အသက် ၁ မှ ၂ နှစ် ကြား ( ၁၂ လ မှ ၂၃ လ) ကလေးများကို အစာကျွေးနည်း

အသက် ၁ မှ ၂ နှစ် ကြား ( ၁၂ လ မှ ၂၃ လ) ကလေးများကို အစာကျွေးနည်း

အခုဆိုရင် ဖေဖေမေမေတို့ရဲ့ ကလေးက မတ်တပ်သွားနိုင်တဲ့ကလေး တစ်ယောက်ဖြစ်လာပါပြီ။ ကလေးက သူ့ရဲ့ ပတ်ဝန်းကျင်အကြောင်းကို နေ့စဉ်လေ့လာသင်ယူနေပါပြီ။ တစ်ချိန်တည်းမှာပဲ ကလေးက တွားသွားတဲ့ အဆင့်မှသည် လမ်းလျှောက်နိုင်သည်အထိ တိုးတက်လာပြီး အမြဲတစေလှုပ်ရှား ‌‌ဆော့ကစားနေပြီ ဖြစ်ပါတယ်။ အသက် တစ်နှစ်နဲ့ နှစ်နှစ်ကြားမှာ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များအနေနဲ့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း တို့ကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

တစ်နှစ်မှ နှစ်နှစ်အကြားကလေးငယ်များဟာ အစားအစာအကြောင်းနှင့် သူတို့ကိုယ်တိုင် အစာကို ဘယ်လိုစားမလဲဆိုတာ ပိုမိုလေ့လာသင်ယူနေကြပြီ ဖြစ်ပါတယ်။ လူကြီးများ အနေဖြင့် ကလေးငယ်များကို အားပေး ကူညီပေးရန် လိုအပ်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လက်ဆေးခြင်းကိုလည်း သင်ကြားပေးသင့်ပါတယ်။

အင်အားဓါတ် (ကယ်လိုရီများ) နှင့်အာဟာရများသည် အစားအစာအုပ်စု (၃) ခု ( အသားများ၊ ငါး၊ ကြက်ဥများ ၊ သစ်သီးဝလံ / ဟင်းသီးဟင်းရွက်များ) မှ ရရှိရန် လိုအပ်ပါသည်။ ပုံမှာပါတဲ့ ဇယားကို လေ့လာကြည့်နိုင်ပါတယ်။ https://drive.google.com/…/1634yt…/view…

၁ နှစ်မှ ၂ နှစ် အရွယ်ကလေးများ စားသင့်သည့် အစားအစာများ

လွယ်လွယ်ကူကူဝါးစားနိုင်ရန်အတွက် အစားအစာများကို အပိုင်းသေးသေးလေးများ ခွဲစိတ်ဖြတ်တောက်၍ သေးငယ်အောင် ပြုလုပ်ပေးထားသင့်ပါတယ်။

အသက် ၁ နှစ်မှ ၂ နှစ်အရွယ် ကလေးများအတွက် အကြံပြုချက်များ

ဤအသက်အရွယ်တွင် အဓိက အင်အားဓါတ် (ကယ်လိုရီ) နှင့်အာဟာရဓာတ်များကို အစားအစာမှ ရှိသင့်သည်။ သို့သော် မိခင်နို့တိုက်ကျွေးမှုသည် ကိုယ်ခံစွမ်းအားနှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါသည့်အရာ ဖြစ်သောကြောင့် ၂ နှစ်နှင့်အထက်အထိ ဆက်လက်တိုက်ကျွေးရန် အရေးကြီးသည်။

ကလေးကို အစားအစာ ကျွေးရာတွင် အစားကို အရင်ကျွေးပါ၊ ပြီးမှ မိခင်နို့တိုက်ကျွေးပါ။ ဤကလေးငယ်များအတွက် နို့တိုက်ကျွေးရန် အချိန် သတ်သတ်မှတ်မှတ် ထားသင့်ပါသည်။ ကလေးတောင်းတဲ့ အချိန်တိုင်း မတိုက်သင့်ပါ။ အသက်တစ်နှစ်ကျော်တွင် မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်အတွက် တစ်နေ့တာ လိုအပ်သည့် အင်းအားဓါတ် (ကယ်လိုရီ)၊ ပရိုတိန်းနှင့် အာဟာရများ၏ (၃၀%) အထိ ထောက်ပံ့ပေးနိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အသက် ၁ နှစ်အထက်၊ အသက် ၃ နှစ်၊ ၄ နှစ်၊ ၅ နှစ်ကလေးများအတွက် “follow-up milk” “Toddler milk” များ တိုက်ကျေးခြင်းကို အားမပေးပါ။ ထိုကဲ့သို့ သဘာတိုင်းမဟုတ်ဘဲ ပြုပြင်ထားသည့် နို့မှုန့်များတိုက်ကျွေးခြင်းသည် အာဟာရဓါတ်ကြွယ်ဝသော အစားအစာများကိုစားသုံးခြင်းအား အ‌နှောက်အယှက် ဖြစ်စေနိုင်ပါသည်။ ပြုပြင်ထားသောအစားအစာများ၏ အရသာကိုသာ ကလေးက သင်ယူသိရှိသွားပြီး သဘာဝအစားအစာများ၏ အရသာကို မသိရှိပဲ မကြိုက်တော့/ မစားတတ်တော့မျိုး ဖြစ်တတ်ပါသည်။

ကလေးငယ် အသက် (၁) နှစ်မှာ နွားနို့ သို့မဟုတ် ပဲနို့တို့ကို စတင် မိတ်ဆက် တိုက်ကျွေးသင့်ပါသည်။ ကြီးထွားရန်နှင့် အရိုးမာ သန်မာစေရန် အတွက် ပရိုတိန်း (အသားဓါတ်) နှင့်ကယ်လစီယမ် (ထုံးဓါတ်) တို့ လိုအပ်ပါသည်။

ကလေးများ၏ ခန္ဓာကိုယ်ကြီးထွားမှုနှင့် ကိုယ်အလေးချိန်တိုးတက်မှုသည် ပုံစံအမျိုးမျိုးရှိနေနိုင်ပါသည် ( တစ်လလျှင် ပေါင်ဝက်ခန့်/ တစ်နှစ်လျှင် ၆ ပေါင်မှ ၈ ပေါင် အထိ)။

ကလေးများသည် မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကို သင်ယူကြပါသည်။ ဗိုက်ဆာလျှင် အစာစားမည်။ ဗိုက်ပြည့်လျှင် စားတာ ရပ်မည်။ ဤအခြေအနေသည် တစ်ခါတစ်ရံတွင် အစားနည်းနည်းပဲစားပြီး တစ်ခါတရံတွင် အဆက်မပြတ် အများကြီးစားသောကြောင့် မိသားစုတွေအတွက် အားမလိုအားမရ ဖြစ်စေတတ်ပါတယ်။ တစ်ခါတရံတွင် သူတို့ နှစ်နှစ်ခြိုက်ခြိုက်စားခဲ့ဘူးသော အစားအစာများကိုတောင်မှ စားဖို့ ငြင်းဆန်တတ်ကြပါသည်။ သိုသော်လည်း စိတ်ရှည်ရှည်ဖြင့် ပြန်လည်မိတ်ဆက် ကျွေးမွေးပေးရန် လိုအပ်ပါသည်။

တစ်ခါတစ်ရံတွင် အချို့ အစားအစာ အရောင်၊ ပုံစံ၊ အရသာများကို စားရန် ငြင်းဆန်တတ်ပါသည်။ စိတ်ရှည်ရှည်ဖြင့်သာ မိတ်ဆက်ကျွေးမွေးပေးပါ။ နောက်ပိုင်းတွင် ဤအစားအစာများကို လက်ခံနိုင်ဖို့ သူတို့ သင်ယူလာပါလိမ့်မည်။

တစ်ခါတစ်ရံတွင်လည်း စားဖို့ စိတ်မပါပဲရှိနေတတ်ပါသည်။ ထိုသို့ဆိုလျှင် တစ်ကြိမ်တွင် ပမာဏနည်းနည်းနှင့် တစ်နေ့တာကလအတွင်း အကြိမ်ရေများများ ကျွေးပေးပါ။

တစ်ခါတစ်ရံ ယနေ့ ကျွေးသမျှအကုန်စားပြီး နောက်နေ့မှာတော့ သူမဟုတ်သလို ဘာမှ မစားချင်တာမျိုးလည်း ကြုံရတတ်ပါသည်။ ခန့်မှန်းရန် အလွန်ခက်ပါသည်။ တစ်ခါတစ်ရံ မနက်စာ‌တော့ စားပြီး ညနေစာကြ လုံးဝ မစားချင်တော့တာမျိုးလည်း ကြုံရတတ်ပါသည်။

ကလေးကို အစားစားရန် တိုက်တွန်းအား‌ပေးပါ။ သို့သေ် အတင်းစားစေခြင်း၊ အစားမစား၍ အော််ငေါက်ခြင်း ၊ ရိုက်ပုတ် ခြိမ်းချောက်ခြင်းများ လုံးဝမပြုလုပ်သင့်ပါ။ ခဏနေပြီးမှ နောက်တစ်ကြိမ် ပြန်လည် ကြိုးစားကျွေးကြည့်ပါ။

ဖေဖေမေမေ အနေနဲ့ အစာအုပ်စု စုံအောင် ကျွေးပေးရပါမည်။ အာဟာရမရှိသော အစာ (junk food) များ၊ အဆင့်ဆင့် ပြင်ဆင်ထုတ်လုပ်ထားသောအစာများ၊ အချို၊ အချိုရည်များ အနားတွင် ရှိမနေစေသင့်ပါ။

ကလေးကို ကျွေးသော အစာတွင် အဆီကို ကန့်သတ်ခြင်း မလုပ်သင့်ပါ။ ကလေးငယ်များ ဘေဘီလေးများနှင့် မတ်တပ်ပြေးအရွယ် ကလေးများသည် ၎င်းတို့ တစ်နေ့တာ လိုအပ်သော အင်အားဓါတ် (ကယ်လိုရီ) အားလုံး၏ ထက်ဝက်ခန့်ကို အဆီမှ ရရှိသင့်ပါသည်။ ဤအရွယ် ကြီးထွားဖွံ့ဖြိုးရန်အတွက် ကိုလက်စထရောနှင့် အခြား အဆီဓါတ်များသည်လည်း အရေးကြီးပါသည်။ ကလေးအသက် (၂) နှစ်ရောက်ပြီဆိုလျှင်မှသာ ကလေးကိုကျွေးသော အဆီပါဝင်မှုကို တဖြည်းဖြည်း လျော့ချရမည် ဖြစ်ပါသည်။

အပူလောင်ခြင်းကို ကာကွယ်ရန်အတွက် အစားအစာသည် အပူချိန်အနေတော်လေး ဖြစ်နေရန် သေချာစေရပါမည်။ အပူချိန်ကို မိဘကိုယ်တိုင် စစ်ဆေးကြည့်ပါ၊ အဘယ်ကြောင့်ဆိုသော် ကလေးသည် အပူကိုသေချာမသိပဲ ကောက်ယူစားသုံးလိုက်လျှင် အပူလောင်သွားစေနိုင်သည့်အတွက်ပဲ ဖြစ်ပါသည်။

ဟင်းခပ်မှုန့် အများကြီးပါသော အစားအစာ၊ အငန်များသော အစားအစာ၊ ထောပါတ် များများပါသော အစားအစာ၊ အချိုများသော အစားအစာများကို မကျွေးသင့်ပါ။ ယခုကဲ့သို့ ထပ်ပေါင်းထားသောအရသာများ ပါဝင်သော အစားအစာများကို ကျွေးမိလျှင် သဘာဝအစားအစာများ၏အရသာနှင့် အတွေ့အကြုံကို သေချာရရှိစေနိုင်မှာ မဟုတ်တေ့ပါ။ ထို့အပြင် ရေရှည်တွင် ကလေး၏ ကျန်းမာရေးအတွက် ဆိုးကျိုးများ သက်ရောက်စေနိုင်ပါသည်။

ကလေးငယ်သည် ဤအရွယ်တွင်လည်း အစာနင်နိုင်ပါသေးသည်။ ကလေးကို ကျွေးသမျှအစာအားလုံးသည် ၎င်းတို့ စား၍ လွယ်အောင် ချေထားသော၊ အရွယ်သေးသေးလေးများဖြစ်အောင် စိတ်ထားသော အရာမျိုး ဖြစ်သင့်ပါသည်။

ဖြတ်တောက်ရ၊ ဝါးရခက်သော အစားအစာများထဲတွင် မြေပဲ၊စပျစ်သီး၊ ဟော့‌‌ဒေါ့၊ မုံလာဥနီအလုံးလိုက်၊ အသားချာင်း၊ သကြားလုံးအမာနှင့် ကပ်စေးနဲသကြားလုံးတို့ ပါဝင်ပါသည်။

သင့်ကလေးကို ထိုင်ခုံမှာ သေချာထိုင်စေပြီး လူကြီးတစ်ဦးဦး၏ ကြီးကြပ်မှုအောက်တွင်သာ အစာစားစေသင့်ပါသည်။

ယခုကဲ့သို့ တနှစ်သားအရွယ်ကလေးများသည် အရာရာကို တပြိုင်နက်တည်း လုပ်ချင်တတ်ကြပါသည်။ ဥပမာ ပြေးလွှားဆော့ကစားရင်း အစားစာခြင်း သို့မဟုတ် စကားပြောရင်း အစားစားခြင်းများသည် ကလေးကို အစာနင်ခြင်း ဖြစ်သွားစေနိုင်ပါသည်။ ကလေးကို အစာ သေချာမြိုချပြီးမှ စကားပြောရမည်ဆိုသည်ကို သင်ကြားပေထားးရပါမည်။

အသက် တစ်နှစ်အရွယ်တွင် မိမိဘာသာ စားတတ်နိုင်ရန် ကလေးကို စတင်သင်ကြားပေးရပါမည်။ ကလေးကိုယ်တိုင်စားစေခြင်းသည် ရှုပ်ပွပေရေ၍ စိတ်ညစ်ရနိုင်သော်လည်း ကောင်းမွန်သောအလေ့အကျင့်ဖြစ်သောကြောင့် သင်ကြားပျိုးထောင်ပေးရန် လိုအပ်ပါသည်။

ကလေးရှိသာ မိသားစုများသည် ဟင်းချိုမှုန့်စားသုံးမှုကို ကန့်သတ်ရပါမည်။ အိုင်အိုဒင်းဆားကို အသုံးပြုရပါမည်။

တစ်နှစ်အသက်အရွယ်အတွက်နေ့စဉ်နမူနာ

မနက်စာ

ကြက်ဥကြော် တစ်လုံး

ထမင်း_ ထမင်းစားစတီးဇွန်း ၃ ဇွန်းခန့်

ငှက်ပျောသီး _တစ်ပိုင်း

သွားရည်စာ

ဘီစကစ် (၂) ချပ်

နွားနို့ ခွက် တစ်ဝက် (နွားနို့တစ်ခွက် = ၂၄၀ မီလီလီတာ)

နေ့လည်စာ

ထမင်း _ ထမင်းစားစတီးဇွန်း ၃ ဇွန်း

ဂေါ်ရခါးသီး _ ထမင်းစားစတီးဇွန်း ၁ ဇွန်း

ငါးကြော် _ ထမင်းစားစတီးဇွန်း ၂ ဇွန်း

ပဲလေးဟင်းချို_ ၁/၄ ခွက်

သွားရည်စာ

စပျစ်သီး (၅) လုံး (စိတ်ပြီးမှ ကျွေးရန်)

ညစာ

ထမင်း_ထမင်းစားစတီးဇွန်း ၃ ဇွန်း

ဟင်းနုနွယ်ရွက် _ ထမင်းစားစတီးဇွန်း ၁ ဇွန်း

ကြက်သားအာလူး – ထမင်းစားစတီးဇွန်း ၂ ဇွန်း

ပဲလေးဟင်းချို_ ၁/၄ ခွက်

သွားရည်စာ

နွားနို့ ခွက် တစ်ဝက်

Thelma Tun-Thein, MS, RDN

Similar Posts

  • စားသောက်ဖွယ်ရာ ဟင်းချက်နည်းစာအုပ်

    အခမဲ့ ဒေါင်းလုဒ်ရယူရန်နှိပ်ပါ။​ (World Concern Myanmar and Healthy and Happy Families တို့မှ ပူးပေါင်းဖန်တီးထားပါသည်။)​

  • |

    အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း

    အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း Disclaimer: ဤ High Energy Ball ပြုလုပ်နည်းသည် UNICEF မြန်မာမှ မျှဝေထားသော နည်းလမ်းအား ဒေသတွင်း လူမှုအဖွဲ့အစည်းတစ်ခုမှ စေတနာ့ဝန်ထမ်းအချို့၏ အကူအညီဖြင့် အနည်းငယ်ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါသသည်။ ဤ High Energy Ball ပြုလုပ်နည်းသည် အာဟာရချို့တဲ့သောကလေးများ (Acutely Malnourished) ကလေးများအတွက် Ready-to-use Therapeutic Food (RUTF) အာဟာရဆေးအစာများ မရရှိနိုင်သည့် အခြေအနေတွင် အစားထိုးအသုံးပြုရန်ဖြစ်ပါသည်။ လက်ရှိအရေးပေါ်ကာလတွင် ပြည်တွင်း/ ဒေသခံကူညီကယ်ဆယ်ရေး အဖွဲ့များ ကျန်းမာရေးနှင့်ညီညွတ်၍ ပြုလုပ်ရန်လွယ်ကူသော နည်းလမ်းတစ်ခုဖြစ်ပါသဖြင့် ဥာဏ်ရှိသလိုအသုံးချရန် မျှဝေပေးရခြင်းဖြစ်ပါသည်။ ပုံမှန် အစားအစာများကို မစားသုံးပဲ ဤ High Energy Ball…

  • | | |

    မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ

    ✨ မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ ✨ မင်္ဂလာပါ မေမေတို့ရေ… အိမ်မှုကိစ္စတစ်ဖက်၊ ရင်သွေးလေးအရေးတစ်ဖက်နဲ့ အမြဲအလုပ်ရှုပ်နေရတဲ့ မေမေတို့အတွက် သင်တန်းတက်ရတာ ပိုမိုလွယ်ကူ အဆင်ပြေသွားစေဖို့ ကျွန်မတို့ရဲ့ Website မှာ Self-paced Learning (မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်သောစနစ်) ကို အဆင့်မြှင့်တင် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။ 🌟 Self-paced Learning ဆိုတာ ဘာလဲ? အရင်လို သတ်မှတ်ထားတဲ့အချိန်မှာ Zoom ထဲဝင်စရာမလိုဘဲ မိမိအားလပ်တဲ့အချိန် (ဥပမာ – ရင်သွေးလေး အိပ်ပျော်နေချိန်၊ ညဘက်အေးအေးဆေးဆေးရှိချိန်) မျိုးမှာ Website ထဲဝင်ပြီး သင်ခန်းစာဗီဒီယိုတွေကို တစ်ခုချင်းစီ စိတ်ကြိုက်ကြည့်ရှုလေ့လာနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ 🛠️ ပြောင်းလဲသွားတဲ့ အချက်အလက်သစ်များ…

  • မြန်မာနိုင်ငံရဲ့ ပထမဆုံး အာဟာရဆိုင်ရာ AI Chatbot! 🇲🇲✨

    “Dohmeetharsulay” Page ကနေ မေမေဖေဖေတို့အတွက် နောက်ထပ်စိတ်လှုပ်ရှားစရာ ဝန်ဆောင်မှုအသစ်တစ်ခုကို ဝမ်းမြောက်စွာ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကတော့ ၂၄ နာရီပတ်လုံး မေးခွန်းတွေမေးနိုင်တဲ့ ကျွန်တော်တို့ရဲ့ AI အာဟာရလက်ထောက် Chatbot အသစ်လေးပါပဲ။ မင်မင်တို့အိပ်နေပေမယ့် Chatbot လေးကတော့ မအိပ်ပဲနေတာမို့လို့ တရေးနိုးသိချင်တာလည်း ထမေးလို့ရမှာဖြစ်ပါတယ်။​ မင်မင်တို့နဲ့ စကားပြောချင်တယ်ဆိုရင်တော့ Facebook Messenger မှာလာပြောပါနော်။ လက်ရှိမှာ စမ်းသပ်ဆဲကာလ (Testing Period) ဖြစ်တဲ့အတွက် အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ အကြံပြုချက်များနဲ့ သုံးစွဲမှုအတွေ့အကြုံများကိုလည်း ပြန်လည်မျှဝေဖို့ ဖိတ်ခေါ်ပါတယ်။ 🙌 ဒီ Chatbot က ဘာတွေဖြေပေးနိုင်မလဲ? ✅ ကလေးငယ်တွေရဲ့ အာဟာရအကြောင်း ✅ မိသားစုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများအကြောင်း ✅ အထွေထွေကျန်းမာရေး ဗဟုသုတများ ကျွန်တော်တို့ရဲ့…

  • |

    ကလေးကို အစာဝါးကျွေးသင့်သလား

    ကလေးကို အစာဝါးကျွေးသင့်သလား အစာကောင်းကောင်း မဝါးနိုင်သေးတဲ့ကလေးတွေကို လူကြီးတွေက ကိုယ်တိုင်ဝါးပြီး ကျွေးပေးတတ်ပါတယ်။ များသောအားဖြင့် မိခင်/ အနီးကပ်ဆွေမျိုးသားချင်းတွေ/ ကလေးထိန်းတွေက ကလေးကို ဖြည့်စွက်စာစကျွေးတဲ့အချိန်မှာ ဒါမျိုးလုပ်ပေးလေ့ရှိပါတယ်။ ပါးစပ်ထဲမှာဝါးလိုက်တဲ့ အစာဟာ တံတွေးကြောင့် အစာလုံးဖြစ်သွားပြီး အဲဒါကို ဇွန်းထဲထည့်ကျွေးခြင်း၊ လက်နဲ့ခွံ့ကျွေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ (Blender) လို့ခေါ်တဲ့ အစာကြိတ်စက် အသုံးမပြုသူ တော်တော်များများက ဒီလိုဝါးကျွေးတဲ့ နည်းလမ်းကို ယခင်က အသုံးပြုကြပါတယ်။ အမှန်တကယ်တော့ ကလေးငယ်ကို ကျွေးမယ့်အစားအစာတွေကို ကြိတ်ပြီး ဒါမှမဟုတ် နူးညံ့သွားအောင် ပြုတ်ပြီး ဇွန်းနဲ့ ခြေပြီး ကျွေးနိုင်ပါတယ်။ ဝါးမကျွေးသင့်ပါဘူး။ ကလေးကို ထမင်းအပါအဝင် အစာတွေဝါးကျွေးရင် ဝါးပေးတဲ့သူရဲ့ ခံတွင်းမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေဟာ နုနယ်လွန်းတဲ့ ကလေးဆီ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးမွှားဆိုတဲ့အထဲမှာ မြင်ရတဲ့ (ပါးစပ်နားမှာ…

  • G6PD ကလေးများအတွက် အကြံပြုချက်

    G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။ G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ် ကလေးမွေးပြီးနောက် လအနည်းငယ်တွင်ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆောင်ရွက်သင့်ပါသည်။ ချို့တဲ့သည်ဟု အဖြေတွေ့ရှိရပါက ဆရာဝန်သည် အဖြေကို ထပ်မံသေချာစေရန် နောက်တစ်ကြိမ် စစ်ဆေးမှု ပြလုပ်ရန် အကြံပြုကောင်း…

Leave a Reply

Your email address will not be published. Required fields are marked *