fbpx

သင်တန်းများ

အားလုံးပဲ ဒို့မိသားစုလေးရဲ့ သင်တန်းစာမျက်နှာလေးကနေ ကြိုဆိုပါတယ်။​​​ ဒီစာမျက်နှာမှာ မိသားစုတွေအတွက် အမှန်တကယ်ကို အသုံးဝင်၊ အကျိုးများစေမယ့် သင်တန်းလေးတွေကို တင်ပေးသွားမှာဖြစ်ပါတယ်။​

ဒို့မိသားစုလေးကနေ သင်တန်းတွေကို Self-paced Course နှင့် Live Courses ဆိုပြီး နှစ်မျိုးနဲ့ ပြုလုပ်ပေးလျှက်ရှိပါတယ်။

Self-paced Course ဆိုတာဘာလဲ

Self-paced Course ဆိုတာက သင်တန်းတစ်ခုကို သင်ကြားသင်ယူတဲ့သူတွေဟာ ကိုယ့်အချိန်အလိုက်၊ ကိုယ့်စိတ်ကြိုက် တက်ရောက်နိုင်တဲ့ သင်တန်းများကို ဆိုလိုပါတယ်။

ပုံမှန်သင်တန်းတွေလို အချိန်ကြိုတင်သတ်မှတ်ထားပြီး အချိန်မီတက်ရောက်ရမယ့် သင်တန်းမျိုးမဟုတ်ဘဲ သင်နဲ့ လေ့လာသူဟာ သူတို့အချိန်တွေအတိုင်း စိတ်ကြိုက်ပေါင်းစပ်ပြီး သင်ယူလို့ရပါတယ်။ သင်ကြာချိန်၊ စရောက်မည့်နေ့နဲ့ အချိန်တွေကို သီးခြားသတ်မှတ်ဖို့မလိုဘဲ ကိုယ့်စိတ်ကြိုက်စီမံနိုင်တာကြောင့် လွတ်လပ်မှုရှိပါတယ်။ ဒို့မိသားစုလေးရဲ့ Self-Paced Course တွေကို ဒီနေရာမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။

Live Course ဆိုတာဘာလဲ

Live Course ဆိုတာက သတ်မှတ်ထားတဲ့အချိန်အတိအကျမှာ သင်တန်းဆရာတစ်ဦးက ပင်ကိုင်သင်ကြားပေးတဲ့ သင်တန်းကို ခေါ်ဆိုပါတယ်။ သင်တန်းကိုတက်ရောက်နေသူတွေနဲ့ သင်တန်းဆရာဟာ အချိန်တူတူ တက်ရောက်ရမှာဖြစ်တယ်။

Live Course တွေမှာ

  • သင်တန်းဆရာနဲ့ တိုက်ရိုက်မေးမြန်းနိုင်တယ်။
  • အချိန်မှာတစ်ပြိုင်နက်တည်း တက်ရောက်နေတဲ့ သူတွေက သင်ကြားနေချိန်မှာ တုံ့ပြန်ချက်တွေ ရနိုင်တယ်။
  • အချိန်ကိုက် တက်ရောက်ဖို့ လိုအပ်တယ်။

Live Course တွေက တက်ရောက်သူနဲ့ သင်ကြားသူ အချိန်တူတူ ရှိနေပြီး Interactive ဖြစ်လို့ သင်ကြားမှုပိုမိုထိရောက်ပါတယ်။ ဒို့မိသားစုလေးရဲ့ Live Course တွေက Zoom Application ကနေ ပို့ချပေးနေတာဖြစ်ပါတယ်။ ဒို့မိသားစုလေးရဲ့ Live Course တွေကို ဒီနေရာမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။

သင်တန်းကြေးတွကဘယ်လိုကောက်ခံမှာလဲ

ဒို့မိသားစုလေးရဲ့ သင်တန်းတွေမှာ အခမဲ့ (Free) နဲ့ အခ‌ပေး (Premium) ဆိုပြီး ပြုလုပ်ပေးထားပါတယ်။ သင်တန်းတွေအားလုံးကို အခမဲ့ ပို့ချပေးချင်ပေမယ့် ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တန်းကြေးကောက်ခံရခြင်းဖြစ်ပါတယ်။​ မကြာခဏဆိုသလို သင်တန်းလျှော့စျေး (Discount) တွေပေးသွားဖို့လည်းရှိပါတယ်။

ဒါပေမယ့် ဒို့မိသားစုလေးက ငွေကြီးအကျိုးအမြတ်ထက် မိသားစုတွေကျန်းမာပျော်ရွှင်ဖို့အဓိက အရေးထားတာကြောင့် အကယ်၍ ကိုယ့်အနေနဲ့ သတ်မှတ်ထားတဲ့ သင်တန်းကြေးကို ပေးဖို့ အခက်အခဲရှိတယ်ဆိုရင် Facebook Page Messenger မှာ အကျိုးအကြောင်း လာပြောပြလို့ရပါတယ်။​

သင်တန်းနဲ့ပါတ်သက်တဲ့ အကြံပြုချက်တွေကိုလည်း အမြဲပဲ ကျေးဇူးတင်စွာနဲ့ ကြိုဆိုနေပါတယ်။