ခေါင်းစဉ်: BMI တွက်စက်


Body Mass Index (BMI) ဆိုတာ သင့်ရဲ့အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်ကို တိုင်းတာပြီး သင့်ကျန်းမာရေးအတွက် ကိုယ်အလေးချိန်က သင့်တော်ရဲ့လားဆိုတာကို တွက်ချက်ပေးတဲ့ ညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်။

လူကြီးတွေရဲ့ BMI ကို အရပ်နဲ့ ကိုယ်အလေးချိန်အတိုင်းအတာတွေ သိရှိရုံနဲ့ တွက်ချက်နိုင်ပေမယ့်၊ ကလေးနဲ့ ဆယ်ကျော်သက်တွေအတွက်တော့ သူတို့ရဲ့ အသက်နဲ့ ကျား/မ ကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လူကြီးနဲ့ ကလေးအတွက် တွက်စက်ကို သီးသန့်ခွဲခြားပေးထားပါတယ်။

သင့်အတွက် သင့်တော်ကိုက်ညီတဲ့ တွက်စက်ကို အောက်မှာ ရွေးချယ်ပြီး BMI ကို စစ်ဆေးနိုင်ပါပြီ။ သက်ဆိုင်ရာ ခေါင်းစဥ်ကိုနှိပ်ပြီးတွက်ကြည့်လို့ရပါတယ်။​