ကျန်းမာသောမိခင်၊ ကျန်းမာသောရင်သွေး
မေမေတို့အတွက် မြန်မာ့အစားအစာတွေကိုအခြေခံတဲ့ အာဟာရသင်တန်းလေးဖြစ်ပါတယ်။
မေမေတို့ မင်္ဂလာပါရှင်။ မိခင်တစ်ယောက်ဖြစ်လာဖို့ ခရီးလမ်းဟာ စိတ်လှုပ်ရှားစရာကောင်းသလို မေးခွန်းတွေ၊ စိုးရိမ်မှုတွေနဲ့လည်း ပြည့်နှက်နေတတ်ပါတယ်။ “ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေစားရမလဲ၊ ဘာတွေရှောင်ရမလဲ”၊ “ကလေးအတွက် အာဟာရပြည့်ဝရဲ့လား” ဆိုတဲ့ အတွေးတွေဟာ မေမေတိုင်း ကြုံတွေ့ရလေ့ရှိပါတယ်။
ဒီသင်တန်းလေးကတော့ ကိုယ်ဝန်ဆောင်ချိန်ကနေ ကလေးနို့တိုက်နေတဲ့ အချိန်အတွင်း မေမေတို့အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်စေမှာပါ။ ရှုပ်ထွေးတဲ့ ဆေးပညာအသုံးအနှုန်းတွေအစား၊ နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတွေ၊ မြန်မာ့အစားအစာတွေနဲ့ ဥပမာပေးထားတဲ့အတွက် သင်ယူရတာ ပျော်စရာကောင်းပြီး အကျိုးရှိစေမှာ သေချာပါတယ်။
ဒီသင်တန်းပြီးရင် ဘာတွေတတ်သွားမလဲ။
- ‘ရွှေရောင်ရက်ပေါင်း (၁၀၀၀)’ ရဲ့ လျှို့ဝှက်ချက်: သင့်ကလေးရဲ့ ဘဝတစ်သက်တာ ကျန်းမာရေးနဲ့ ဉာဏ်ရည်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဒီကာလမှာ အာဟာရက ဘယ်လောက်အရေးပါလဲဆိုတာကို နားလည်သွားမှာပါ။
- ကိုယ်ဝန်ဆောင်ချိန် အဆင့်ဆင့်ကို ပိုင်နိုင်ခြင်း: ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ခန္ဓာကိုယ် ဘယ်လိုပြောင်းလဲလာလဲ၊ သင့်ရင်သွေးလေး ဘယ်လိုဖွံ့ဖြိုးလာလဲဆိုတာကို အဆင့်ဆင့် သိရှိနားလည်လာပြီး ယုံကြည်မှုရှိရှိနဲ့ ဒီခရီးကို ဖြတ်သန်းနိုင်မှာပါ။
- ဘာစားရမလဲ မပူရတော့ဘူး: နေ့တိုင်း ဘာတွေစားရမလဲ မစဉ်းစားရတော့အောင် အာဟာရပြည့်ဝတဲ့ မြန်မာ့အစာအုပ်စု (၆) စုအကြောင်းကို ပိုင်ပိုင်နိုင်နိုင် သိသွားမှာပါ။
- ကိုယ်တိုင် Meal Plan ဆွဲတတ်လာမယ်: Food Atlas နဲ့ Food Exchange List ကိုသုံးပြီး ကိုယ်တိုင်ချက်ပြုတ်ရတာ ပျော်စရာကောင်းတဲ့၊ အရသာလည်းရှိ၊ အာဟာရလည်းပြည့်တဲ့ ထမင်းဝိုင်းလေးတွေကို ဘယ်လိုဖန်တီးရမလဲဆိုတာ သင်ယူရမှာပါ။
- အယူအဆမှားတွေကို ဖြေရှင်းနိုင်မယ်: လူကြီးတွေပြောတဲ့ ‘ဒါမစားရဘူး၊ ဟိုဟာမစားရဘူး’ ဆိုတဲ့ အယူအဆမှားတွေကို ဘေးဖယ်ပြီး ကိုယ့်ကလေးအတွက် အကောင်းဆုံးဖြစ်မယ့် သိပ္ပံနည်းကျ အချက်အလက်တွေကို ယုံကြည်မှုရှိရှိ ရွေးချယ်နိုင်လာမှာပါ။
- ကျန်းမာတဲ့ အလေ့အကျင့်ကောင်းတွေ: အာဟာရအပြင် ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ ကောင်းကောင်းအိပ်စက်ခြင်းတို့ရဲ့ အရေးပါပုံကိုလည်း သိရှိသွားမှာပါ။
ဘယ်သူတွေ တက်သင့်သလဲ။
ဒီသင်တန်းလေးကတော့…
- ရင်သွေးလေးယူဖို့ စဉ်းစားနေတဲ့ ဇနီးမောင်နှံတွေ၊
- မေမေလောင်းတို့၊
- နို့တိုက်မေမေတို့၊
- ပြီးတော့ မြေးလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်တဲ့ ဘိုးဘိုးဘွားဘွားတွေနဲ့ ဖေဖေတို့အားလုံး တက်ရောက်နိုင်ပါတယ်။
ကဲ… သင့်ရင်သွေးလေးရဲ့ အကောင်းဆုံးအနာဂတ်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဒီခရီးကို ကျွန်မတို့နဲ့အတူတူ စတင်လိုက်ကြရအောင်။
မေမေတို့ကျန်းမာပြီး အာဟာရပြည့်မှ ဘေဘီလေးတွေကို ကောင်းကောင်းပြုစုစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။
သင်တန်းမှာ ဘယ်သူတွေက သင်ပေးမှာလဲ
ဒီသင်တန်းကို ဒို့မိသားစုလေးက ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်းနဲ့ ဆရာကိုစိုးညီညီတို့က အတူတူ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။
🗓 သင်တန်းရက်စွဲ – ၂၁ – ၂၂ မတ်လ ၂၀၂၆
🕒 သင်တန်းအချိန် – ည ၇ နာရီ မှ ၉ နာရီ (တစ်ရက် ၂ နာရီ၊ စုစုပေါင်း ၄ နာရီ)
🌐 သင်တန်းနေရာ – Zoom Meeting Platform
📲 စာရင်းပေးသွင်းရန် – ဤ Page တွင် Buy Ticket ကိုနှိပ်၍ သင်တန်းစာရင်း ပေးသွင်းနိုင်ပါသည်။
ဒို့မိသားစုလေး Facebook Page Messenger ကိုဆက်သွယ်၍ သတ်မှတ် သင်တန်းကြေးပေးဆောင်ပြီးပါက (၂၄) နာရီအတွင်း Booking Approve ဖြစ်ပါမည်။ Messenger ကို လာဖို့ အခက်အခဲရှိပါက Viber နံပါတ် 09452115449 ကိုလည်း ဆက်သွယ်လို့ရပါသည်။