မိခင်နို့ရည်ညှစ်ယူနည်း (Video)
Video Credit: Save the Children Myanmar and Global Health Media Project
Video Credit: Save the Children Myanmar and Global Health Media Project
ဒီမေးခွန်းလေးကလည်း မေမေအသစ်တွေ သိချင်နေတတ်တဲ့ မေးခွန်းလေးပဲဖြစ်မှာပါ။ ပထမ ရက်သတ္တပတ်အတွင်းမှာတော့ မေမေတို့နဲ့ ရင်သွေးလေးတွေက မိခင်နို့တိုက်ကျွေးတာနဲ့ ပတ်သက်လို့ အကျွမ်းတဝင်ဖြစ်စေဖို့ သင်ယူနေချိန် ဖြစ်တာရယ်၊ မေမေ့ရင်သားတွက နို့ချိုတွေထုတ်ပေးဖို့ ပြင်ဆင်ပြောင်းလဲနေတာရယ် စတာတွေကြောင့် တင်းတာတွေ၊ နာတာတွေနဲ့ ရောင်ရမ်းတာတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် မေမေနဲ့ကလေးက အတူတကွလေ့လာသင်ယူကြရင်း ပိုပိုပြီး အဆင်ပြေလာပါမယ်။ မေမေတို့ကို နာကျင်စေမှု ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ ကလေးကို ထွေးပွေ့တဲ့ အနေအထားမမှန်တာနဲ့ နို့တိုက်တဲ့အနေအထား မမှန်ကန်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ ရင်သွေးငယ်လေးတွေ မေမေ့ဆီကို ဘယ်လို နီးကပ်အောင်၊ နို့ငုံကောင်းအောင် ထွေးပွေ့မယ်ဆိုတာနဲ့ သက်သောင့်သက်သာရှိနိုင်မယ့် နို့တိုက်နည်းပုံစံတွေကို လေ့လာသင်ယူသင့်ပါတယ်။ ကလေးကို ခဏခဏ နို့မတိုက်ရင်လည်း မေမေတို့နို့တွေက တင်းမာလာပြီး နာကျင်မှုကို ခံစားရတတ်ပါတယ်။ နို့ငုံကောင်းစေမယ့်…
မူရင်းစာအုပ်ကိုပြုစုခဲ့ပြီး မျှဝေခွင့်ပြုခဲ့သည့် LEARN စီမံကိန်းကို ကျေးဇူးတင်ရှိပါသည်။
အမျိုးသမီးအများစုကတော့ မိခင်နို့ လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ဝန် စတုတ္ထမြောက်လလောက်မှာ နို့ဦးရေ(colostrum) ကို စထုတ်ပေးတာပါ။မိသားစုဝင်တွေ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ သူတွေက “မေမေတို့မှာ နို့မရှိဘူး”လို့ပြောလာခဲ့ရင် ဒါက မမှန်နေပါဘူး။ ရင်သွေးလေးတွေကပထမသုံးရက်အတွင်း နို့ဦးရေ (colostrum) သာလိုအပ်တာပါ။ နောက်ပိုင်းထွက်တဲ့ မိခင်နို့ (မြင်နေကျ နို့ရည်အဖြူ) ထုတ်ပေးဖို့ ၃ ရက်လောက်ကြာပါတယ်။ ကလေးငယ်လေးတွေရဲ့အစာအိမ်အရွယ်အစားနဲ့ မိခင်နို့လိုအပ်တဲ့ ပမာဏကို လေ့လာနိုင်ဖို့ ဒီပို့စ်လေးကိုဖတ်ကြည့်ပါ။ https://www.facebook.com/…/a.98319388…/1515910438744076/ ရင်သွေးငယ်လေးတွေကို မိခင်နို့တိုက်တဲ့အခါမှာ နို့တိုက်တဲ့ပုံစံမှကလည်း မှန်မယ်၊ မေမေတို့နဲ့ ရင်သွေးလေးတို့ရဲ့ထိတွေ့ထားတဲ့ ပုံစံကလည်း မှန်တယ်ဆိုရင် ရင်သွေးလေးတွေက နို့ကို ကောင်းကောင်းစုပ်ယူနိုင်သလို သူတို့ကို ကောင်းကောင်း နို့တိုက်ပြီးသားလည်း ဖြစ်စေမှာပါ။ မကြာမကြာ မိခင်နို့တိုက်ပေးတာကလည်း မေမေတွေအတွက်နို့ပိုထွက်စေမှာပါ။ နို့ငုံကောင်းစေမယ့် နည်းလမ်းလေးတွေကို ဒီဗွီဒီယိုလေးမှာလေ့လာပေးပါ။ https://fb.watch/6ppdAMTmst/ ကိုယ်နဲ့ ကလေးအတွက် အဆင်ပြေနိုင်မယ့်…
Credit: Global Health Media Project
Video Credit: Save the Children Myanmar and Global Health Media Project