မေမေတို့ရင်သားတွေက မိခင်နို့လုံလောက်အောင်ထုတ်ပေးနိုင်လား

အမျိုးသမီးအများစုကတော့ မိခင်နို့ လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ဝန် စတုတ္ထမြောက်လလောက်မှာ နို့ဦးရေ(colostrum) ကို စထုတ်ပေးတာပါ။မိသားစုဝင်တွေ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ သူတွေက “မေမေတို့မှာ နို့မရှိဘူး”လို့ပြောလာခဲ့ရင် ဒါက မမှန်နေပါဘူး။ ရင်သွေးလေးတွေကပထမသုံးရက်အတွင်း နို့ဦးရေ (colostrum) သာလိုအပ်တာပါ။ နောက်ပိုင်းထွက်တဲ့ မိခင်နို့ (မြင်နေကျ နို့ရည်အဖြူ) ထုတ်ပေးဖို့ ၃ ရက်လောက်ကြာပါတယ်။ ကလေးငယ်လေးတွေရဲ့အစာအိမ်အရွယ်အစားနဲ့ မိခင်နို့လိုအပ်တဲ့ ပမာဏကို လေ့လာနိုင်ဖို့ ဒီပို့စ်လေးကိုဖတ်ကြည့်ပါ။ https://www.facebook.com/…/a.98319388…/1515910438744076/

ရင်သွေးငယ်လေးတွေကို မိခင်နို့တိုက်တဲ့အခါမှာ နို့တိုက်တဲ့ပုံစံမှကလည်း မှန်မယ်၊ မေမေတို့နဲ့ ရင်သွေးလေးတို့ရဲ့ထိတွေ့ထားတဲ့ ပုံစံကလည်း မှန်တယ်ဆိုရင် ရင်သွေးလေးတွေက နို့ကို ကောင်းကောင်းစုပ်ယူနိုင်သလို သူတို့ကို ကောင်းကောင်း နို့တိုက်ပြီးသားလည်း ဖြစ်စေမှာပါ။ မကြာမကြာ မိခင်နို့တိုက်ပေးတာကလည်း မေမေတွေအတွက်နို့ပိုထွက်စေမှာပါ။

နို့ငုံကောင်းစေမယ့် နည်းလမ်းလေးတွေကို ဒီဗွီဒီယိုလေးမှာလေ့လာပေးပါ။ https://fb.watch/6ppdAMTmst/

ကိုယ်နဲ့ ကလေးအတွက် အဆင်ပြေနိုင်မယ့် အနေအထားလေးတွေကိုဒီဗွီဒီယိုလေးမှာ လေ့လာပေးပါ။ https://fb.watch/6ppcgidaUB/

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Groupလေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချိုGroup ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    ရင်သွေးလေးတွေကို မေမေတို့ မိခင်နို့တိုက်နေစဉ်ကာလမှာ ကော်ဖီသောက်လို့ ရပါ သလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ်…

  • မွေးကင်းစကလေးတွေ နို့ဆာတဲ့ လက္ခာဏာများ

    မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်… ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခာဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။ အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။ အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။ အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့…

  • မွေးကင်းစကလေးတွေ နို့ဆာတဲ့ လက္ခဏာများ

    မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်… ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။ အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။ အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။ အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။…

  • ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခု

    မေမေတို့ရေ… ဒီနေ့တော့ ကျေးလက်ဒေသမှာသာမကပဲ မြို့ကြီးတွေ‌ပေါ်မှာတောင် လုပ်လေ့လုပ်ထများတဲ့ ကလေးတွေအတွက်လည်း အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခုအကြောင်း ပြောပြပါမယ်… မွေးကင်းစကလေးလေးတွေကို ရေ၊ နို့မှုန့်၊ ပျားရည်၊ ထမင်းရည်၊ လက်ဖက်ရည်၊ ဆန်ပြုတ်၊ ချေထားတဲ့ထမင်း၊ ဝါးခွံ့တဲ့ထမင်းစတာတွေ အပါအဝင် မိခင်နို့မှ လွဲပြီး အခြား အရည်၊ အဖတ်တွေ ကျွေးမွေးတာတွေက ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်… ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလိုလုပ်တာက အလေ့အကျင့်ကြီးတစ်ခုလို စွဲနေပါတယ်… အဲဒီလို အစာနဲ့ အရည်တွေ စောစောစီးစီး ကျွေးမွေးတာတွေက ဆေးရုံတွေမှာဆိုရင် (၂၃%) အထိ တွေ့ရပြီး အိမ်မှာ မွေးဖွားတယ်ဆိုရင် (၁၈%) ရှိတယ်ဆိုတာ တွေ့ရ ပါတယ်‌…ဆေးရုံမှာမွေးတာနဲ့ အိမ်မှာမွေးတာမှာ ဆေးရုံမှာမွေးတဲ့ ကလေး ရာခိုင်နှုန်းက ပိုပြီးမှ အခြားအရည်တွေ အစာတွေ ကျွေးခံနေရတာကို…

  • |

    မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် အလွန်အမင်း အဖိုးတန်ပါတယ်

    မေမေတို့ရေ ဟိုးနှစ်‌ပေါင်းများစွာကတည်းကရှိခဲ့တဲ့ လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ… တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်… ကလေးငယ်လေးတွေ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို ရရှိဖို့ လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးအဖြစ် အကျိုးကျေးဇူးတွေကို ရရှိစေပြီး ကလေးတွေကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေရဲ့ အစာအိမ်က သေးသေးလေးပဲ ရှိနေသေးတဲ့အတွက် သူတို့ဗိုက်ဝဖို့ဆို နို့ဦးရည် နည်းနည်းလေးပဲ လိုအပ်ပါတယ်…. မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေ တိုက်ကျွေးမိတဲ့အခါမှာ နို့ဦးရည်က ရမယ့် ရောဂါကာကွယ်ပေးမှုတွေက လျော့သွားပြီး ဝမ်းလျှောတာတွေ၊…

Leave a Reply

Your email address will not be published. Required fields are marked *