က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော Healthy and Happy Families Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။

ကလေးတွေကိုတိုက်ရတဲ့အရည်များ 

နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။
နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။
နံပါတ် (၃) ကတော့ နွားနို့ပါ။ နွားနို့ကိုတော့ ကလေးအသက် (၁) နှစ်ပြည့်တာနဲ့ တိုက်လို့ရပါပြီတဲ့။

မတိုက်သင့်တဲ့အရည်များ 

 သကြား သို့မဟုတ် အချိုပါတဲ့ မည့်သည့်အရည်ကိုမှ အသက် (၅) နှစ်အောက်ကလေးတွေ လုံး၀ မတိုက်သင့်ပါဘူးတဲ့။
မတိုက်သင့်တဲ့အရာတွေထဲမှာ
 အချိုပါတဲ့ နွားနို့ (Sweetened Milk)၊
 ကလေးတွေအတွက် ဆိုပြီးထုတ်ထားတဲ့ Baby Tea လိုဟာမျိုးတွေ၊   အချိုရည်တွေ၊
 Malt Milk တို့ Oat Milk တို့လို အနှံ (cereal) ကနေလုပ်ထားတယ်ဆိုတဲ့
အရည်တွေ ပါပါတယ်။
လက်ဖက်ရည်၊ ကော်ဖီတွေလည်း မတိုက်ရပါဘူး။
 ဒါ့အပြင် Toddler Milk/ Growing-up Milk လို့ခေါ်တဲ့ ဖော်မြူလာတွေလည်း မတိုက်သင့်ပါဘူးတဲ့။

ဒါဆိုတိုက်လို့ရတဲ့ အရည်တွေကိုရော တစ်နေ့ကို ဘယ်လောက်ပမာဏတိုက်လို့ရလဲ မေးစရာရှိပါတယ်။

ရေဘယ်လောက်တိုက်ရမလဲ 

အသက် (၆) လ အောက်ကလေးငယ်တွေကို ရေမတိုက်ရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ မိခင်နို့သာ ရရှိနေစေသင့်တာပါ။ မိခင်နို့ထဲမှာလည်း ရေဓါတ် (၈၀) ရာခိုင်းနှုန်းကျော်ပါဝင်ပါတယ်။ ဒါကြောင့် (၆) လောက်ကလေးငယ်လေးတွေ ရေဆာတယ်ထင်ရင် မိခင်နို့ပဲတိုက်ပါ။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာတောင် ရေတိုက်စရာမလိုပါဘူး။ မိခင်နို့ပဲ ခဏခဏတိုက်ပေးပါ။

အသက် (၆) လ မှ (၁၂) လ ကလေးငယ်တွေကိုတော့ ရေစတိုက်နိုင်ပါပြီ။ တစ်နေ့မှာ ခွက် တစ်ဝက်ကနေ (၁) ခွက်အထိ တိုက်နိုင်ပါတယ်။ ရေတိုက်ရင် ခွက်နဲ့ပဲတိုက်ပါ။ နို့ဘူးလိုအရာမျိုးထဲ ထည့်ပြီး မတိုက်သင့်ပါဘူး။ ဒါ့အပြင် ရေကို အစာကျွေးတဲ့အချိန်မှာ တိုက်ပေးနိုင်ပါတယ်။
အသက် ၁ နှစ်ကနေ ၃ နှစ်ထိကိုတော့ တစ်နေ့မှာ ရေ (၁) ခွက်ကနေ (၄) ခွက်ထိ တိုက်ပေးရပါမယ်။

နွားနို့ဘယ်လောက်တိုက်ရမလဲ 

အသက် (၁) နှစ်အောက်ကလေးတွေကို နွားနို့ မတိုက်သင့်ပါဘူး။ အသက် (၁) နှစ်ကနေ (၃) နှစ်ကလေးတွေကိုတော့ တစ်နေ့မှာ ၃ ခွက်အထိတိုက်နိုင်ပါတယ်။ အသက် (၁) နှစ်နဲ့ (၂) နှစ်ကြား ကလေးတွေကိုတော့ Full Cream/ Whole Milk မလိုင်ပြည့် နို့ကို တိုက်ရမှာ ဖြစ်ပြီး၊ (၂) အထက်ကလေးတွေကိုတော့ အဆီလျှော့ထားတဲ့ နို့ကို တိုက်ရမှာဖြစ်ပါတယ်။ အသက် (၄) ကနေ (၈) နှစ်ကြားကလေးတွေကိုတော့ တစ်နေ့မှာ (၂) ခွက်ခွဲအထိ တိုက်နိုင်ပါတယ်။ အသက် (၉) နှစ်အထက်ကိုတော့ (၃) ခွက်အထိ တိုက်ပေးရမှာ ဖြစ်ပါတယ်။ နွားနို့နဲ့အဆင်မပြေဘူးဆိုရင်တော့ အချိုမပါတဲ့ ပဲနို့ (Unsweetened Soymilk) ကို ရွေးချယ်နိုင်ပါတယ်။

ကလေးတစ်ယောက်ရဲ့ တစ်သက်တာ အရသာကြိုက်နှစ်သက်မှုပုံစံကို သူ့အသက် (၅) နှစ်မတိုင်ခင်မှာ တိုက်ကျွေးခံရတဲ့ အရည်တွေက လွှမ်းမိုးထားပါတယ်။ အချိုပါတဲ့ နွားနို့၊ ပဲနို့တွေကို တိုက်မိရင်၊ အချိုရည်တွေတိုက်မိရင် ကလေးတွေဟာ တစ်သက်လုံးအချိုကြိုက်သွားပြီး နောက်ပိုင်းမှာ ဆီးချိုသွေးချိုလိုရောဂါမျိုးတွေ ဖြစ်နိုင်ခြေများလာနိုင်ပါတယ်။


ဒီအကြောင်းအရာက သင့်အတွက် အကျိုးရှိစေတယ်ဆိုရင် ဒီ post လေး နဲ့ Page လေးကို Like & Share လုပ်ပေးပါဦးနော်။ ဒီလို အကျိုးရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို ပုံမှန်လေးမျှဝေပေးဖို့ ကြိုးစားနေပါတယ်။ ကျေးဇူးတင်ပါတယ်နော်။ 

Similar Posts

  • |

    အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း

    အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း Disclaimer: ဤ High Energy Ball ပြုလုပ်နည်းသည် UNICEF မြန်မာမှ မျှဝေထားသော နည်းလမ်းအား ဒေသတွင်း လူမှုအဖွဲ့အစည်းတစ်ခုမှ စေတနာ့ဝန်ထမ်းအချို့၏ အကူအညီဖြင့် အနည်းငယ်ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါသသည်။ ဤ High Energy Ball ပြုလုပ်နည်းသည် အာဟာရချို့တဲ့သောကလေးများ (Acutely Malnourished) ကလေးများအတွက် Ready-to-use Therapeutic Food (RUTF) အာဟာရဆေးအစာများ မရရှိနိုင်သည့် အခြေအနေတွင် အစားထိုးအသုံးပြုရန်ဖြစ်ပါသည်။ လက်ရှိအရေးပေါ်ကာလတွင် ပြည်တွင်း/ ဒေသခံကူညီကယ်ဆယ်ရေး အဖွဲ့များ ကျန်းမာရေးနှင့်ညီညွတ်၍ ပြုလုပ်ရန်လွယ်ကူသော နည်းလမ်းတစ်ခုဖြစ်ပါသဖြင့် ဥာဏ်ရှိသလိုအသုံးချရန် မျှဝေပေးရခြင်းဖြစ်ပါသည်။ ပုံမှန် အစားအစာများကို မစားသုံးပဲ ဤ High Energy Ball…

  • |

    နို့တိုက်မိခင် ကော်ဖီသောက်လို့ရလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို သကြားလို ချိုတဲ့ အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group…

  • အိမ်မှာကိုယ်တိုင်ချက်စားစရာနှင့် Read-made စားစရာ

    ပြီးခဲ့တဲ့အပတ်က အမေးအဖြေမှာ အိမ်လုပ်စားစရာများ (Home Made Food) နဲ့ အသင့်စား စားစရာများ (Ready Made Food) တွေအကြောင်း ဆွေးနွေးခဲ့တာလေးကို မိဘတွေအနေနဲ့ လေ့လာနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အိမ်လုပ်စားစရာတွေနဲ့ အသင့်စားစားစရာတွေမှာ သူ့ရဲ့ ကောင်းကွက်နဲ့သူ၊ သူ့အားနည်းချက်နဲ့သူ ရှိနေပါတယ်။ မိဘတွေအနေနဲ့ကတော့ မိမိရင်သွေးအတွက် ကိုယ်တိုင်ချိန်ဆ ရွေးချယ်နိုင်အောင် အစားအစာတွေနဲ့ ကောင်းကွက်နဲ့ အားနည်းချက်တွေကို အောက်မှာဖော်ပြထားတဲ့အတိုင်း မျှဝေပေးလိုက်ပါတယ် အိမ်လုပ်စားစရာတွေရဲ့ကောင်းကွက်များ   အိမ်လုပ်စားစရာတွေရဲ့အားနည်းချက်များ   အမေကအစားအစာကို အချိန်‌ပေးပြင်ဆင်ရတယ်။  အသင့်စား အစားအစာတွေရဲ့ကောင်းကွက်များ  အသင့်စား အစားအစာတွေရဲ့အားနည်းချက်များ ဒီအချက်အလက်လေးတွေက ဖေဖေမေမေတွေအတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။အားလုံးပဲကျန်းမာပျော်ရွှင်တဲ့မိသားစုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ Healthy and Happy Families ရဲ့ Page ကိုလည်း Like & Share လုပ်ထားကြပါဦးနော်။ 

  • ကလေးတွေကို ဘယ်လိုအရည်တွေ အချိုရည်တွေ တိုက်လို့ရလဲ​

    အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဒီအကြောင်းလေး ရေးမယ်ရေးမယ်နဲ့ လက်စမသတ်ဖြစ်တာ အတော်ကို ကြာပါပြီ။ ဒီနေ့ Facebook Group တစ်ခုထဲမှာ ငြင်းနေကြတာလေး တွေ့တာရယ်၊ Parenting Group တွေထဲမှာ မကြာခဏတွေ့နေရတဲ့ မေမေတွေရဲ့ မေးခွန်းတစ်ခုရယ်ကြောင့် ဒီအကြောင်းအရာလေးကို ကြိုးစားပြီး လက်စသတ်လိုက်ပါပြီ။ အကြောင်းအရာကတော့ #ကလေးတွေကို_ဘယ်လိုအရည်၊အချိုရည်မျိုး_တိုက်လို့ရလဲဆိုတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီမေးခွန်းကို အဖြေပေးနိုင်မယ့် Consensus Report တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀၁၉) ခုနှစ်ထဲတုန်းက ပညာရှင်တွေက ထုတ်ပြန်ပေးခဲ့ပါတယ်။ အောက်ပါ အကြောင်းအရာတွေက အဲဒီ Consensus Report ကို အခြေခံပြီး မျှဝေလိုက်တာဖြစ်ပါတယ်။ ဒီ Consensus Report ကိုတော့ the Academy of Nutrition and Dietetics, the American Academy of Pediatric Dentistry, the American Academy of…

  • |

    မိခင်နို့နှင့် နို့မှုန့် (Formula Milk) တို့ရဲ့ ကွာခြားချက်

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး… ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွား စဉ်ကနေ ၆ လ အထိ…

  • ကလေးငယ်များကို ဖြည့်စွက်စာကျွေးနည်း

    ကလေးအသက် (၆) လတွင်ဖြည့်စွက်စာစတင်ကျွေးမွေးခြင်းသည် မေမေတို့အတွက် (သို့) မိသားစုအတွက် အကြီးမားဆုံးခြေလှမ်းဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှအကြံပြုထားသောအချက်များအရ ကလေးအသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရပါမယ်။ ကလေးအသက် (၆) လမှစတင်ပြီး ကိုယ့်အရပ် ကိုယ့်ဒေသတွင်းရရှိနိုင်တဲ့ အာဟာရ ပြည့်ဝတဲ့အစားအစာတွေ (ကစီဓာတ်ပါဝင်သော အစားအစာများ၊ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး) ကို စတင်ကျွေးနိုင်ပါတယ်။ ကလေးငယ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ရရှိနိုင်တဲ့ အစားအစာတွေကို ဦးစားပေးပြီး ကျွေးသင့်ပါတယ်။ ဒါအပြင် ကလေးအသက် (၂) နှစ်နှင့် (၂) နှစ်ကျော်သည်အထိ မိခင်နို့ဆက်လက် တိုက်ကျွေးသင့်ပါတယ်။ ကလေးကိုဖြည့်စွက်စာစတင်ကျွေးမွေးရာတွင်လိုက်နာရမည့်အချက်များ (၁) ကလေးကိုမိခင်၏ပေါင်ပေါ်တွင် တင်ပြီးကျွေးပါ။ (၂) နောက်ပိုင်းတွင် ကလေးကိုကြမ်းပြင်တွင်ထိုင်၍ဖြစ်စေ၊ အစာကျွေးသည့်ထိုင်ခုံပေါ်တွင်ထိုင်ခိုင်း၍ဖြစ်စေ ကျွေးမွေးနိုင်ပါတယ်။ (၃) ကလေးကိုအစာကျွေးသောအချိန်သည အစားအသောက်အကြောင်း သင်ယူလေ့လာသောအချိန်…

Leave a Reply

Your email address will not be published. Required fields are marked *