပေးထားပါတယ်။ လိုက်လုပ်ပြီး လေ့ကျင့်ကြည့်ပါနော်။
နို့ပိုထွက်အောင်နဲ့ နို့ရည်စီးဆင်းမှုကောင်းအောင် ရင်သားတွေကို နှိပ်ပေးရမယ့်နည်းလမ်းလေးကို မင်မင် မေမေဆရာမတစ်ယောက်က ပြပေးထားပါတယ်။ လိုက်လုပ်ပြီး လေ့ကျင့်ကြည့်ပါနော်။
မေမေတို့ရေ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ… တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာသားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်… ကလေးငယ်လေးတွေ ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကာကွယ်ဆေးအနေနဲ့အကျိုးကျေးဇူးတွေ ရှိစေပြီး ကလေးတွေကို ရောဂါ အန္တရာယ်တွေကနေ အကာအကွယ်တွေ ပေးပါတယ်…. နို့ဦးရည်ကအန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ကလေးခန္ဓာကိုယ် ထဲကို ၀င်ရောက်တာကို ကလေးရဲ့အူလမ်းကြောင်းထဲမှာ တားဆီးကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေမှာအစာအိမ်က သေးသေးလေးပဲ ရှိနေသေးပြီးတော့ သူတို့ဗိုက်ဝဖို့ဆို နို့ဦးရေ နည်းနည်းလေးပဲ လိုအပ်ပါတယ်…. မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေတိုက်ကျွေးမိတဲ့အခါမှာအဲဒီကာကွယ်ပေးမှုတွေက လျော့သွားပြီး ကလေးတွေမှာ ဝမ်းလျှောတာတွေ၊ ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်တာတွေ၊ဦးနှောက် အမြေးရောင်တာတွေ ဖြစ်စေနိုင်ပါတယ်… နို့ဦးရေထဲမှာ…
ဒီမေးခွန်းလေးကလည်း မေမေအသစ်တွေ သိချင်နေတတ်တဲ့ မေးခွန်းလေးပဲဖြစ်မှာပါ။ ပထမ ရက်သတ္တပတ်အတွင်းမှာတော့ မေမေတို့နဲ့ ရင်သွေးလေးတွေက မိခင်နို့တိုက်ကျွေးတာနဲ့ ပတ်သက်လို့ အကျွမ်းတဝင်ဖြစ်စေဖို့ သင်ယူနေချိန် ဖြစ်တာရယ်၊ မေမေ့ရင်သားတွက နို့ချိုတွေထုတ်ပေးဖို့ ပြင်ဆင်ပြောင်းလဲနေတာရယ် စတာတွေကြောင့် တင်းတာတွေ၊ နာတာတွေနဲ့ ရောင်ရမ်းတာတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် မေမေနဲ့ကလေးက အတူတကွလေ့လာသင်ယူကြရင်း ပိုပိုပြီး အဆင်ပြေလာပါမယ်။ မေမေတို့ကို နာကျင်စေမှု ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ ကလေးကို ထွေးပွေ့တဲ့ အနေအထားမမှန်တာနဲ့ နို့တိုက်တဲ့အနေအထား မမှန်ကန်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ ရင်သွေးငယ်လေးတွေ မေမေ့ဆီကို ဘယ်လို နီးကပ်အောင်၊ နို့ငုံကောင်းအောင် ထွေးပွေ့မယ်ဆိုတာနဲ့ သက်သောင့်သက်သာရှိနိုင်မယ့် နို့တိုက်နည်းပုံစံတွေကို လေ့လာသင်ယူသင့်ပါတယ်။ ကလေးကို ခဏခဏ နို့မတိုက်ရင်လည်း မေမေတို့နို့တွေက တင်းမာလာပြီး နာကျင်မှုကို ခံစားရတတ်ပါတယ်။ နို့ငုံကောင်းစေမယ့်…
Video Credit: Global Health Media Project
စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာ ကျေနပ်မှုမရနိုင်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေ နို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏက သွေးထဲမှာ တိုးပွားလာတာ တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။…
ဖေဖေ မေမေတို့ရေ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုတာကလေးကမိခင်နို့တစ်မျိုးတည်း ရရှိသောက်သုံးတာကို ဆိုလိုပါတယ်။ တခြား အရည်တွေတခြားအစားအစာတွေ မပါပါဘူး။ ရေတောင် မပါရပါဘူး။ ဒါပေမယ့် လိုအပ်လို့ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားထားတဲ့အခါ ဓာတ်ဆားရည်၊ အားဆေးနဲ့ တခြားဆေးရည်တွေတော့တိုက်လို့ရပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက် ပထမဆုံး (၆) လ အတွင်းမှာ လိုအပ်တဲ့ ရေနဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ မိခင်နို့တစ်ကြိမ်တိုက်ကျွေးတိုင်း အစောပိုင်း ထွက်လာတဲ့ နို့ရည်မှာ ရေဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေ ရေဆာမှာပဲလို့ မေမေတို့ထင်ရင်ကလေးကိုနို့သာတိုက်လိုက်ပါနော်။ ကလေးတွေ ရေဆာပြေတဲ့အပြင် ရောဂါကာကွယ်နိုင်စွမ်း လည်းတိုးလာမယ်။ ကလေးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဟာ ပထမ (၆) လ မှာ ရေသောက်ဖို့မလိုအပ်ပါဘူး။ မြန်မာနိုင်ငံလို ပူပြင်းတဲ့ဒေသမှာတောင် မလိုအပ်ပါဘူးနော်။ ဒါကြောင့် ကလေးရေဆာတယ်ထင်ရင်…