|

Homemade food vs ready made food

ပြီးခဲ့တဲ့အပတ်က အမေးအဖြေမှာ အိမ်လုပ်စားစရာများ (Home Made Food) နဲ့ အသင့်စား စားစရာများ (Ready Made Food) တွေအကြောင်း ဆွေးနွေးခဲ့တာလေးကို မိဘတွေအနေနဲ့ လေ့လာနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အိမ်လုပ်စားစရာတွေနဲ့ အသင့်စားစားစရာတွေမှာ သူ့ရဲ့ ကောင်းကွက်နဲ့သူ၊ သူ့အားနည်းချက်နဲ့သူ ရှိနေပါတယ်။ မိဘတွေအနေနဲ့ကတော့ မိမိရင်သွေးအတွက် ကိုယ်တိုင်ချိန်ဆ ရွေးချယ်နိုင်အောင် အစားအစာတွေရဲ့ ကောင်းကွက်နဲ့ အားနည်းချက်တွေကို အောက်မှာဖော်ပြထားတဲ့အတိုင်း မျှဝေပေးလိုက်ပါတယ်

အိမ်လုပ်စားစရာတွေရဲ့ကောင်းကွက်များ

အလတ်ဆတ်ဆုံးနှင့် အကောင်းဆုံးသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အသားများ၊ ငါးများကို စိတ်ကြိုက်ရွေးချယ် ချက်ပြုတ်နိုင်ပါခြင်း။

 အမေကိုယ်တိုင် ကလေးရဲ့ အစားအစာကို ဘာစားသင့်တယ်၊ ဘာတော့ မစားသင့်ဘူး စသည်ဖြင့် ဆုံးဖြတ်ထိန်းချုပ်နိုင်ခြင်း။

 ငါး ကျွေးခြင်းဖြင့် သဘာဝ Omega 3 ကို ရရှိစေခြင်း။

ကလေးအသက် တစ်နှစ်နှင့်အထက် အရွယ်ရောက်လာတဲ့အခါ ဒေသထွက် အစားအစာတွေရဲ့ အရသာ၊ အနံ့၊ ဖွဲ့စည်းပုံ၊ အပျော့အမာတို့ကို မိတ်ဆက်ပေးနိုင်ခြင်း။

 ကလေးတွေကို အစားအစာမျိူးစုံ လက်ခံတတ်အောင် သင်ကြားပေးနိုင်ပြီး၊ အစားမရွေးတဲ့ကလေး ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်ခြင်း။

 ကလေးတစ်ယောက်နဲ့တစ်ယောက်က မတူ‌သည့်အတွက် မိခင်က ကိုယ့်ကလေးဘာကြိုက်တတ်တယ်၊ ဘယ်လိုပုံစံကြိုက်တတ်တယ်ဆိုတာကို သိပြီး ကလေးအတွက် တစ်နေ့တာလိုအပ်ချက်ကို ချိန်ညှိကျွေးမွေးနိုင်ခြင်း။

 သဘာဝအစားအစာတွေက ရရှိတဲ့ အာဟာရဓါတ်တွေက အစာချေဖျက်နိုင်ဖို့၊ အစာလမ်းကြောင်းမှာ စုပ်ယူနိုင်ဖို့နဲ့၊ ခန္ဓာကိုယ်က စုပ်ယူထားတဲ့ အာဟာရဓါတ်တွေကို ကောင်းမွန်စွာ အသုံးချနိုင်ဖို့အတွက် ပိုမိုကောင်းမွန်ခြင်း။

 ချက်ပြုတ်ပြင်ဆင်တဲ့အခါ တာရှည်ခံဆေးဝါးတွေ၊ ထပ်ပေါင်းထည့်ထားတဲ့ အရာတွေ၊ ဓါတုပစ္စည်းတွေ မပါဝင်နိုင်ခြင်း။

 ကုန်ကျစရိတ် သက်သာပြီး မိသားစုအတွက် အရေးပေါ်အခြေအနေတွေနဲ့ ကလေးပညာရေးအတွက် သုံးစွဲနိုင်ဖို့ ငွေပိုစုမိစေနိုင်ခြင်း။

 မိခင်က ကလေးရဲ့ အာဟာရနဲ့ ကျန်းမာရေးအတွက် ဘာကျွေးရမယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်ကျွေးမွေးတဲ့အတွက် မိခင်အနေနဲ့ ဂုဏ်ယူရတဲ့ခံစားချက်မျိုးကို ခံစားရစေနိုင်ခြင်း။

 သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါတဲ့ အမျှင်ဓါတ်ကြောင့် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ခြင်း။


 အိမ်လုပ်စားစရာတွေရဲ့အားနည်းချက်များ 

 အမေကအစားအစာကို အချိန်‌ပေးပြင်ဆင်ရတဲ့အတွက် အချိန်ကုန်‌‌‌နိုင်ခြင်း။

 အသင့်စား အစားအစာတွေရဲ့ကောင်းကွက်များ


အသုံးပြုရ လွယ်ကူခြင်း။
အချိန်ကုန်သက်သာနိုင်ခြင်း။

အသင့်စား အစားအစာတွေရဲ့အားနည်းချက်များ

ကုမ္ပဏီက ဖော်စပ်ထားတဲ့အတိုင်းသာ ကလေးစားနိုင်ခွင့်ရှိခြင်း။
မိခင်အနေနဲ့ ကလေးရဲ့ အစားအစာထဲမှာ ပါရှိတဲ့အရာကို မထိန်းချုပ်နိုင်ခြင်း။
ကလေးက နိုင်ငံခြားအရသာရှိသော အစားအစာများကို ကြိုက်နှစ်သက်သွားပြီး နောက်ပိုင်းတွင် မြန်မာထမင်း၊ မြန်မာအစားအစာများနှင့် သွားရည်စာတွေကို စားရန်ငြင်းဆန်နိုင်ခြင်း။
အလွန်စျေးကြီးခြင်း။
အစားအစာ အပျော့အမာက တစ်ပုံစံတည်း အတူတူဖြစ်သောကြောင့် ကလေးက ဝါးရန်မလိုအပ်ဘဲ မျိုချရန်သာ သင်ယူတော့ပြီး နောက်ပိုင်း ပုံမှန် အစားအစာတွေ ကျွေးချိန်တွင် ပြဿနာတွေ ပေါ်လာနိုင်ခြင်း။

လတ်ဆတ်မှုမရနိူင်ခြင်း။

မည်သည့်အချိန်တည်းက ခူးဆွတ် ရိတ်သိမ်းထားလဲဆိုတာ မသိနိုင်ခြင်း။

မည်သို့ ကိုင်တွယ် ပြင်ဆင်ထားလဲဆိုတာ မသိနိုင်ခြင်း။
အစားအစာ ပြင်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းစဥ်တစ်လျှောက်တွင် ဓါတုပစ္စည်းများစွာကို အသုံးပြုထားခြင်း။
အလွန်အမင်း ပြုပြင်ထားသော အစားအစာတွေဖြစ်သောကြောင့် သဘာအတိုင်း မဟုတ်တော့ခြင်း။
အရသာအားလုံးသည် လူလုပ် အရသာတွေပဲဖြစ်နေခြင်း။ အသီးအရသာဆိုသော်လည်း တကယ့်အသီးများမှ ရခြင်းမဟုတ်ပါ။
ကြာရှည်ခံအောင် ဆေးဝါးတွေ အများကြီးသုံးထားခြင်း။
အာဟာရဓါတ်တွေသည်လည်း လူကနေဖန်တီးထားတဲ့ အရာတွေပဲ ဖြစ်ပြီး သဘာဝအတိုင်း ရတဲ့ အာဟာရ မဟုတ်ခြင်း။
ပြုပြင်ထုတ်လုပ်စဥ်မှာ ခဲဓါတ်၊ cadmium ဓါတ် နဲ့ ပြဒါးဓါတ်ကဲ့သို့ အန္တရာယ်ရှိသော အရာတွေ ပါဝင်နေတတ်ခြင်း။( ယခုကဲ့သို့သော ပြဿနာများကို အမေရိကန်နိုင်ငံတွင် တွေ့ရဖူးပါသည်။)
ဒီအချက်အလက်လေးတွေက ဖေဖေမေမေတွေအတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်တဲ့မိသားစုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်

Similar Posts

  • |

    ကလေးကို အစာဝါးကျွေးသင့်သလား

    ကလေးကို အစာဝါးကျွေးသင့်သလား အစာကောင်းကောင်း မဝါးနိုင်သေးတဲ့ကလေးတွေကို လူကြီးတွေက ကိုယ်တိုင်ဝါးပြီး ကျွေးပေးတတ်ပါတယ်။ များသောအားဖြင့် မိခင်/ အနီးကပ်ဆွေမျိုးသားချင်းတွေ/ ကလေးထိန်းတွေက ကလေးကို ဖြည့်စွက်စာစကျွေးတဲ့အချိန်မှာ ဒါမျိုးလုပ်ပေးလေ့ရှိပါတယ်။ ပါးစပ်ထဲမှာဝါးလိုက်တဲ့ အစာဟာ တံတွေးကြောင့် အစာလုံးဖြစ်သွားပြီး အဲဒါကို ဇွန်းထဲထည့်ကျွေးခြင်း၊ လက်နဲ့ခွံ့ကျွေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ (Blender) လို့ခေါ်တဲ့ အစာကြိတ်စက် အသုံးမပြုသူ တော်တော်များများက ဒီလိုဝါးကျွေးတဲ့ နည်းလမ်းကို ယခင်က အသုံးပြုကြပါတယ်။ အမှန်တကယ်တော့ ကလေးငယ်ကို ကျွေးမယ့်အစားအစာတွေကို ကြိတ်ပြီး ဒါမှမဟုတ် နူးညံ့သွားအောင် ပြုတ်ပြီး ဇွန်းနဲ့ ခြေပြီး ကျွေးနိုင်ပါတယ်။ ဝါးမကျွေးသင့်ပါဘူး။ ကလေးကို ထမင်းအပါအဝင် အစာတွေဝါးကျွေးရင် ဝါးပေးတဲ့သူရဲ့ ခံတွင်းမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေဟာ နုနယ်လွန်းတဲ့ ကလေးဆီ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးမွှားဆိုတဲ့အထဲမှာ မြင်ရတဲ့ (ပါးစပ်နားမှာ…

  • |

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ခန္ဓာကိုယ်ပေါ် အရေပြားချင်းထိပြီး တင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကို ကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီ းနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်း ထိထားပေးရင်းနဲ့ပဲ မွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်မယ်ဆိုရင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကိုလည်း အားပေးတယ်… ကလေးနဲ့အမေကို စိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့အတွက် လိုအပ်တဲ့ နို့ရည်ကို စောစောစီးစီလည်း…

  • ကလေးသွားပေါက်လာရင်မိခင်နို့တိုက်တာရပ်ဖို့လိုမလား

    သွားပေါက်လာလို့တော့ နို့ဖြတ်ဖို့မလိုပါဘူး။ ကလေးအကြီးတွေကတော့ ကျီစယ်ကစားလိုတဲ့ အတွက် ကိုက်ကြတာပါ။ကလေးဆိုးတာ မဟုတ်ပါဘူး။ အဲဒီလို အကိုက်ခံရရင် ကလေးငယ်ကို မေမေတို့နို့ကနေ ဖယ်လိုက်ပြီးတော့ ဒီလိုလုပ်တာဟာ မကောင်းဘူးဆိုတာပြောပြပါ။ မေမေတွေက နို့ကိုကိုက်တာကို မကြိုက်ဘူးဆိုတာကို လေးလေးနက်နက် ပြောနေတယ်ဆိုရင် သူတို့နားလည်လာပါလိမ့်မယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

  • ကိုယ်ဝန်ဆောင်ချိန်တုန်းက တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ စဥ်းစားနေပြီလား

    မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်တုန်းက တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ စဥ်းစားနေပြီလား။ အကြံဥာဏ်ကောင်းလေးတွေ ပေးမယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးလာတာကို မြန်မြန်လျော့ချဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ခန္ဓာကိုယ် ပြန်ရဖို့အတွက်ဆိုရင်တေ့ မိခင်နို့ကို တိုက်ဖို့စဥ်းစားရပါမယ်။မိခင်နို့တိုက်နေစဥ်မှာပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီး၊ အရွက်၊ အသား၊ ငါး၊ဥအမျိုးမျိူးတွေ စားပေးဖို့လိုသလို တနေ့တကြိမ် လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုပါမယ်။ ဒီလို မိခင်နို့တိုက်ကျွေးပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်မယ်ဆိုရင် ကိုယ်အလေးချိန်မြန်မြန်ကျပြီး နဂိုခန္ဓာကိုယ်ကို ပြန်ရမှာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် မေးခွန်းလေးအချို့ကို ဖြေပေးပြီး Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

  • အိမ်မှာကိုယ်တိုင်ချက်စားစရာနှင့် Read-made စားစရာ

    ပြီးခဲ့တဲ့အပတ်က အမေးအဖြေမှာ အိမ်လုပ်စားစရာများ (Home Made Food) နဲ့ အသင့်စား စားစရာများ (Ready Made Food) တွေအကြောင်း ဆွေးနွေးခဲ့တာလေးကို မိဘတွေအနေနဲ့ လေ့လာနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အိမ်လုပ်စားစရာတွေနဲ့ အသင့်စားစားစရာတွေမှာ သူ့ရဲ့ ကောင်းကွက်နဲ့သူ၊ သူ့အားနည်းချက်နဲ့သူ ရှိနေပါတယ်။ မိဘတွေအနေနဲ့ကတော့ မိမိရင်သွေးအတွက် ကိုယ်တိုင်ချိန်ဆ ရွေးချယ်နိုင်အောင် အစားအစာတွေနဲ့ ကောင်းကွက်နဲ့ အားနည်းချက်တွေကို အောက်မှာဖော်ပြထားတဲ့အတိုင်း မျှဝေပေးလိုက်ပါတယ် အိမ်လုပ်စားစရာတွေရဲ့ကောင်းကွက်များ   အိမ်လုပ်စားစရာတွေရဲ့အားနည်းချက်များ   အမေကအစားအစာကို အချိန်‌ပေးပြင်ဆင်ရတယ်။  အသင့်စား အစားအစာတွေရဲ့ကောင်းကွက်များ  အသင့်စား အစားအစာတွေရဲ့အားနည်းချက်များ ဒီအချက်အလက်လေးတွေက ဖေဖေမေမေတွေအတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။အားလုံးပဲကျန်းမာပျော်ရွှင်တဲ့မိသားစုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ Healthy and Happy Families ရဲ့ Page ကိုလည်း Like & Share လုပ်ထားကြပါဦးနော်။ 

Leave a Reply

Your email address will not be published. Required fields are marked *