ဘယ်အသက်အရွယ် ရောက်ရင် မိခင်နို့အပြင် ဖြည့်စွက်စာတွေ စကျွေးရမလဲ

ဒီမေးခွန်းရဲ့ အဖြေကို အားလုံးသိကြပြီးသားဖြစ်မှာပါ။ ဟုတ်ပါတယ်။ အသက် (၆) လမှာ ဖြည့်စွက်စာ စကျွေးရပါမယ်။ ဘာကြောင့်လဲ။ ဒီမေးခွန်းကတော့ ကျန်းမာရေးဗဟုသုတ လိုက်စားတဲ့ ဖေဖေမေမေတွေ အတွက်တော့ ခက်တဲ့ မေးခွန်းမဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတော်တော်များများဟာ သူတို့အသက် (၆) လ မပြည့်ခင်မှာ မိခင်နို့မဟုတ်တဲ့ အစားအစာ တစ်မျိုးမျိုးကို ကျွေးတာကိုခံရပါတယ်။ အမှန်တော့ လူကြီးတွေက ချစ်လို့ ကျွေးကြတာပါ။ ဒါပေမယ့် အကျိုးအကြောင်းအဆိုးအကောင်းကို မသိတော့ ချစ်ရာမရောက်ပဲ ကလေးအတွက် အန္တရာယ်ကျရောက်စေတဲ့ အခြေအနေမျိုးတွေကို ဖန်တီးပေးသလိုဖြစ်သွားတတ်ပါတယ်။

မိခင်တွေ ဖွဲ့ထားတဲ့ Facebook Group လိုနေရာမျိုးတွေမှာ မေမေတွေ သူတို့ရဲ့ (၂) လ (၃) လအရွယ် ဘေဘီလေးတွေကို ထမင်းခွံ့နေတဲ့ပုံလေးတွေ၊ အခြား အာဟာရမှုန့်၊ ထမင်းဘူး စသည်ဖြင့်ခေါ်တဲ့ baby food တွေကို ကျွေးနေတဲ့ပုံလေးတွေကို တမြတ်တနိုးနဲ့ “ သားသား အသက် (၂) လ ပြည့်ပါပြီ။ ဒီနေ့ မန်မန် စစားပါတယ်။ ချစ်ပေးကြပါဦးနော်။” စသည့်ဖြင့် တင်တာကို မကြာခဏ တွေ့ရဘူးပါတယ်။ အဲဒီပုံလေးတွေအောက်မှာ တစ်ချို့ ကျန်းမာရေးဗဟုသုတရှိတဲ့ မေမေတွေက “ စစ်ရေ ကလေးကို အသက် (၆) လ ပြည့်မှ ကျွေးရတယ်။ ကလေး အစာမကျေပဲနေမှာပေါ့။ (၆) လအထိ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ပါနော်။” စသည်ဖြင့် ကွန်မန့်လေးတွေ ရေးတာ တွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေ ပို့စ်ပိုင်ရှင် မေမေက အဲလို အမှန်ပြင်ပေးတဲ့ မေမေကို ပြန်ရန်တွေ့တာမျိုးတောင်တွေ့ဘူးပါတယ်။ တွေ့ရဘူးတဲ့ ရန်တွေ့သံတစ်ခုက “ကိုယ့်ကလေးကိုယ်ကျွေးတာ ဘာဖြစ်လဲ။ ကျွန်မငယ်ငယ်တုန်းကလည်း (၁) လ တည်းက ထမင်းစားလာတာ။ ခုထိ အကောင်းကြီးပဲ။” ဆိုတာမျိုးပါ။ တကယ်တော့ မကောင်းပါ။ အဲဒီလို နည်းစနစ်အမှားတွေနဲ့ ကျွေးမွေးကြလို့ မြန်မာနိုင်ငံရဲ့ (၅) နှစ်အောက် ကလေးတွေ့ရဲ့ (၃) ပုံ (၁) ပုံနီးပါးဟာ အာဟာရချို့ တဲ့နေတယ်ဆိုတာကို တွေ့ရှိထားပြီးဖြစ်ပါတယ်။

အဲဒီတော့ ဖြည့်စွက်စာကို စနစ်တကျကျွေးသင့်တဲ့အကြောင်း ကိုဆက်ပြောပါမယ်။ ကလေးကို အသက် (၆) လပြည့်မှ မိခင်နို့အပြင် ထပ်ဆောင်း ဖြည့်စွက်စာတွေကို စကျွေးပါ။ ဘာကြောင့်လဲဆိုရင် မိခင်နို့တိုက်ကျွေးတဲ့ ကလေးတွေမှာဆိုရင် အသက် (၆) လ မပြည့်ခင်အထိ မိခင်နို့ကနေ အင်အားဓါတ်တွေ၊ အာဟာရဓါတ်တွေကို ကလေးလိုအပ်သလောက် အပြည့်အ၀ ရနေလို့ပါ။ ဒါပေမယ့် အသက် (၆) လကျော်ပြီဆိုတာနဲ့ မိခင်နို့တစ်မျိုးတည်းဟာ ကလေးအတွက် မလုံလောက်တော့ပါဘူး။ မိခင်နို့က မကောင်းတော့လို့မဟုတ်ပါဘူး။ ကလေးအသက်ကြီးလာတာနဲ့ မိခင်နို့မှာပါဝင်တဲ့ အာဟာရဓါတ်အချိုးအစားပြောင်းလဲလာတာ မှန်ပေမယ့် မိခင်နို့ဟာ ကလေးဘယ်အသက်ရောက်ရောက် ကလေးအတွက် သင့်တော်ပါတယ်။ တစ်ချို့က ပြောကြပါတယ်။ မိခင်နို့က ကလေးအသက် (၆) လ ကျော်ရင် မကောင်းတော့ဘူးလို့။ ဒါဟာ သိပ်ကို ဝမ်းနည်းစရာကောင်းတဲ့ လွဲမှားတဲ့ အယူအဆဖြစ်ပါတယ်။ မိခင်နို့မှာ အာဟာရဓါတ်တွေအပြင် အခြားဘယ်နေရာမှာမှ မရနိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ဓါတ်တွေ ပါဝင်နေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization) က မိခင်နို့ကို ကလေးအသက် (၂) နှစ်ကျော်သည်အထိ (ဘယ်တော့နို့ဖြတ်ရမယ်ဆိုတာ မရှိပါဘူး။ ကလေးနဲ့ မိခင်ဆန္ဒရှိသ၍ မိခင်နို့ဆက်တိုက်လို့ရပါတယ်။) တိုက်ကျွေးဖို့ တိုက်တွန်းနှိုးဆော်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးက အသက် (၆) လ ကျော်လာရင်တော့ မိခင်နို့တစ်မျိုးတည်းနဲ့ မလုံလောက်တော့ပါဘူး။ ကလေးက အသက်ပိုကြီးလာတာနဲ့အမျှ အာဟာရလိုအပ်ချက်တွေ ပိုများလာပါတယ်။ ဒါကြောင့် မိခင်နို့နဲ့မဖြည့်စည်းနိုင်တော့တဲ့ အာဟာရဓါတ်တွေကို ဖြည့်စွက်စာက အာဟာရတွေနဲ့ အပြည့်အဝရအောင် ဖြည့်စွက်ပေးတာပါ။ ဖြည့်စွက်စာပါ။ အင်္ဂလိပ်လို Complementary Food ပါ။ ထပ်ဖြည့်တာပါ။ နို့ဖြတ်စာ မဟုတ်ပါဘူး။

နောက်ပြီးကလေးမှာလည်း အစားစာဖို့လိုအပ်တဲ့အခြေအနေတွေဟာ အသက် (၆) လ လောက်မှာ အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ကလေးက သူ့ရဲ့ဦခေါင်းနှင့် လည်ပင်းကို ကောင်းကောင်း ထိန်းနိုင်ပြီး၊ သူ့ကို ကူညီပေးမယ်ဆိုရင် မတ်မတ် ထိုင်နိုင်ပါပြီ။ စားစရာများအပေါ် စိတ်ဝင်စားမှု ရှိလာပါတယ်။ (လက်စုပ်တာနဲ့ အစာစိတ်ဝင်စားတာ မတူပါ) ဥပမာ လူကြီးအစားစားနေတယ်ဆိုရင် ပန်းကန်ထဲမှရှိတဲ့ စားစရာတွေကို စိတ်ဝင်စားပုံပြတာမျိုး၊ လူကြီးရဲ့စားစရာများကို လိုချင်ပုံပြတာမျိုးပါ။ ဇွန်းလေးနဲ့ စားစရာကျွေးပါပြီဆို ပါးစပ်ကို ဖွင့်ပေးတတ်ပါပြီ။ ကလေးအများစုသည် ဒီလိုလက္ခဏာတွေကို အသက် (၆) ဝန်းကျင်ခန့်တွင် ပြတတ်ပါတယ်။

ဒါအပြင် ကလေးရဲ့ အစာချေစနစ်ဟာလည်း အစာပျော့ပျဲပျဲလေးတွေကိုခြေဖျက်နိုင်စွမ်းရှိပါပြီ။ မတ်မတ်လေးထိုင်နိုင်ပြီမို့ အစာနင် (သီး)မယ့် အန္တရာယ်လည်း လျှော့နည်းလာပါပြီ။ ကလေးကိုအစာကျွေးရင် ပက်လက်မကျွေးသင့်ပါဘူး။ ဒါဟာရှောင်ရမယ့် အချက်ပါ။ ကလေးသေးသေးလေးတွေကို ပက်လက်ကလေးနဲ့ အစာတွေ ကျွေးနေတာကို အပြင်မှာဖြစ်စေ၊ Facebook မှာဖြစ်စေ တွေ့ရရင် အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။

ကလေးကို (၆) ထက်စောပြီးအစာကျွေးရင်ဘာဖြစ်မလဲ။ ပထမဆုံးကတော့ မိခင်နို့ကနေရမယ့် ပြည့်စုံမျှတတဲ့ အာဟာရဓါတ်နဲ့ ရောဂါကာကွယ်စေတဲ့ဓါတ်တွေမရနိုင်တော့ပါဘူး။ (၆) မပြည့်ခင်ကျွေးလေ့ရှိတဲ့အစာကလည်း များသောအားဖြင့် ထမင်းတစ်မျိုးပဲဖြစ်လေ့ရှိတာကြောင့် ကစီဓါတ် (အင်အားဓါတ်) ပဲရမှာပါ။ ကျန်တဲ့အာဟာရအုပ်စုတွေ မရပါဘူး။ ပြီးရင် ရောဂါကာကွယ်စေတဲ့ဓါတ်တွေ မရတော့တဲ့အတွက် ကလေးဟာ ချူချာပါမယ်။ နေမကောင်းမကြာခဏဖြစ်ပါမယ်။ အစားအစာက မသန့်ရှင်းရင် ဝမ်းလျှောဝမ်းပျက် ဖြစ်ပါမယ်။ အသက်အန္တရာယ်ရှိပါတယ်။ ကိုယ်ခံအားမကောင်းတဲ့အတွက် ရောဂါပေါင်းစုံ ဝင်လွယ်ပါတယ်။ ဒါကြောင့် ကလေးဟာ အာဟာရချို့တဲ့၊ မကျန်းမမာဖြစ်ပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးမှုရော၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုပါ အားနည်းပါမယ်။ ဘယ်သူမှကိုယ့်ကလေးကို ဒီလိုအခြေအနေမျိုး အဖြစ်မခံချင်ပါဘူး။

ကောင်းပါပြီ။ အသက် (၆) လထက် နောက်ကျပြီးမှ ဖြည့်စွက်စာကျွေးရင်ရော။ အထက်မှာ ပြောခဲ့ပြီးပါပြီ။ ကလေး အသက် (၆) ကျော်ရင် မိခင်နို့ကနေ ကလေးလိုအပ်တဲ့အာဟာရဓါတ် ပြည့်မီအောင် မပေးနိုင်တော့ပါဘူး။ ဒါကြောင့် ဖြည့်စွက်စာက ရမယ့်အာဟာရတွေနဲ့ ထပ်ဖြည့်ဖို့လိုပါမယ်။ လိုတာကို ဖြည့်မပေးရင် အာဟာရချို့တဲ့ပါမယ်။ အာဟာရချို့တဲ့ရင် ကိုယ်ခံအားနည်းပြီး နေမကောင်းဖြစ်ပါမယ်။ ဖွံ့ဖြိုးမှုတွေ နှေးသွားပါမယ်။

ဒါကြောင့်မို့လို့ ကလေးတွကို သူတို့ရဲ့ အသက်အရွယ်အလိုက် သင့်တော်တဲ့ စနစ်တကျ အစာကျွေးမွေးမှုပုံစံတွေနဲ့ ပြုစုစောင့်ရှောက်ပေးမှသာ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်နိုင်မှာပါ။ အခု ပိုစ်မှာ ဘာကြောင့် (၆) လမှာ အစာစကျွေးသင့်တာလဲဆိုတဲ့ မေးခွန်းကိုပဲ ဆွေးနွေးရသေးတာပါ။ ကျန်တဲ့ ဖြည့်စွက်စာကျွေးခြင်းနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးပေးသွားပါမယ်။ ဒါကြောင့်မို့လို့ Healthy and Happy Families ရဲ့ Page လေးကို Like & See First လုပ်ထားလိုက်ပါနော်။ ပြီးရင် ဒီပိုစ်လေးကို Like & Share လုပ်ပေးပါဦးနော်။ မေးခွန်းတွေရှိရင်လည်း Comment ကနေမေးလို့ရပါတယ်။ Health and Happy Families က အာဟာရပညာရှင်တွေက မေးခွန်းတွေကို အချိန်ရသလောက် ဖြေပေးပါမယ်နော်။

Ref: Guiding Principles for Complementary Feeding of Breastfed Child by Pan American Health Organization and World Health Organization 

Similar Posts

  • ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခု

    မေမေတို့ရေ… ဒီနေ့တော့ ကျေးလက်ဒေသမှာသာမကပဲ မြို့ကြီးတွေ‌ပေါ်မှာတောင် လုပ်လေ့လုပ်ထများတဲ့ ကလေးတွေအတွက်လည်း အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခုအကြောင်း ပြောပြပါမယ်… မွေးကင်းစကလေးလေးတွေကို ရေ၊ နို့မှုန့်၊ ပျားရည်၊ ထမင်းရည်၊ လက်ဖက်ရည်၊ ဆန်ပြုတ်၊ ချေထားတဲ့ထမင်း၊ ဝါးခွံ့တဲ့ထမင်းစတာတွေ အပါအဝင် မိခင်နို့မှ လွဲပြီး အခြား အရည်၊ အဖတ်တွေ ကျွေးမွေးတာတွေက ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်… ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလိုလုပ်တာက အလေ့အကျင့်ကြီးတစ်ခုလို စွဲနေပါတယ်… အဲဒီလို အစာနဲ့ အရည်တွေ စောစောစီးစီး ကျွေးမွေးတာတွေက ဆေးရုံတွေမှာဆိုရင် (၂၃%) အထိ တွေ့ရပြီး အိမ်မှာ မွေးဖွားတယ်ဆိုရင် (၁၈%) ရှိတယ်ဆိုတာ တွေ့ရ ပါတယ်‌…ဆေးရုံမှာမွေးတာနဲ့ အိမ်မှာမွေးတာမှာ ဆေးရုံမှာမွေးတဲ့ ကလေး ရာခိုင်နှုန်းက ပိုပြီးမှ အခြားအရည်တွေ အစာတွေ ကျွေးခံနေရတာကို…

  • |

    မိခင်နို့နှင့် အခြားအရာများရောနှောကျွေးမွေးခြင်း Mixed feeding

    ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရော‌နှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရော‌နှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား… ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်… fb://photo/1503231806678606?set=a.983193882015737&sfnsn=mo ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့…

  • ကလေးနို့ဝမဝ ဘယ်လိုသိနိုင်မလဲ

    မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးလေးတွေကို မေမေတို့က မိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်(သို့) ကလေးကမိခင်နို့ ကောင်းကောင်းရနေတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်… မေမေ့ရဲ့ ဘေဘီလေးက · တက်ကြွပြီး နိုးကြားလှုပ်ရှားနေမယ် · နို့စို့ပြီးချိန်မှာ ပျော်ရွှင်ပြီး ကျေနပ်နေမယ် · ၂၄နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့တိုက်ကျွေးတာ ခံရမယ် · နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့အခြေအနေကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာ တွေ့ရမယ် · ကိုယ်အလေးချိန် နေ့စဉ် ၂၅ ဂရမ် မှ ၃၅ ဂရမ်ကြား အလေးချိန်တိုးလာမယ် (ရင်သွေးငယ်လေးက ပထမ ၅ ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့ ၇% ထက်လျော့လာပါတယ်…. ဒါပေမယ့် ၁၀ ရက်မြောက်မှာတော့ မွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိလာပါတယ်…)…

  • |

    နို့တိုက်မိခင် ကော်ဖီသောက်လို့ရလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို သကြားလို ချိုတဲ့ အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group…

  • G6PDဆိုင်ရာအကြံပြုချက်များ

    ခုတစ်လော အမေးများတဲ့ G6PD ကလေးတွေကို ဖြည့်စွက်စာကျွေးရာမှာ ဘာတွေလိုက်နာသင့်လဲဆိုတဲ့ မေးခွန်းနဲ့ဆက်စပ်လို့ ဒီပိုစ်လေးကိုတင်ပေးလိုက်ပါတယ်။ G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။…

Leave a Reply

Your email address will not be published. Required fields are marked *