ကလေးတွေအတွက် BMI ဆိုတာဘာလဲ၊ ရလဒ်ကို ဘယ်လိုနားလည်ရမလဲ။
📏 BMI (Body Mass Index – ခန္ဓာကိုယ်အရွယ်အစားညှိနှိုင်းချက်) ဆိုတာက ကလေးရဲ့ အရပ်အမြင့်နဲ့ အလေးချိန်ကို အသက်အလိုက် တခြားကလေးတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကျန်းမာရေးအခြေအနေကို ခန့်မှန်းဖော်ထုတ်တဲ့နည်းတစ်ခုပါ။
👧👦 ဘယ်လိုတွက်လဲ။
ကလေးရဲ့ အရပ်နဲ့ အလေးချိန်ကို အသက်၊ လိင်အလိုက် စစ်ဆေးပြီး BMI စံသတ်မှတ်ဇယားပေါ်မှာ တင်တွက်ပါတယ်။ ဒီစံဇယားက ရာခိုင်နှုန်းအဆင့် (percentile) ကိုပြပေးပါတယ်။
📊 Percentile (တစ်ရာခိုင်နှုန်းအဆင့်) ကိုဘယ်လိုဖတ်မလဲ။
- 🟢 5 မှ 85 ကြား – ပုံမှန်အလေးချိန်/ ကျန်းမာရေးနှင့်ညီညွတ်သည်။
- 🔵 5 ထက်နိမ့် – ရှိသင့်သော ကိုယ်မလေးချိိန်ထက်နည်းနေသည်/ ပိန်နေသည်။
- 🟠 85 မှ 95 ကြား – ရှိသင့်သော ကိုယ်မလေးချိိန်ထက်များနေသည်/ ဝနေသည်။ ကောင်းမွန်စွာ မထိန်းသိမ်းပါက အဝလွန်ရောအဆင့်အထိ ပိုဆိုးသွားတတ်သည်။
- 🔴 95 ထက်မြင့် – အဝလွန်ရောဂါအဆင့်ဖြစ်သည်။ ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့် ချက်ချင်းတိုင်ပင်၍ အစားအသောက်နှင့် အနေအထိုင်အမူအကျင့် ပြောင်းလဲမှုများ၊ လိုအပ်သည့်ကျန်းမာရေးကုသမှုများ လိုအပ်နိုင်သည်။
💡 BMI ရလဒ်က ရောဂါမဖော်ပြပေမယ့် သတိပြုဖို့အရေးကြီးတဲ့အချက်ပါ။ ကလေးရဲ့ BMI က ပုံမှန်အတိုင်းမဟုတ်ဘူးဆိုရင် ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်နဲ့ တိုင်ပင်ကြည့်ဖို့အကြံပြုပါတယ်။
👨👩👧👦 ကလေးတိုင်းမှာ ကြီးထွားတဲ့အတိုင်းအတာက မတူကြပါဘူး။ ဒါကြောင့် ထူးခြားတာရှိတယ်လို့ တွေ့ရင် စောစောစီးစီး သိရှိနိုင်ဖို့ အရေးကြီးပါတယ်။
#ကလေးကျန်းမာရေး #အာဟာရနဲ့ကြီးထွားမှု #ChildBMI #ဝလားပိန်လားစစ်ကြမယ်