|

Mixed Feeding ကနေ Exclusive Breastfeeding ကို ဘယ်လိုပြောင်းနိုင်မလဲ

တကယ်လို့ မေမေတွေက မိခင်နို့နဲ့ အခြားအရာတွေ ရောတိုက်နေရာကနေ မိခင်နို့ချည်းသက်သက် ပြောင်းတိုက်ဖို့ စဉ်းစားနေပြီဆိုရင် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့တောင် ပြောလို့ရပါတယ်။ဒီလိုပြောင်လိုက်ခြင်းကြောင့် ရင်သွေးလေးတွေရဲ့ ကျန်းမာရေးနဲ့ သူ့ရဲ့ ဖွံ့ဖြိုးကြီးထွားမှု/ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။ ကလေးက အဖျားအနာကင်းလာတော့ မိသားစုအနေနဲ့ ကျန်းမာရေးကုန်ကျစရိတ်အစား အစားအစာနဲ့ အခြားအသုံးစရိတ်တွေအတွက် ငွေပိုသုံးလို့ ရလာပါတယ်။ မိခင်နို့တိုက်တဲ့အကျိုးကျေးဇူးတွေက ဘယ်လောက်တိုက်လဲဆိုတဲ့အတိုင်းအဆ ပမာဏပေါ် မူတည်နေပါတယ်။ ကလေးငယ်ကို့ မိခင်နို့ပိုတိုက်လေလေ ကလေးအတွက် ပိုအကျိုးရှိလေလေပါဘဲ ဖြစ်ပါတယ်။

ကဲအခုမေမေတို့ ဘာလုပ်ကြမလဲ

၁။မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာ (Mixed Feeding) ကနေ မိခင်နို့ချည်းသက်သက်တိုက်ကျွေးတဲ့အဆင့်ကို ဖြေးဖြေးချင်းပြောင်းပါ။ ဒါမှသာ နို့ထွက်များလာပြီး နို့မှုန့်တိုက်ရတာလျော့လာမှာပါ။

၂။မိခင်နို့ကိုအရင်တိုက်ပါ။ပြီးမှ နှို့မှုန့်တိုက်ပါ။

၃။မိခင်နို့ကို နေ့ရောညပါတိုက်ပါ။

၄။တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၃ နာရီထက်ပိုပြီးမကြာပါစေနဲ့။ မကြာခဏ နို့တိုက်ကျွေးတာက မေမေတို့နို့ထွက်တာကို အားကောင်းစေလိမ့်မယ်။

၅။အဲဒီလို နို့တိုက်ရင် ၂၄ နာရီအတွင်း မှာ ၃-၄ ကြိမ်ကနေ ၈ ကြိမ် (ဒါမှမဟုတ်) ဒါ့ထက် ပိုလာပါလိမ့်မယ်။ ရက်နည်းနည်းကြာလာရင်နို့ထွက်တာ များလာပါလိမ့်မယ်။ နို့တိုက်တိုင်း နို့မှုန့်ပမာဏ လျော့လျော့သွားပါ။ မေမေနို့တိုက်တာများလာလေ ကလေးက ကျေနပ်ရောင့်ရဲလာပြီး နို့မှုန့်တောင် ထပ်လိုတော့မှာ မဟုတ်တော့ပါဘူး။

၆။ကနဦး ၅ ရက်လောက်အတွင်းမှာတော့ နို့ထွက်ကောင်းစေဖို့ မေမေတို့ရဲ့နို့ကို တနေ့မှာ ၄ – ၅ကြိမ်လောက် နှိပ်နယ်ပေးဖို့နဲ့ နို့ညှစ်ပေးဖို့လိုပါတယ်။

၇။ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားကြလို့ အချို့တွေအတွက် အကူးအပြောင်းကာလက မြန်တတ်ပေမယ့် အချို့တွေအတွက် နည်းနည်းပိုကြာတတ်ပါတယ်။

၈။ကလေးရဲ့ အဝင်ပမာဏ(နို့သောက်သုံးမှုပမာဏ)နဲ့ အထွက်ပမာဏ( ဆီး နဲ့ဝမ်း)တွေကို မှတ်သားထားသင့်ပါတယ်။

၉။အကူးအပြောင်းကာလမှာ ကလေးရဲ့ ကိုယ်အလေးချိန်ကိုလည်း မှတ်သားရပါမယ်။

၁၀။အခုလို ပြောင်းလဲရွေးချယ်တာက မေမေတို့ ကိုယ်တိုင်ဖြစ်ပြီးတော့ မိခင်နို့ပဲ တိုက်နိုင်မယ်ဆိုတဲ့ ကတိကဝတ် သို့မဟုတ် ယုံကြည်မှုကို ခိုင်မာစွာ ထားဖို့လည်း လိုပါမယ်။

၁၁။ မိသားစုဆီက အပြုသဘောဆောင်တဲ့ အထောက်အပံ့တွေ ရရှိမယ်ဆိုရင်လည်း မေမေတွေနဲ့ ကလေးတွေအတွက် အကူးအပြောင်းကို ပိုမိုလွယ်ကူစေပါတယ်။

၁၂။အရေးပေါ်ကာလမှာ မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာခံနေရတဲ့ ကလေးငယ်တွေက ဝမ်းလျှောရောဂါ၊ ရောဂါပိုးတွေနဲ့အာဟာရချို့တဲ့ဖို့ အန္တရာယ်ရှိတယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကဆိုပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • စားသောက်ဖွယ်ရာ ဟင်းချက်နည်းစာအုပ်

    အခမဲ့ ဒေါင်းလုဒ်ရယူရန်နှိပ်ပါ။​ (World Concern Myanmar and Healthy and Happy Families တို့မှ ပူးပေါင်းဖန်တီးထားပါသည်။)​

  • နို့ရည်တွေစိမ့်ထွက်နေတာ ဘယ်လိုဖြေရှင်းနိုင်မလဲ

    ဒီမေးခွန်းလေးကတော့ အပြင်မကြာခဏ သွားရတတ်တဲ့ မေမေတွေ၊ အလုပ်လုပ်နေတဲ့ Working Moms တွေအတွက်သိချင်နေမယ့် မေးခွန်းလေးဖြစ်ပါလိမ့်မယ်။ မိခင်နို့ချိုတိုက်ကျွေးခြင်း အစောပိုင်းကာလတွေမှာ နို့ရည်စိမ့်ထွက်မှုက အများဆုံးဖြစ်လေ့ရှိပါတယ်။ မေမေတို့က ရင်သွေးငယ်လေးတွေကို မြင်မယ်၊ ကြားမယ်၊ ထွေးပွေ့မယ်ဆိုရင် ဒါမှမဟုတ် ကလေး အကြောင်းစဉ်းစားလိုက်မိမယ်ဆိုရင် မေမေတို့ရဲ့ ဦးနှောက်က oxytocin ထုတ်ပေးပြီးတော့ အဲဒီ oxytocin က မေမေတို့ရဲ့ ရင်သားတွေကနေ နို့ရည်တွေ စိမ့်ထွက်စေတော့တာပါဘဲ။ နို့အမဲကွင်းနဲ့ နို့သီးခေါင်းလေးတွေကို နည်းနည်းဖိပေးလိုက်မယ်ဆိုရင် စိမ့်ထွက်တာ ရပ်တန့်စေနိုင်ပါတယ်။ တကယ်တော့ ဒါက နို့ထွက်တယ်ဆိုတဲ့ လက္ခဏာကောင်းတစ်ခုဘဲဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Groupလေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member ဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • ကလေးကဘယ်တော့မှ ကောင်းကောင်းအိပ်မှာလဲ

    မေမေတို့ပူပန်လေ့ရှိကြတဲ့ ကိစ္စတစ်ခုက ဘေဘီလေးတွေ ဘယ်တော့များမှ ကောင်းကောင်း အိပ်မလဲပေါ့။ ကလေး တော်တော်များများကတော့ ညတစ်ညလုံး အိပ်ပျော်ဖို့ဆိုရင် အသက်တော်တော် ကြီးမှ ရပါလိမ့်မယ်။ အိပ်ပျော်တဲ့ ပုံစံတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ အချို့ကလေးတွေကပဲ အစောပိုင်းလတွေမှာ တစ်ညလုံးအိပ်တတ်ကြပေမယ့် ကလေးအများစုကတော့ ညဘက်မှာ နို့စို့ဖို့ အိပ်ရာက နိုးကြပါသေးတယ်။ကလေးလေးတွေရဲ့ အစာအိမ်အရွယ်အစားက လူကြီးတွေထက်သေးတာကြောင့် နို့အလုံအလောက်ရဖို့၊ ကြီးထွားဖွံ့ဖြိုးလာစေဖို့ မကြာခဏ မိခင်နို့တိုက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကလေးက အစောပိုင်းလတွေမှာ ညဘက် တစ်ညလုံးအိပ်နေခဲ့ရင် နို့စို့တာနည်းလို့ တချို့ကလေးငယ်တွေအတွက် ကိုယ်အလေးချိန်တိုးတာ နှေးစေနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကလေးအိပ်တာကို ကျင့်ပေးတာတွေရှိနေပါပြီ။ အားလုံးနားလည်ထားတာက မေမေအားလုံး အိပ်ချင်ကြတယ်။ ဒါပေမယ့် ကလေးတွေရဲ့ခန္ဓာကိုယ်ကျတော့ လူကြီးတွေနဲ့ တူမနေပါဘူး။ ကလေးတွေ အစာအိမ်ကသေးတော့ မကြာခဏနို့တိုက်ရတယ်။ ညဘက်တောင်…

  • ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ

    🤰 ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလေးချိန်တက်တာ (Pregnancy Weight Gain) က မိခင်နဲ့ သားအတွက် ကျန်းမာရေးအတွက် အရေးကြီးပါတယ်။တက်သင့်တဲ့အလေးချိန်က မိခင်ရဲ့ ကိုယ်ဝန်မဆောင်မီ အလေးချိန်/ BMI အပေါ် မူတည်ပါတယ်။ မိမိရဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်အလေးချိန် ဘယ်လောက်အထိ တက်သင့်သလဲဆိုတာကို တွက်ချက်နိုင်ဖို့အတွက်ဆိုရင် ကိုယ်ဝန်မရှိမီကာလက ကိုယ်အလေးချိန်နဲ့ မိမိရဲ့ အရပ်ကို အသုံးပြုပြီး BMI ကိုတွက်ချက်ရပါမယ်။​  BMI (Body Mass Index – ခန္ဓာကိုယ်အရွယ်အစားအညွှန်းကိန်း) ဆိုတာက လူကြီးတွေအတွက် ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တွက်ချက်ပြီး ကျန်းမာရေးအခြေအနေကို ခန့်မှန်းဖော်ထုတ်တဲ့ နည်းလမ်းတစ်ခုပါ။ 🔢 ဘယ်လိုတွက်လဲ။BMI = အလေးချိန် (ကီလိုဂရမ်) ➗ (အရပ်အမြင့် မီတာဖြင့်)²ဥပမာ – 70 kg ကို 1.65…

  • COVID-19 နှင့် မိခင်နို့တိုက်ကျွေးခြင်း

    အောက်ပါအမေးအဖြေများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အာဟာရပညာရှင်များမှ ပြုစု ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားနေစဉ်ကာလအတွင်း မိခင်နို့တိုက်ကျွေး ခြင်းဆိုင်ရာ အမေးအဖြေကဏ္ဍကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ (National Nutrition Centre/NNC) မှ ဘာသာပြန်၍ တင်ပြထားခြင်းအား ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါသည်။​ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဟာ မေမေတို့ရဲ့ နို့ရည်ကတစ်ဆင့် သားသားမီးမီးတို့ကို ကူးစက်နိုင်ပါသလား? ဖြေ။ အခုအချိန်ထိတော့ မေမေတို့ရဲ့ နို့ရည်ထဲကတစ်ဆင့် (ဒါမှမဟုတ်မေမေ့နို့တိုက်လို့ သားသားမီးမီးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားများ မတွေ့ရှိသေးပါဘူး။ ဒါကြောင့် … ရင်သွေးငယ်များအတွက် အကောင်းဆုံးအာဟာရလည်းဖြစ် ၊ ရောဂါကာကွယ်တဲ့ဓာတ်တွေလည်းပါဝင်တဲ့ မိခင်နို့ ချိုကို အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ သားသားမီးမီးတို့ကို ဆက်တိုက်ဖြစ်အောင် တိုက်ရမှာဖြစ်ပါတယ်။ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဖြစ်များနေတဲ့ မြို့နယ်၊ ရပ်ကွက်အတွင်းမှာ…

Leave a Reply

Your email address will not be published. Required fields are marked *