အောင်မြင်စွာမိခင်နို့တိုက်ကျွေးနည်းသင်တန်း

44,500 Ks

ကလေးမီးဖွားပြီးရင် မိခင်နို့ပဲတိုက်ကျွေးမယ်လို့ ဆုံးဖြတ်ထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ လက်ရှိ ကလေးအသက် (၆) လအောက် မိခင်နို့တိုက်နေဆဲ မိခင်တွေ၊​ ကိုယ်ဝန်ဆောင်သည်/ နို့တိုက်မိခင်ကို မိခင်နို့အောင်အောင်မြင်မြင်တိုက်ကျွေးနိုင်အောင် ကူညီပေးချင်တဲ့ ဖခင်တွေ၊ ဖွားဖွားဖိုးဖိုးတွေ၊ အခြားမိသားစုဝင်တွေအတွက် မဖြစ်မနေတက်သည့်တဲ့ သင်တန်းလေးတစ်ခုဖြစ်ပါတယ်။​

Description

ကလေးမီးဖွားပြီးရင် မိခင်နို့ပဲတိုက်ကျွေးမယ်လို့ ဆုံးဖြတ်ထားတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ လက်ရှိ ကလေးအသက် (၆) လအောက် မိခင်နို့တိုက်နေဆဲ မိခင်တွေ၊​ ကိုယ်ဝန်ဆောင်သည်/ နို့တိုက်မိခင်ကို မိခင်နို့အောင်အောင်မြင်မြင်တိုက်ကျွေးနိုင်အောင် ကူညီပေးချင်တဲ့ ဖခင်တွေ၊ ဖွားဖွားဖိုးဖိုးတွေ၊ အခြားမိသားစုဝင်တွေအတွက် မဖြစ်မနေတက်သည့်တဲ့ သင်တန်းလေးတစ်ခုဖြစ်ပါတယ်။​

ဒီသင်တန်းလေးကို စီစဥ်ရတဲ့ ရည်ရွယ်ချက်က မိခင်တွေ၊ မိသားစုတွေအနေနဲ့ မိိခင်နို့တိုက်ကျွေးခြင်းကို လွယ်လွယ်နဲ့ ပေါ့ပေါ့ပဲ သဘောထားတတ်ကြပါတယ်။ အမှန်တကယ်တော့ မိခင်နို့ကို စနစ်တကျနဲ့တိုက်နိုင်ဖို့ဆိုတာ ထင်ထားသလောက်မလွယ်ကူပါဘူး။ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို ရရှိထားပြီး၊​ လိုအပ်တဲ့ အကူအညီတွေကို ရရှိနိုင်မှသာ မိခင်နို့တိုက်တာက ပျော်ရွှင်စရာကောင်းပြီး၊ အခက်အခဲမရှိတဲ့ အတွေ့အကြုံကောင်းလေးတစ်ခု ဖြစ်လာမှာပါ။

မိခင်နို့တိုက်ကျွေးခြင်းအကြောင်းကို ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက သေချာလေ့လာထားဖို့လိုအပ်ပါတယ်။​ လက်ရှိ မိခင်တော်တော်များများမှာတွေ့ရတာက ကလေးမီးဖွားပြီး နို့တိုက်မယ်ဆိုမှ ဘယ်ကစလို့စရမယ် မသိပဲ၊​ မိသားစုဝင်တွေ၊​ ဆရာ/ ဆရာမတွေကလည်း ဝိုင်းပြီးအမျိုးမျိုးပြောကြရင်းနဲ့ စိတ်ညစ်ရ၊ နာကျင်ရ၊ နောက်ဆုံး နို့မှနု့်မတိုက်ချင်ပေမယ့် တိုက်လိုက်ရတာတွေပါ။ ဒီလိုအဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် ဒီသင်တန်းလေးကို စီစဥ်ထားရတာဖြစ်ပါတယ်။​ ပြောရမယ်ဆိုရင် မြန်မာမိသားစုတွေအတွက် ဒီသင်တန်းမျိုးကို ဒို့မိသားစုလေးမှာပဲ​ ရရှိနိုင်ဦးမှာဖြစ်ပါတယ်။​ အခြားဘယ်မှာမှ မရနိုင်သေးပါဘူး။ ဒါကြောင့် ဒီသင်တန်းလေးကို မဖြစ်မနေ တက်ကြဖို့တိုက်တွန်းအားပေးပါရစေ။

ရေရှည်ရပ်တည်နိုင်အောင်နဲ့ နောက်ကွယ်က ကုန်ကျစရိတ်လေးတွေ ကာမိအောင် သင်တန်းကြေးလေးတော့ ကောက်ခံပါရစေ။​ ပြောရမယ်ဆိုရင် သင်တန်းကြေးကလည်း နို့မှုန့်ဘူး တစ်ဘူးစာတောင်မရှိပါဘူး။ ဒါ့ပေမယ့် ပြန်ရမယ့် အကျိုးကျေးဇူးတွေက မိခင်၊​ ကလေးနဲ့ မိသားစုအတွက် တန်ဖိုးဖြတ်မရနိုင်လောက်အောင်ပါပဲ။ သင်တန်းကြေးအတွက် အခက်အခဲရှိတယ်ဆိုရင်လည်း Facebook Page Messenger မှာ လာပြောလို့ရပါတယ်။​ အားလုံးအတွက် အဆင်ပြေအောင် ကြိုးစားပေးပါမယ်။​

သင်တန်းအကြောင်း အန်တီသဲလ်မာက အောက်က ဗွီဒီယိုလေးထဲမှာ ပြောပြထားပါတယ်။​

သင်တန်းမှာပါဝင်မယ့် အကြောင်းအရာ ခေါင်းစဥ်တွေကတော့

  • သင်တန်းမိတ်ဆက်
  • မိခင်နို့တိုက်ကျွေးခြင်းအကျိုးကျေးဇူးများ
  • မိခင်နို့နှင့် ဖော်မြူလာ နှိုင်းယှဥ်လေ့လာခြင်း
  • မိခင်ရဲ့ ခန္ဓာကိုယ်ကနေ မိခင်နို့ရည် ဘယ်လိုဖြစ်ပေါ်လာသလဲ
  • အနေအထားမှန်ကန်စွာဖြင့် မိခင်နို့ စနစ်ကျတိုက်ကျွေးခြင်း
  • မီးဖွားချိိိန်နှင့် မီးဖွားပြီးချိန်တို့တွင် မိခင်နို့တိုက်ကျွေးခြင်း
  • ကလေးမွေးဖွားပြီး ပထမတစ်ပါတ်အတွင်း မိခင်နို့တိုက်ကျွေးခြင်း
  • အထူးအခြေအနေများတွင် မိခင်နို့တိုက်ကျွေးခြင်း
  • လုပ်ငန်းခွင်ပြန်ဝင်ရမည့် မိခင်များအတွက် အကြံပြုချက်များ
  • မိခင်နို့တိုက်ကျွေးခြင်းနှင့်ပါတ်သက်သည့် အမေးများဆုံးမေးခွန်းများ

စတာတွေပဲဖြစ်ပါတယ်။​

ဒါကတော့ သင်တန်းကိုဘယ်လိုတက်ရမလဲ​ဆိုတဲ့ ဗွီဒီယီုလေးပါ။​

Reviews

There are no reviews yet.

Be the first to review “အောင်မြင်စွာမိခင်နို့တိုက်ကျွေးနည်းသင်တန်း”

Your email address will not be published. Required fields are marked *

မင်မင်

အမြန်ဆုံးစာပြန်ပေးပါမယ်ရှင့်...

မင်္ဂလာပါရှင့်... ဒို့မိသားစုလေးကို Viber Chat ကနေ ဆက်သွယ်လို့ရပါတယ်ရှင့်...

Powered by WpChatPlugins