ကလေးတွေကို ဘယ်လိုအရည်တွေ အချိုရည်တွေ တိုက်လို့ရလဲ​

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဒီအကြောင်းလေး ရေးမယ်ရေးမယ်နဲ့ လက်စမသတ်ဖြစ်တာ အတော်ကို ကြာပါပြီ။ ဒီနေ့ Facebook Group တစ်ခုထဲမှာ ငြင်းနေကြတာလေး တွေ့တာရယ်၊ Parenting Group တွေထဲမှာ မကြာခဏတွေ့နေရတဲ့ မေမေတွေရဲ့ မေးခွန်းတစ်ခုရယ်ကြောင့် ဒီအကြောင်းအရာလေးကို ကြိုးစားပြီး လက်စသတ်လိုက်ပါပြီ။

အကြောင်းအရာကတော့ #ကလေးတွေကို_ဘယ်လိုအရည်၊အချိုရည်မျိုး_တိုက်လို့ရလဲဆိုတာပါ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီမေးခွန်းကို အဖြေပေးနိုင်မယ့် Consensus Report တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀၁၉) ခုနှစ်ထဲတုန်းက ပညာရှင်တွေက ထုတ်ပြန်ပေးခဲ့ပါတယ်။ အောက်ပါ အကြောင်းအရာတွေက အဲဒီ Consensus Report ကို အခြေခံပြီး မျှဝေလိုက်တာဖြစ်ပါတယ်။

ဒီ Consensus Report ကိုတော့ the Academy of Nutrition and Dietetics, the American Academy of Pediatric Dentistry, the American Academy of Pediatrics, and the American Heart Association ဆိုတဲ့ အဖွဲ့ကြီး (၄) ဖွဲ့က ထောက်ခံသဘောတူထားပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်က သိပ်ကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဖေဖေ၊ မေမေတွေအတွက် သိပ်အများကြီးမှတ်စရာ မလိုလို့ပါ။ ကိုယ်တိုင်လည်း ကလေးအဖေဆိုတော့ အများကြီးမှတ်ရတာမကြိုက်ဘူးလေ။

#တိုက်လို့ရတဲ့အရည်တွေ

ကလေးတွေကိုတိုက်ရလို့ရတဲ့ အရည်တွေအမျိုးအစားတွေက လက် (၅) ချောင်းမပြည့်ပါဘူး။ မှန်ပါတယ်။ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။

နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။

နံပါတ် (၃) ကတော့ နွားနို့ပါ။ နွားနို့ကိုတော့ ကလေးအသက် (၁) နှစ်ပြည့်တာနဲ့ တိုက်လို့ရပါပြီတဲ့ဗျာ။

#မတိုက်သင့်တဲ့အရည်တွေ

သကြား သို့မဟုတ် အချိုပါတဲ့ မည့်သည့်အရည်ကိုမှ အသက် (၅) နှစ်အောက်ကလေးတွေ လုံး၀ မတိုက်သင့်ပါဘူးတဲ့။ မတိုက်သင့်တဲ့အရာတွေထဲမှာ အချိုပါတဲ့ နွားနို့ (Sweetened Milk)၊ ကလေးတွေအတွက် ဆိုပြီးထုတ်ထားတဲ့ Baby Tea လိုဟာမျိုးတွေ၊ အချိုရည်တွေ၊ Malt Milk တို့ Oat Milk တို့လို အနှံ (cereal) ကနေလုပ်ထားတယ်ဆိုတဲ့ အရည်တွေ ပါပါတယ်။ လက်ဖက်ရည်၊ ကော်ဖီတွေလည်း မတိုက်ရပါဘူး။ ဒါ့အပြင် Toddler Milk လို့ခေါ်တဲ့ ဖော်မြူလာတွေလည်း မတိုက်သင့်ပါဘူးတဲ့ဗျာ။

ဒါဆိုတိုက်လို့ရတဲ့ အရည်တွေကိုရော တစ်နေ့ကို ဘယ်လောက်ပမာဏတိုက်လို့ရလဲ မေးစရာရှိပါတယ်။ ပုံမှာ ဇယားလေးနဲ့ ဖော်ပြထားပါတယ်။ မိခင်နို့မတိုက်ပဲ ဖော်မြူလာပဲတိုက်တဲ့ ကလေးတွေဆိုရင်တော့ အသက် (၁) နှစ်ပြည့်ရင် ဖော်မြူလာကို ဖြတ်ပြီး နွားနို့တိုက်ရမှာဖြစ်ပါတယ်။ နွားနို့နဲ့အဆင်မပြေဘူးဆိုရင်တော့ အချိုမပါတဲ့ ပဲနို့ (Unsweetened Soymilk) ကို ရွေးချယ်နိုင်ပါတယ်။ အသက် (၁) နှစ်နဲ့ (၂) နှစ်ကြား ကလေးတွေကိုတော့ Full Cream/ Whole Milk မလိုင်ပြည့် နို့ကို တိုက်ရမှာ ဖြစ်ပြီး၊ (၂) အထက်ကလေးတွေကိုတော့ အဆီလျှော့ထားတဲ့ နို့ကို တိုက်ရမှာဖြစ်ပါတယ်။ This is what scientific evidences tell us ဒါဟာ သိပ္ပံအထောက်အထားတွေ့ရှိချက်ပါ။ Healthy and Happy Families ရဲ့ မူကိုက သိပ္ပံအထောက်အထားခိုင်လုံတဲ့ အကြောင်းအရာတွေကိုပဲ မျှဝေဖို့ဖြစ်ပါတယ်။

ကလေးတစ်ယောက်ရဲ့ တစ်သက်တာ အရသာကြိုက်နှစ်သက်မှုပုံစံကို သူ့အသက် (၅) နှစ်မတိုင်ခင်မှာ တိုက်ကျွေးခံရတဲ့ အရည်တွေက လွှမ်းမိုးထားပါတယ်။ အခုတွေ့ရှိချက်အတိုင်း လိုက်နာနိုင်ဖို့က မိဘတွေအနေနဲ့ မလွယ်ကူနိုင်မှန်း ကိုယ်တိုင်မိဘဖြစ်တဲ့အတွက် နားလည်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ စားသောက်ကုန် ကုမ္မဏီတွေ၊ သူတို့ရဲ့ သိပ်ကိုပါးနပ်လွန်းတဲ့ ကြော်ငြာတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ရွေးချယ်မှုတွေကို အရမ်းကိုလွှမ်းမိုးထားလို့ပါပဲ။ ကိုယ်တိုင်ပဲ အိမ်က ကလေးတို့ရဲ့ မေမေကို အောင်မြင်အောင် မစည်းရုံးနိုင်တာ ထင်ရှားတဲ့ ကိုယ်တွေ့သက်သေဆိုတာ ရှက်ရှက်နဲ့ ဝန်ခံရမှာပါပဲ။

နောက်ဆုံးနိဂုံးချုပ်အနေနဲ့ မျှဝေချင်တာကတော့ ကျွန်တော့ ဆရာမ ကလေးမိခင်တွေနဲ့ counseling လုပ်တဲ့အခါ အမြဲပြောလို့ မှတ်သားထားရတဲ့စကားလေးပါ။ This is your child. You can decide what you want. Our responsibility is to tell you what we have to tell you. ပါ။ ကိုယ့်ကလေးအတွက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရှိပါတယ်။ ကျွန်တော်တို့တာဝန်ကတော့ မျှဝေပေးသင့်တဲ့ မှန်ကန်တဲ့သတင်းအချက်အလက်ကို မျှဝေပေးဖို့ပါ။

ဒါထက်ပိုပြီးဖတ်ချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ သွားပြီး ဖတ်ကြည့်ပါ။

https://healthyeatingresearch.org/…/HER-HealthyBeverage…

မိသားစုအားလုံးကို ပျော်ရွှင်ကျန်းမာစေချင်တဲ့ ဆန္ဒမွန်ဖြင့်

Similar Posts

  • |

    နို့သကြားဓါတ်မတည့်မှု (Lactose Intorlerance), နို့သကြားဓါတ်ရရှိမှုများလွန်းခြင်း (Lactose Overload) နှင့် နွားနို့နှင့်ဓါတ်မတည့်ခြင်း (Cow Milk Alergy) ဆိုတာ ဘာတွေလဲ

    Thingyan Live: နို့သကြားဓါတ်မတည့်မှု (Lactose Intorlerance), နို့သကြားဓါတ်ရရှိမှုများလွန်းခြင်း (Lactose Overload) နှင့် နွားနို့နှင့်ဓါတ်မတည့်ခြင်း (Cow Milk Alergy)​အကြောင်းကို ဆွေးနွေးပေးခဲ့ပါတယ်။​ Share လုပ်ပေးကြပါဦးနော်။​

  • ကလေးကို အစာဝါးကျွေးသင့်သလား

    အစာကောင်းကောင်း မဝါးနိုင်သေးတဲ့ကလေးတွေကို လူကြီးတွေက ကိုယ်တိုင်ဝါးပြီး ကျွေးပေးတတ်ပါတယ်။ များသောအားဖြင့် မိခင်/ အနီးကပ်ဆွေမျိုးသားချင်းတွေ/ ကလေးထိန်းတွေက ကလေးကို ဖြည့်စွက်စာစကျွေးတဲ့အချိန်မှာ ဒါမျိုးလုပ်ပေးလေ့ရှိပါတယ်။ ပါးစပ်ထဲမှာဝါးလိုက်တဲ့ အစာဟာ တံတွေးကြောင့် အစာလုံးဖြစ်သွားပြီး အဲဒါကို ဇွန်းထဲထည့်ကျွေးခြင်း၊ လက်နဲ့ခွံ့ကျွေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ (Blender) ဘလန်ဒါလို့ခေါ်တဲ့ အစာကြိတ်စက် အသုံးမပြုသူ တော်တော်များများက ဒီလိုဝါးကျွေးတဲ့ နည်းလမ်းကို ယခင်က အသုံးပြုကြပါတယ်။ အမှန်တကယ်တော့ ကလေးငယ်ကို ကျွေးမယ့်အစားအစာတွေကို ကြိတ်ပြီး ဒါမှမဟုတ် နူးညံ့သွားအောင် ပြုတ်ပြီး ဇွန်းနဲ့ ခြေပြီး ကျွေးနိုင်ပါတယ်။ ဝါးမကျွေးသင့်ပါဘူး။ ကလေးကို ထမင်းအပါအဝင် အစာတွေဝါးကျွေးရင် ဝါးပေးတဲ့သူရဲ့ ခံတွင်းမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေဟာ နုနယ်လွန်းတဲ့ ကလေးဆီ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးမွှားဆိုတဲ့အထဲမှာ မြင်ရတဲ့ (ပါးစပ်နားမှာ ပေါက်နေတဲ့)ရေယုန်ကအစ မမြင်ရတဲ့ ခံတွင်းအတွင်းမှာနေနေတဲ့…

  • |

    အသက် (၆) လအောက်မှာ ရေတိုက်ဖို့လိုလား

    ဖေဖေ မေမေတို့ရေ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုတာကလေးကမိခင်နို့တစ်မျိုးတည်း ရရှိသောက်သုံးတာကို ဆိုလိုပါတယ်။ တခြား အရည်တွေတခြားအစားအစာတွေ မပါပါဘူး။ ရေတောင် မပါရပါဘူး။ ဒါပေမယ့် လိုအပ်လို့ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားထားတဲ့အခါ ဓာတ်ဆားရည်၊ အားဆေးနဲ့ တခြားဆေးရည်တွေတော့တိုက်လို့ရပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက် ပထမဆုံး (၆) လ အတွင်းမှာ လိုအပ်တဲ့ ရေနဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ မိခင်နို့တစ်ကြိမ်တိုက်ကျွေးတိုင်း အစောပိုင်း ထွက်လာတဲ့ နို့ရည်မှာ ရေဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေ ရေဆာမှာပဲလို့ မေမေတို့ထင်ရင်ကလေးကိုနို့သာတိုက်လိုက်ပါနော်။ ကလေးတွေ ရေဆာပြေတဲ့အပြင် ရောဂါကာကွယ်နိုင်စွမ်း လည်းတိုးလာမယ်။ ကလေးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဟာ ပထမ (၆) လ မှာ ‌ရေသောက်ဖို့မလိုအပ်ပါဘူး။ မြန်မာနိုင်ငံလို ပူပြင်းတဲ့ဒေသမှာတောင် မလိုအပ်ပါဘူးနော်။ ဒါကြောင့် ကလေးရေဆာတယ်ထင်ရင်…

  • အိမ်မှာကိုယ်တိုင်ချက်စားစရာနှင့် Read-made စားစရာ

    ပြီးခဲ့တဲ့အပတ်က အမေးအဖြေမှာ အိမ်လုပ်စားစရာများ (Home Made Food) နဲ့ အသင့်စား စားစရာများ (Ready Made Food) တွေအကြောင်း ဆွေးနွေးခဲ့တာလေးကို မိဘတွေအနေနဲ့ လေ့လာနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အိမ်လုပ်စားစရာတွေနဲ့ အသင့်စားစားစရာတွေမှာ သူ့ရဲ့ ကောင်းကွက်နဲ့သူ၊ သူ့အားနည်းချက်နဲ့သူ ရှိနေပါတယ်။ မိဘတွေအနေနဲ့ကတော့ မိမိရင်သွေးအတွက် ကိုယ်တိုင်ချိန်ဆ ရွေးချယ်နိုင်အောင် အစားအစာတွေနဲ့ ကောင်းကွက်နဲ့ အားနည်းချက်တွေကို အောက်မှာဖော်ပြထားတဲ့အတိုင်း မျှဝေပေးလိုက်ပါတယ် အိမ်လုပ်စားစရာတွေရဲ့ကောင်းကွက်များ   အိမ်လုပ်စားစရာတွေရဲ့အားနည်းချက်များ   အမေကအစားအစာကို အချိန်‌ပေးပြင်ဆင်ရတယ်။  အသင့်စား အစားအစာတွေရဲ့ကောင်းကွက်များ  အသင့်စား အစားအစာတွေရဲ့အားနည်းချက်များ ဒီအချက်အလက်လေးတွေက ဖေဖေမေမေတွေအတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။အားလုံးပဲကျန်းမာပျော်ရွှင်တဲ့မိသားစုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ Healthy and Happy Families ရဲ့ Page ကိုလည်း Like & Share လုပ်ထားကြပါဦးနော်။ 

  • |

    မိခင်နို့နှင့် အခြားအရာများရောနှောကျွေးမွေးခြင်း Mixed feeding

    ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရော‌နှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရော‌နှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား… ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်… fb://photo/1503231806678606?set=a.983193882015737&sfnsn=mo ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့…

  • |

    နို့တိုက်မိခင် ကော်ဖီသောက်လို့ရလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို သကြားလို ချိုတဲ့ အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group…

Leave a Reply

Your email address will not be published. Required fields are marked *