အသက် ၆လထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း

ဖေဖေ မေမေတို့ရေ။

မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုတာ ကလေးက မိခင်နို့တစ်မျိုးတည်း ရရှိသောက်သုံးတာကို ဆိုလိုပါတယ်။ တခြား အရည်တွေ တခြားအစားအစာတွေ မပါပါဘူး။ ရေတောင် မပါရပါဘူး။ ဒါပေမယ့် လိုအပ်လို့ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားထားတဲ့အခါ ဓာတ်ဆားရည်၊ အားဆေးနဲ့ တခြားဆေးရည်တွေတော့တိုက်လို့ရပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက် ပထမဆုံး (၆) လ အတွင်းမှာ လိုအပ်တဲ့ ရေနဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။

မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ မိခင်နို့တစ်ကြိမ်တိုက်ကျွေးတိုင်း အစောပိုင်း ထွက်လာတဲ့ နို့ရည်မှာ ရေဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေ ရေဆာမှာပဲလို့ မေမေတို့ထင်ရင် ကလေးကိုနို့သာတိုက်လိုက်ပါနော်။ ကလေးတွေ ရေဆာပြေတဲ့အပြင် ရောဂါကာကွယ်နိုင်စွမ်း လည်းတိုးလာမယ်။ ကလေးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဟာ ပထမ (၆) လ မှာ ‌ရေသောက်ဖို့မလိုအပ်ပါဘူး။ မြန်မာနိုင်ငံလို ပူပြင်းတဲ့ဒေသမှာတောင် မလိုအပ်ပါဘူးနော်။

ဒါကြောင့် ကလေးရေဆာတယ်ထင်ရင် မေမေ့ချိုချိုကိုသာ တိုက်လိုက်ပါ။ သူတို့ရင်ကို အေးမြစေမှာပါ။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် မေးခွန်းလေးအချို့ကို ဖြေပေးပြီး Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • နို့ရည်တွေစိမ့်ထွက်နေတာ ဘယ်လိုဖြေရှင်းနိုင်မလဲ

    ဒီမေးခွန်းလေးကတော့ အပြင်မကြာခဏ သွားရတတ်တဲ့ မေမေတွေ၊ အလုပ်လုပ်နေတဲ့ Working Moms တွေအတွက်သိချင်နေမယ့် မေးခွန်းလေးဖြစ်ပါလိမ့်မယ်။ မိခင်နို့ချိုတိုက်ကျွေးခြင်း အစောပိုင်းကာလတွေမှာ နို့ရည်စိမ့်ထွက်မှုက အများဆုံးဖြစ်လေ့ရှိပါတယ်။ မေမေတို့က ရင်သွေးငယ်လေးတွေကို မြင်မယ်၊ ကြားမယ်၊ ထွေးပွေ့မယ်ဆိုရင် ဒါမှမဟုတ် ကလေး အကြောင်းစဉ်းစားလိုက်မိမယ်ဆိုရင် မေမေတို့ရဲ့ ဦးနှောက်က oxytocin ထုတ်ပေးပြီးတော့ အဲဒီ oxytocin က မေမေတို့ရဲ့ ရင်သားတွေကနေ နို့ရည်တွေ စိမ့်ထွက်စေတော့တာပါဘဲ။ နို့အမဲကွင်းနဲ့ နို့သီးခေါင်းလေးတွေကို နည်းနည်းဖိပေးလိုက်မယ်ဆိုရင် စိမ့်ထွက်တာ ရပ်တန့်စေနိုင်ပါတယ်။ တကယ်တော့ ဒါက နို့ထွက်တယ်ဆိုတဲ့ လက္ခဏာကောင်းတစ်ခုဘဲဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Groupလေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member ဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • |

    ရင်သွေးငယ်တို့ရဲ့အသက်ပထမခြောက်လအတွင်းရေပေးဖို့မလိုအပ်တာ ဘာကြောင့်ပါလဲ

    ရင်သွေးငယ်တို့ရဲ့ အသက်ပထမခြောက်လအတွင်း ရေတိုက်ပေးဖို့မလိုအပ်တာ ဘာကြောင့်ပါလဲ မေမေတို့ရဲ့ မိခင်နို့မှာ ရေဓါတ်က (၈၇) ရာခိုင်နှုန်းကျော်ပါဝင်ပါတယ်။အထူးအားဖြင့်ကလေးကို နို့တိုက်တိုင်း ပထမဆုံးထွက်လာတဲ့နို့မှာ ပါဝင်တာပါ။ ဒါကြောင့်မို့လို့ ကလေးကရေဆာနေတယ်လို့ မေမေတို့ခံစားရတဲ့အခါတိုင်း သူတို့ကို မိခင်နို့တိုက်နိုင်ပါတယ်။ အဲဒီလို မိခင်နို့တိုက်လိုက်ရင် ကလေးက ရေဆာပြေသွားသလို ကလေးငယ်ကို ရောဂါပိုးတွေ ကူးစက်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ ဒါ့အပြင် ကလေးငယ် ကောင်းကောင်းကြီးထွားဖို့လည်း ကူညီပါလိမ့်မယ်။ မြန်မာနိုင်ငံလို ပူပြင်းတဲ့ရာသီဥတုမှာတောင် (၆) လအရွယ်မတိုင်မီ ကလေးတွေက ရေမလိုအပ်ပါဘူး။ (၆) လထက် ငယ်တဲ့ကလေးတွေက ရေဆာနေတယ်လို့ ထင်လာခဲ့ရင် မိခင်နို့သာတိုက်လိုက်ပါ။အဲလိုအချိန်မျိုးမှာ နို့မှုန့်တွေ၊ ရေတွေတိုက်ကျွေးတာက ကလေးတွေရဲ့ အစာအိမ်ကို သဘာဝနည်းနဲ့ ကျယ်ပြန့်စေတာမျိုးမဟုတ်တာကြောင့် ကလေးတွေကို ရောဂါပိုးတွေနဲ့ ထိတွေ့စေပါလိမ့်မယ်။ အူလမ်းကြောင်းအတွင်းက ဇီဝပိုးလေးတွေကိုလည်း အပြောင်းအလဲတွေ ဖြစ်ပေါ်စေပြီးတော့ ကိုယ်ခံ…

  • မေမေတို့ရင်သားတွေက မိခင်နို့လုံလောက်အောင်ထုတ်ပေးနိုင်လား

    အမျိုးသမီးအများစုကတော့ မိခင်နို့ လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ဝန် စတုတ္ထမြောက်လလောက်မှာ နို့ဦးရေ(colostrum) ကို စထုတ်ပေးတာပါ။မိသားစုဝင်တွေ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ သူတွေက “မေမေတို့မှာ နို့မရှိဘူး”လို့ပြောလာခဲ့ရင် ဒါက မမှန်နေပါဘူး။ ရင်သွေးလေးတွေကပထမသုံးရက်အတွင်း နို့ဦးရေ (colostrum) သာလိုအပ်တာပါ။ နောက်ပိုင်းထွက်တဲ့ မိခင်နို့ (မြင်နေကျ နို့ရည်အဖြူ) ထုတ်ပေးဖို့ ၃ ရက်လောက်ကြာပါတယ်။ ကလေးငယ်လေးတွေရဲ့အစာအိမ်အရွယ်အစားနဲ့ မိခင်နို့လိုအပ်တဲ့ ပမာဏကို လေ့လာနိုင်ဖို့ ဒီပို့စ်လေးကိုဖတ်ကြည့်ပါ။ https://www.facebook.com/…/a.98319388…/1515910438744076/ ရင်သွေးငယ်လေးတွေကို မိခင်နို့တိုက်တဲ့အခါမှာ နို့တိုက်တဲ့ပုံစံမှကလည်း မှန်မယ်၊ မေမေတို့နဲ့ ရင်သွေးလေးတို့ရဲ့ထိတွေ့ထားတဲ့ ပုံစံကလည်း မှန်တယ်ဆိုရင် ရင်သွေးလေးတွေက နို့ကို ကောင်းကောင်းစုပ်ယူနိုင်သလို သူတို့ကို ကောင်းကောင်း နို့တိုက်ပြီးသားလည်း ဖြစ်စေမှာပါ။ မကြာမကြာ မိခင်နို့တိုက်ပေးတာကလည်း မေမေတွေအတွက်နို့ပိုထွက်စေမှာပါ။ နို့ငုံကောင်းစေမယ့် နည်းလမ်းလေးတွေကို ဒီဗွီဒီယိုလေးမှာလေ့လာပေးပါ။ https://fb.watch/6ppdAMTmst/ ကိုယ်နဲ့ ကလေးအတွက် အဆင်ပြေနိုင်မယ့်…

  • |

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ခန္ဓာကိုယ်ပေါ် အရေပြားချင်းထိပြီး တင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကို ကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီ းနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်း ထိထားပေးရင်းနဲ့ပဲ မွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်မယ်ဆိုရင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကိုလည်း အားပေးတယ်… ကလေးနဲ့အမေကို စိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့အတွက် လိုအပ်တဲ့ နို့ရည်ကို စောစောစီးစီလည်း…

  • ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခု

    မေမေတို့ရေ… ဒီနေ့တော့ ကျေးလက်ဒေသမှာသာမကပဲ မြို့ကြီးတွေ‌ပေါ်မှာတောင် လုပ်လေ့လုပ်ထများတဲ့ ကလေးတွေအတွက်လည်း အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခုအကြောင်း ပြောပြပါမယ်… မွေးကင်းစကလေးလေးတွေကို ရေ၊ နို့မှုန့်၊ ပျားရည်၊ ထမင်းရည်၊ လက်ဖက်ရည်၊ ဆန်ပြုတ်၊ ချေထားတဲ့ထမင်း၊ ဝါးခွံ့တဲ့ထမင်းစတာတွေ အပါအဝင် မိခင်နို့မှ လွဲပြီး အခြား အရည်၊ အဖတ်တွေ ကျွေးမွေးတာတွေက ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်… ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလိုလုပ်တာက အလေ့အကျင့်ကြီးတစ်ခုလို စွဲနေပါတယ်… အဲဒီလို အစာနဲ့ အရည်တွေ စောစောစီးစီး ကျွေးမွေးတာတွေက ဆေးရုံတွေမှာဆိုရင် (၂၃%) အထိ တွေ့ရပြီး အိမ်မှာ မွေးဖွားတယ်ဆိုရင် (၁၈%) ရှိတယ်ဆိုတာ တွေ့ရ ပါတယ်‌…ဆေးရုံမှာမွေးတာနဲ့ အိမ်မှာမွေးတာမှာ ဆေးရုံမှာမွေးတဲ့ ကလေး ရာခိုင်နှုန်းက ပိုပြီးမှ အခြားအရည်တွေ အစာတွေ ကျွေးခံနေရတာကို…

Leave a Reply

Your email address will not be published. Required fields are marked *