ဖြည့်စွက်စာကျွေးခြင်း

အသက် (၆) လမှာ ကလေးကို ဖြည့်စွက်စာစတင်ကျွေးမွေးတဲ့အချိန်ဟာ မေမေတို့အတွက် (သို့) မိသားစုအတွက် အကြီးမားဆုံး၊အရေးကြီးဆုံး ခြေလှမ်းအစတစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှအကြံပြုထားသောအချက်များအရ ကလေးအသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရပါမယ်။ ကလေးအသက် (၆) လမှစတင်ပြီး ကိုယ့်အရပ် ကိုယ့်ဒေသတွင်းရရှိနိုင်တဲ့ အာဟာရ ပြည့်ဝတဲ့အစားအစာတွေ (ကစီဓာတ်ပါဝင်သော အစားအစာများ၊ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး) ကို စတင်ကျွေးနိုင်ပါတယ်။ ကလေးငယ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ရရှိနိုင်တဲ့ အစားအစာတွေကို ဦးစားပေးပြီး ကျွေးသင့်ပါတယ်။ ဒါအပြင် ကလေးအသက် (၂) နှစ်နှင့် (၂) နှစ်ကျော်သည်အထိ မိခင်နို့ဆက်လက် တိုက်ကျွေးသင့်ပါတယ်။

ကလေးကိုဖြည့်စွက်စာစတင်ကျွေးမွေးရာတွင်လိုက်နာရမည့်အချက်များ

(၁) ကလေးကိုမိခင်၏ပေါင်ပေါ်တွင် တင်ပြီးကျွေးပါ။

(၂) နောက်ပိုင်းတွင် ကလေးကိုကြမ်းပြင်တွင်ထိုင်၍ဖြစ်စေ၊ အစာကျွေးသည့်ထိုင်ခုံပေါ်တွင်ထိုင်ခိုင်း၍ဖြစ်စေ ကျွေးမွေးနိုင်ပါတယ်။

(၃) ကလေးကိုအစာကျွေးသောအချိန်သည် အစားအသောက်အကြောင်း သင်ယူလေ့လာသောအချိန် ဖြစ်ပါစေ။

(၄) ကလေးနှင့်အတူထိုင်ပါ၊ စိတ်ရှည်ရှည်ထားပါ၊ စိတ်ပါလက်ပါ အားပေးစကားပြောကြားရင်းကျွေးပါ။

(၅) ကလေးအသက် (၇)လ-(၈)လ ခန့်မှာ ကလေးကိုယ်တိုင် ကိုင်စားနိုင်တဲ့အစာကို ပေးကိုင်ပြီးကျွေးပါ။

(၆) ကလေးများသည်အစားအစာကို ကိုယ်တိုင်စားရန်သင်ယူခြင်းသည် ကလေးဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေပါတယ်။

(၇) အစာ (ထမင်း) စားချိန်သည် ကလေးအတွက်ပျော်စရာအချိန်လေးတစ်ခု၊ မှတ်သားစရာ သင်ခန်းစာလေးရချိန်တစ်ခုဖြစ်အောင် ဖန်တီးပေးပါ။

(၈) ကလေးအတွက် အစားအစာတည့်၊ မတည့်ကိုသိနိုင်ရန် အစားအစာအသစ်တစ်မျိုးကို ၃-၄ ရက်တခါ စမ်းကျွေးပါ။

(၉) ကလေးကို အစားအစာကျွေးရာတွင် အားပေးစကားများ တတွတ်တွတ်ပြောပေးပါ။အစာမသီးစေရန်၊ မနင်စေရန် ဂရုစိုက်ပါ။

(၁၀) မိသားစုနှင့်အတူစားကာ သင်ယူလေ့လာစေပါ။

(၁၁) အစာကျွေးရာတွင် ကလေး၏ပါးစပ်နှင့် သင့်လျော်သေ်ဇွန်းကို အသုံးပြုပါ။

(၁၂) ကလေးကိုအစားအစာကျွေးမွေးရာတွင် လက်ဖြင့်ကျွေးမည်ဆိုပါက လက်သည်းများသေချာစွာ ညှပ်ထားပါ၊ လက်ကိုဆပ်ပြာဖြင့် ဆေးပါ။

(၁၃) ကလေးကို အစားအစာကျွေးမွေးရာတွင် အချိန်မှန်၊ နေရာမှန်ကျွေးပါ။

အစားအစာကျွေးမွေးရာတွင် ရှောင်ရမည့်အချက်များ

အစားအစာများကို ဝါးပြီးမကျွေးပါနှင့်။

အစားအစာများကို ချေရန်အတွက် သင့်တင့်သောပစ္စည်းများကိုအသုံးပြု၍ ချေကျွေးပါ။

ကလေးမစားလိုပါက ဇွတ်အတင်းအကြပ်မကျွေးပါနှင့်။

ပက်လက်အနေအထားဖြင့်ဖြစ်စေ၊ အိပ်ယာပေါ်တွင်လဲလျောင်းသည့်အနေအထားဖြင့် အစားအစာမကျွေးပါနှင့်။

ကလေးကိုအစားအစာကျွေးမွေးရာတွင် ခြိမ်းခြောက်၍သော်လည်းကောင်း၊ အော်ဟစ်၍သော်လည်းကောင်း မကျွေးပါနှင့်။

ကလေးကိုအစားအစာကျွေးမွေးရာတွင် အရုပ်များဖြင့်ဆော့ကစားစေပြီး မကျွေးပါနှင့်။

TV ကြည့်၍သော်လည်းကောင်း၊ ဖုန်းကြည့်ခိုင်း၍သော်လည်းကောင်း ကလေးကို အစားအစာမကျွေးပါနှင့်။

အစားအစာကျွေးမွေးရာတွင် တစ်ခုခုဖြင့်အာရုံပြောင်းပြီး မကျွေးပါနှင့်။

အသက် ၆-၁၂ လအရွယ်ကလေးကိုအစားအစာစတင်ကျွေးမွေးပုံ

အသက် ၆-၁၂ လအရွယ်ကလေးကိုအစားအစာစတင်ကျွေးမွေးပုံဇယားလေးကို အောက်က လင့်ကလေးကနေ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

http://bit.ly/hhfcftable

သန့်ရှင်းမှု

အစားအစာများကို ရေသေချာဆေးပါ။ ကျက်သည်အထိချက်ပါ။ အစားမကျွေးခင် ကျွေးမည့်သူ၏လက်နှင့် ကလေး၏လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။ သန့်ရှင်းသောပန်းကန်၊ ခွက်များကို အသုံးပြုပါ။

အကြံပြုချက်များနှင့်သတိထားရန်အချက်များ

(၁) အစားအစာကျွေးပြီးတိုင်းမိခင်နို့တိုက်ကျွေးပါ။

(၂) အသင့်စားအစားအစာများသည် အလွယ်တကူရသော်လည်း သကြားနှင့်အခြားသဘာဝကိုတုပထားသောအရာများ ပါဝင်မှုနှုန်းမြင့်မားပါတယ်။ ထိုအရာများကိုကျွေးခြင်းဟာ ကလေးအသက်ကြီးလာသောအခါ အစားအသောက် ချေးများတတ်ပါတယ်။

(၃) ကလေးအစားအသောက်များ ပြင်ဆင်ချက်ပြုတ်ခြင်းနှင့် ချေခြင်းအတွက် ကြိတ်စက်များ၊ အခြားပေါင်းအိုးများ မလိုအပ်ပါ။ အခြားထောင်းခြေသည့် ကိရိယာပစ္စည်းများကိုအသုံးပြုနိုင်ပါတယ်။

(၄) ကလေးများသည် အစားအစာများကို ပထမအစပိုင်းတွင် ငြင်းဆန်လေ့ရှိပါတယ်။ ၂ကြိမ် ၃ကြိမ်ခန့်ငြင်းသော်လည်း မကျွေးပဲမနေပါနှင့်။ဆက်လက်ပြီး ကြိုးစား၍ ကျွေးပါ။

(၅) ကလေးဝါးစားရန်အတွက် မာသောအရာများကို ပမာဏ အရွယ်အစား အကြီးကြီးမပေးပါနှင့်။ အပိုင်းသေးလေးများပိုင်းပြီး ကျွေးပါ။

(၆) ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကလေးအသက် (၁) နှစ်ကျော်သည်အထိ မိခင်နို့အစားထိုးနို့မှုန့်များတိုက်ကျွေးရန် အကြံမပြုထားပါ။

(၇) ကလေးများသည် သဘာဝမှရရှိသောအစားအစာများဖြင့် အကောင်းဆုံးကျန်းမာစွာ ရှင်သန်ကြီးထွားနိုင်ကြပါတယ်။

သဲလ်မာထွန်းသိန်း၊အာဟာရပညာရှင်၊ MS, RDN,IBCLC,RLC

Similar Posts

  • |

    အသက် (၆) လအောက်မှာ ရေတိုက်ဖို့လိုလား

    ဖေဖေ မေမေတို့ရေ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုတာကလေးကမိခင်နို့တစ်မျိုးတည်း ရရှိသောက်သုံးတာကို ဆိုလိုပါတယ်။ တခြား အရည်တွေတခြားအစားအစာတွေ မပါပါဘူး။ ရေတောင် မပါရပါဘူး။ ဒါပေမယ့် လိုအပ်လို့ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားထားတဲ့အခါ ဓာတ်ဆားရည်၊ အားဆေးနဲ့ တခြားဆေးရည်တွေတော့တိုက်လို့ရပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက် ပထမဆုံး (၆) လ အတွင်းမှာ လိုအပ်တဲ့ ရေနဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ မိခင်နို့တစ်ကြိမ်တိုက်ကျွေးတိုင်း အစောပိုင်း ထွက်လာတဲ့ နို့ရည်မှာ ရေဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေ ရေဆာမှာပဲလို့ မေမေတို့ထင်ရင်ကလေးကိုနို့သာတိုက်လိုက်ပါနော်။ ကလေးတွေ ရေဆာပြေတဲ့အပြင် ရောဂါကာကွယ်နိုင်စွမ်း လည်းတိုးလာမယ်။ ကလေးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဟာ ပထမ (၆) လ မှာ ‌ရေသောက်ဖို့မလိုအပ်ပါဘူး။ မြန်မာနိုင်ငံလို ပူပြင်းတဲ့ဒေသမှာတောင် မလိုအပ်ပါဘူးနော်။ ဒါကြောင့် ကလေးရေဆာတယ်ထင်ရင်…

  • G6PD ကလေးများအတွက် အကြံပြုချက်

    G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။ G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ် ကလေးမွေးပြီးနောက် လအနည်းငယ်တွင်ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆောင်ရွက်သင့်ပါသည်။ ချို့တဲ့သည်ဟု အဖြေတွေ့ရှိရပါက ဆရာဝန်သည် အဖြေကို ထပ်မံသေချာစေရန် နောက်တစ်ကြိမ် စစ်ဆေးမှု ပြလုပ်ရန် အကြံပြုကောင်း…

  • |

    မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေး

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေးကို မျှဝေပေးပါရစေ… မေမေ့နို့ရည်ကတော့ဘာနဲ့မှ နှိုုင်းယှဉ်လို့မရတာ အသေအချာပါပဲ… မေမေ့ခန္ဓာကိုယ်ကနေ ရင်သွေးလေးအတွက် ထုတ်လုပ်ပေးတဲ့နို့ကို ဘယ်အရာကမှ အတုအပ မလုပ်နိုင်ပါဘူး…. မေမေနို့ရည်မှာ ပါဝင်နေတဲ့အမျိုးအမည်ပေါင်း ၁၀၀၀၀၀ ကျော်ရှိပါတယ်… အဲဒါတွေအားလုံးက ကလေးရဲ့ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေဖို့၊ ကလေးငယ်ဘဝ/လူကြီးဘဝတလျောက်မှာ အကောင်းဆုံးကိုယ်ခံစွမ်းအား ရှိစေဖို့၊ လူကြီးဘဝမှာလည်း ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်… မိခင်နို့တစ်စက်မှာ ကလးငယ်တွေကို ရောဂါပိုးတွေက ကာကွယ်ပေးဖို့ သွေးဖြူဥ ၁,၀၀၀,၀၀၀ ပါရှိတယ်…… ဒါတွေကို ပုံတူကူး ထုတ်လုပ်လို့မရပါဘူး…. ဘယ်အမှတ်အသားနှင့်ဘယ်အမှတ်တံဆိပ်ကမှ မိခင်နို့ရဲ့ တုနှိုင်းမမီတဲ့ စံ ကို မယှဉ်ပြိုင် နိုင်ပါဘူးလို့ပဲ ပြောချင်ပါတယ်…. *သက်ရှိဆဲလ်နဲ့ သက်မဲ့ ဆဲလ်များ* မိခင်နို့က အသက်ရှိတယ်လို့ပြောလို့ရတဲ့ရှင်သန်လှုပ်ရှားနေတဲ့ ဆဲလ်အရှင်တွေနဲ့စုဖွဲ့ထားတယ်… ရင်သွေးငယ်ကို ဘက်တီးရီးယားပိုးတွေတိုက်ခိုက်ခြင်းကနေကာကွယ်ဖို့…

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော ဒို့မိသားစုလေး Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မာတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။…

  • |

    ဘယ်အသက်အရွယ် ရောက်ရင် မိခင်နို့အပြင် ဖြည့်စွက်စာတွေ စကျွေးရမလဲ

    ဒီမေးခွန်းရဲ့ အဖြေကို အားလုံးသိကြပြီးသားဖြစ်မှာပါ။ ဟုတ်ပါတယ်။ အသက် (၆) လမှာ ဖြည့်စွက်စာ စကျွေးရပါမယ်။ ဘာကြောင့်လဲ။ ဒီမေးခွန်းကတော့ ကျန်းမာရေးဗဟုသုတ လိုက်စားတဲ့ ဖေဖေမေမေတွေ အတွက်တော့ ခက်တဲ့ မေးခွန်းမဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတော်တော်များများဟာ သူတို့အသက် (၆) လ မပြည့်ခင်မှာ မိခင်နို့မဟုတ်တဲ့ အစားအစာ တစ်မျိုးမျိုးကို ကျွေးတာကိုခံရပါတယ်။ အမှန်တော့ လူကြီးတွေက ချစ်လို့ ကျွေးကြတာပါ။ ဒါပေမယ့် အကျိုးအကြောင်းအဆိုးအကောင်းကို မသိတော့ ချစ်ရာမရောက်ပဲ ကလေးအတွက် အန္တရာယ်ကျရောက်စေတဲ့ အခြေအနေမျိုးတွေကို ဖန်တီးပေးသလိုဖြစ်သွားတတ်ပါတယ်။ မိခင်တွေ ဖွဲ့ထားတဲ့ Facebook Group လိုနေရာမျိုးတွေမှာ မေမေတွေ သူတို့ရဲ့ (၂) လ (၃) လအရွယ် ဘေဘီလေးတွေကို ထမင်းခွံ့နေတဲ့ပုံလေးတွေ၊ အခြား အာဟာရမှုန့်တွေ baby…

  • | |

    ပိုပိုနဲ့ချိုချိုတို့ဘာလို့ဘဝတွေကွာခြားသွားခဲ့ကြသလဲ

    အားလုံးပဲမင်္ဂလာပါ… ပိုပိုနဲ့ချိုချို သူငယ်ချင်းနှစ်ယောက်ရဲ့ ဘဝနှစ်ခုက ဘာကြောင့် ဘယ်လိုကွာခြားသွားကြသလဲ လေ့လာကြည့်ကြရအောင်ပါနော်… ပြန်လည်မျှဝေခွင့်ပေးတဲ့ မူရင်းဖန်တီးတဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *