ဒို့မိသားစုလေးအဖွဲ့မှ ပြုလုပ်ပေးမည့် သင်တန်းအစီစဥ်များကို အောက်တွင်ဖော်ပြပေးထားပါသည်။ သင်တန်းခေါင်းစဥ်၊ နေ့ရက်နှင့် အချိန်တို့ကို အထူးဂရုစိုက် ရွေးချယ်ပေးပါ။
No Events
Padamya Thwe2024-07-01recommendsTrustindex verifies that the original source of the review is Facebook. မေမေတို့ရေ မိခင်နို့တိုက်ခြင်းနဲ့ ပတ်သတ်ပြီး 6 လ ထိ မိခင်နို့ တမျိုးထဲ တိုက်နိုင်ခဲ့တဲ့ အတွက် ဝမ်းသာဂုဏ်ယူ စွာမျှဝေ လိုက်ပါတယ်နော် ❤️ ပထမ ဆုံး ပြောပြချင်တာ ကျမက ပထမ သမီးကြီးလေးမှာ မိခင်နို့ အပြည့်အဝ မတိုက်နိုင်ခဲ့ပဲ မွေးစကတည်းက formula ကူခဲ့ရတဲ့ မေမေပါ ပါတ်ဝန်းကျင်က နင်နို့ မထွက်ဘူး ကလေးက ဒီလောက် ငိုနေတာ နို့မှုန့်ကူမှ ရမှာ ဆိုတဲ့ စကားတွေကြား ရုန်းမထွက်ပဲ formula ကူခဲ့ရလို့ နှစ်အတော်ကြာ trauma ရခဲ့ရတဲ့မေမေပါ 🥲 မိခင်နို့ အကြောင်းပြောတိုင်း သမီး 7 နှစ်ထိ နောင်တရပြီး အမြဲ ငိုခဲ့ရတဲ့ မေမေပေါ့ သမီးငယ်လေ ကိုယ်ဝန်ရှိလာတော့ ကျမ အပြင်းပြဆုံး ဆန္ဒက မိခင်နို့တမျိုးတည်း 6 လ ထိ တိုက်ခွင့်ရဖို့ပါ အစားစုံအောင်စား မိခင်နို့ပဲ တိုက်ဖို့အတွက် ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံး လေ့လာ မှတ်သားခဲ့ပါတယ် ဒါမယ့် မွေးလာတဲ့ အချိန်မှာ ဆေးရုံက မွေးမွေးခြင်းနေ့မှာပဲ ကျမ နို့မထွက်ဘူး နို့ဗူးကူရမယ် ဆိုပြီး ပြောလာပါတယ် ကျမ လက်မခံခဲ့ဘူး အတင်းငြင်းပြီး ကြိုးစားခဲ့ပင်မယ့် ကျမက ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ မွေးထားတဲ့ ကလေးမို့ ကလေးအချိုဓါတ်ကျသွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်လျော့ခဲ့ရပါတယ် ဒါမယ် မိခင်နို့ကို 3နာရီ ခြားတခါ နေရောညပါတိုက်ဖြစ်အောင်တိုက်ပါတယ် တနေ့ 2 ကြိမ် formula 1oz ကူရင်းပေါ့လေ ဒီလိုနဲ့ ဆေးရုံက ဆင်းပြီး နောက်ရက်မှာပဲ ဒို့မိသားစုလေး - Dohmeetharsulay page ကတဆင့် အန်တီနဲ့ appointment ယူခဲ့ပါတယ် အန်တီနဲ့ တွေ့ရတာ ဘာမှ မလုပ်ခင် ရောဂါတဝက်သက်သာတယ် ဆိုသလိုပါပဲ အန်တီ့ စကားတွေဟာ အများကြီး အားဖြစ်စေပါတယ် အန်တီနဲ့ ပြတဲ့နေ့မှာပဲ formula ကို လုံးဝ ဖြတ်ပြီး မိခင်နို့ တမျိုးတည်း အပြည့်အဝ တိုက်နိုင်ခဲ့ပါတယ် နှစ်များစွာ နို့ နဲ့ပါတ်သတ်ပြီး trauma ရခဲ့သူမို့ ကလေးဂျီကျတိုင်း ကလေးမအိပ်လို ငိုတိုင်း နို့ထွက်နည်းပြီဆိုပြီး admin အစ်မ ကို အပူကပ်ပြီး messenger ကနေ တချိန်လုံးမေး အန်တီနဲ့ appointment တွေ ထပ်ယူ ထပ်တွေ့ပြီးရင် အဆင်ပြေသွားပြန်ရော 😁 အခုတော့ 6 လကျော်လို့ 7 လထဲရောက်ပြီး ဖြည့်စွက်စာလည်း အန်တီ့ နည်းအတိုင်းကျွေးနေပါပြီ စကျွေးကတည်းက တရက်မှ မငြင်းပဲ ကုန်အောင် စားတဲ့ ကလေးလေး ပါ 😍 စာလည်း အတော်ရှည်သွားပြီမို့ ဒီလောက်နဲ့ ရပ်ပါတော့မယ် အန်တီသဲလ်မာ နဲ့ page က admin မမ တွေကို အထူးကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေရှင့်❤️❤️❤️ Hanthi Tun Naing2024-06-24recommendsTrustindex verifies that the original source of the review is Facebook. သားဦးလေးမွေးပြီးတော့နို့ထွက်နည်းတာနဲ့ စိတ်ဖိစီးမှုများခဲ့ရပါတယ်။ ကလေးကလည်းတချိန်လုံးနို့တောင်းနေတာရယ် ညလဲတစ်ညလုံးနို့တောင်းပြီးမအိပ်တာကြောင့် အိပ်ရေးလဲပျက်၊စိတ်ဓာတ်လဲကျပါတယ်။ အမေနို့တစ်မျိုးပဲ ၆လတိုက်ဖို့ဆိုတာ ကျွန်မအတွက်မဖြစ်နိုင်တဲ့အခြေအနေပါ။တစ်ယောက်ထဲထွက်သွားချင်တဲ့စိတ်တောင်ဖြစ်မိပါတယ်။ သူငယ်ချင်းကလေးအမေတစ်ယောက်က ညွှန်းလို့ ဒီ page လေးကိုသိခဲ့တာပါ။ သူ့တုန်းကကော သူ့ညီမပါ အန်တီသယ်မာနဲ့တိုင်ပင်ပြီး မိခင်နို့တိုက်နိုင်ခဲ့တာမို့၊ကျွန်မကိုဆက်သွယ်ဖို့အကြံပေးပါတယ်။ အန်တီနဲ့စတွေ့ကတည်းကအမေနို့တိုက်နိုင်အောင်စိတ်ပိုင်းဆိုင်ရာခွန်အားပေးပြီး နည်းလမ်းများအသေးစိတ်စဉ်းစားပြီးအကြံပေးခဲ့ပါတယ်။ အန်တီရဲ့ team ကအမတွေကလဲမေးထားသမျှဖြေပေးခဲ့တာကြောင့် ပထမအကြိမ်တွေ့ပြီးချိန်မှာပဲအတော်အဆင်ပြေလာခဲ့ပါတယ်။ အလုပ်ပြန်လုပ်ရတော့မယ်ဆိုတော့လဲ နို့ညစ်ပြီးတိုက်ဖို့အတွက်စက်နဲ့ဘယ်လိုညစ်ရမလဲ ဘယ်အချိန်နို့စစုရမလဲ သေချာပြောပေးတာကြောင့် ခုဆို သားသားက ၆လပြည့်ခဲ့ပါပြီ။ အမေနို့တမျိုးထဲနဲ့နွေရာသီကိုကျော်ဖြတ်ရတာလဲ စိတ်လှုပ်ရှားရပါတယ်။မီးပျက်တာရယ် ပူလွန်းတော့သားသားကပိုသောက်လာတာကြောင့် တစ်ရက်စာလောက်ပဲကြိုသိမ်းထားနိုင်ခဲ့တာပါ။ ကျွန်မအတွက်အရမ်းခက်ခဲခဲ့ပြီး မဖြစ်နိုင်ဘူးထင်တဲ့အရာက ဒို့မိသားစု page လေးကြောင့်အောင်မြင်ခဲ့ပါပြီ။ ရှေ့ဆက်ရမယ့် ဖြည့်စွတ်စာကျွေးတဲ့အပိုင်းကိုလဲ အန်တီတို့အကူအညီနဲ့ပဲဆက်ကြိုးစားရဦးမှာပါ။ အမြဲကျေးဇူးတင်နေရမယ့်pageလးပါ။ Ei Ei Phoo2023-12-23recommendsTrustindex verifies that the original source of the review is Facebook. မိခင်နို့ပဲတိုက်မယ်လို့ ယတိပြတ်ဆုံးဖြတ်ထားတဲ့မေမေတိုင်း like & follow လုပ်ထားသင့်တဲ့pageလေးပါ မေမေတိုင်းBreastfeeding journeyမှာအဆင်ပြေအောင်တဖက်တလမ်းကကူညီပေးတာဆိုလဲမမှားပါဘူး ❣️ Thank you so much ☺️ Lae Mon2023-12-14recommendsTrustindex verifies that the original source of the review is Facebook. trend တွေကိုမလိုက် ငွေမျက်နှာမကြည့်ဘဲ မိခင်နဲ့ကလေးတွေအဆင်ပြေဖို့formulaတွေကိုမညွှန်းပဲ မိခင်နို့တိုက်ကျွေးရေးကိုသာအဓိကထားပြီးဗဟုသုတတွေကိုတင်ပေးနေတဲ့pageလေးပါ မိခင်နို့ရဲ့တန်ဖိုးရှိတဲ့အရာတွေကိုသေချာစွာရှင်းပြပေးတယ် ကမ္ဘာပေါ်မှာ ဘယ်လောက်ကောင်းပေ့ Formulaတွေထွက်ထွက် မိခင်နို့မှာပါတဲ့ဓာတ်တွေကိုမမှီဘူးဆိုတာ ဒီpageလေးကြောင့်အဖြစ်မှန်ကိုသိခွင့်ရခဲ့တာ အဲ့ဒါကြောင့် သားသားကို မိခင်နို့ပဲတိုက်တယ် တခြားသူတွေပြောတဲ့ မိခင်နို့ကြောင့်သွားပိုးစားတယ်ဆိုတာမျိုးလုံးဝလက်မခံပါဘူး 100%မှာ 20%လောက်ပဲမှန်ကောင်းမှန်ပါမယ် 80%လောက်က ကလေးစားတဲ့အစားအစာကြောင့်ရယ် ကလေးရဲ့ခံတွင်းသန့်ရှင်းမှုရယ်ကြောင့်ဆိုတဲ့မှန်ကန်တဲ့အသိပညာကို တခြားသူတွေကိုလက်ဆင့်ကမ်းဝေမျှမယ် မိခင်နို့ကသာလျှင် ကလေးတွေအတွက် ကိုယ်ခံအားရော ဉာဏ်ရည်ဉာဏ်သွေးအတွက်ရော ရွှေထက်တန်ဖိုးရှိကြောင်း ရရင်ရသလို ကိုယ်နဲ့သိတဲ့သူတွေကိုမျှဝေသွားမယ် တသက်လုံးမိခင်နို့ကိုဆို အထင်သေးပြီး မိခင်နို့တိုက်ဖို့အခွင့်အရေးတွေရှိပါရက်နဲ့Formulaကိုပဲ ညွှန်နေ တိုက်ခိုင်းတဲ့သူတွေကိုလည်း ဒီမေမေကတော့ မိခင်နို့ကိုပဲ သားသားစို့ချင်တဲ့အချိန်ထိတိုက်သွားမှာလို့ထပ်လောင်းပြောချင်ပါတယ် ဒီpageလေးကိုလည်းအတိုင်းအထက်အလွန်ကျေးဇူးတင်ရှိပါတယ်ရှင်❤️❤️❤️ CoRal NwayOo2023-12-14recommendsTrustindex verifies that the original source of the review is Facebook. မိခင်နို့တမျိုးထဲ တိုက်ချင်တဲ့ မေမေတို့အတွက် အရမ်းအထောက်ကူဖစ်တဲ့ page လေးပါ Phyu Phyu Chay2023-12-11recommendsTrustindex verifies that the original source of the review is Facebook. ၆လထိ မိခင်နို့တစ်မျိုးတည်းတိုက်နိုင်ဖို့အကူညီအများကြီးရခဲ့ပါတယ် Hnin Wai San2023-12-10recommendsTrustindex verifies that the original source of the review is Facebook. မိခင်နို့တိုက်ကျွေးဖို့အတွက် Pageက ဗဟုသုတတွေနဲ့ မေမေ့ချိုချို Gpကနေ mentally support အများကြီး ရရှိခဲ့ပါတယ်။ A highly recommend page for breastfeeding moms. Khin Mi Mi Aung2023-08-04recommendsTrustindex verifies that the original source of the review is Facebook. ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့ 15လ သားလေး အစားအသောက် သိသိသာသာစားလာခြင်းအပေါ် အန်တီသဲမာလ် နှင့် ဒို့မိသားစုလေး teams တစ်ခုလုံးကို အရမ်းကျေးဇူးတင်ပါတယ်ရှင့် ပြီးခဲ့တဲ့ 14လ လုံးလုံး ဘာမှကောင်းကောင်းမစားတဲ့ ဘေဘီလေးက အခု 15လထဲမှာ အန်တီရဲ့အကြံပေးမှု admin တွေရဲ့ ကူညီမှုကြောင့် သိသိသာသာတိုးတက်လာတဲ့အတွက် အမြဲတမ်းကျေးဇူးတင်လျက်ပါရှင့်💕💕 Cho Thae Nyein2022-09-29recommendsTrustindex verifies that the original source of the review is Facebook. ကလေးမိဘတွေအတွက် တကယ်ကို အကျိုးရှိတဲ့ page လေးပါရှင့် မိဘတွေအတွက် သိသင့်သိထိုက်တာတွေ မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့် Thidar May2022-09-26recommendsTrustindex verifies that the original source of the review is Facebook. သက်ဦးမေမေဆိုတော့မသိတာတွေအများကြီးရှိခဲ့တယ် ဒီpageလေးရဲ့ကျေးဇူးကြောင့်ဗဟုသုတတွေအများကြီးရခဲ့ပါတယ် ဒီpageလေးကိုတည်ထောင်ခဲ့တဲ့မင်မင်တို့ကို အထူးကျေးဇူးတင်ပါတယ်ရှင့်😍😍😍Load more