အောက်ဖော်ပြပါ အချက်များသည် သင့်ကလေးသည် မိခင်နို့ချိုကို လုံလောက်စွာ ရပြီး ဖြစ်ကြောင်း သိနိုင်သော အချက်များဖြစ်သည်။
- ကလေးကို မိခင်နို့ကို ကောင်းမွန်စွာနှင့် မကြာခဏ စို့နိုင်သည်။
- အနှီး (သို့) သေးစိုခံ တစ်နေ့တွင် ၅ထည်-၆ထည်မျှ စို၍ လဲလှယ်ပေးရသည်။
- တစ်နေ့တာအတွင်း ဝမ်းပျော့ပျော့ ၃ကြိမ်နှင့် အထက် သွားသည်။
- ကလေး၏ ကိုယ်အလေးချိန်သည် တဖြည်းဖြည်း တက်လာသည်။ အမြဲတမ်း တက်ကြွစွာ လှုပ်ရှားသည်။ ကလေးသည် ပျော်ရွှင်နေသည်။