Similar Posts
ကလေးငယ်များကို ဖြည့်စွက်စာကျွေးနည်း
ကလေးအသက် (၆) လတွင်ဖြည့်စွက်စာစတင်ကျွေးမွေးခြင်းသည် မေမေတို့အတွက် (သို့) မိသားစုအတွက် အကြီးမားဆုံးခြေလှမ်းဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှအကြံပြုထားသောအချက်များအရ ကလေးအသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရပါမယ်။ ကလေးအသက် (၆) လမှစတင်ပြီး ကိုယ့်အရပ် ကိုယ့်ဒေသတွင်းရရှိနိုင်တဲ့ အာဟာရ ပြည့်ဝတဲ့အစားအစာတွေ (ကစီဓာတ်ပါဝင်သော အစားအစာများ၊ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး) ကို စတင်ကျွေးနိုင်ပါတယ်။ ကလေးငယ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ရရှိနိုင်တဲ့ အစားအစာတွေကို ဦးစားပေးပြီး ကျွေးသင့်ပါတယ်။ ဒါအပြင် ကလေးအသက် (၂) နှစ်နှင့် (၂) နှစ်ကျော်သည်အထိ မိခင်နို့ဆက်လက် တိုက်ကျွေးသင့်ပါတယ်။ ကလေးကိုဖြည့်စွက်စာစတင်ကျွေးမွေးရာတွင်လိုက်နာရမည့်အချက်များ (၁) ကလေးကိုမိခင်၏ပေါင်ပေါ်တွင် တင်ပြီးကျွေးပါ။ (၂) နောက်ပိုင်းတွင် ကလေးကိုကြမ်းပြင်တွင်ထိုင်၍ဖြစ်စေ၊ အစာကျွေးသည့်ထိုင်ခုံပေါ်တွင်ထိုင်ခိုင်း၍ဖြစ်စေ ကျွေးမွေးနိုင်ပါတယ်။ (၃) ကလေးကိုအစာကျွေးသောအချိန်သည အစားအသောက်အကြောင်း သင်ယူလေ့လာသောအချိန်…
မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် အလွန်အမင်း အဖိုးတန်ပါတယ်
Byadminမေမေတို့ရေ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ… တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်… ကလေးငယ်လေးတွေ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို ရရှိဖို့ လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးအဖြစ် အကျိုးကျေးဇူးတွေကို ရရှိစေပြီး ကလေးတွေကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေရဲ့ အစာအိမ်က သေးသေးလေးပဲ ရှိနေသေးတဲ့အတွက် သူတို့ဗိုက်ဝဖို့ဆို နို့ဦးရည် နည်းနည်းလေးပဲ လိုအပ်ပါတယ်…. မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေ တိုက်ကျွေးမိတဲ့အခါမှာ နို့ဦးရည်က ရမယ့် ရောဂါကာကွယ်ပေးမှုတွေက လျော့သွားပြီး ဝမ်းလျှောတာတွေ၊…
ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခု
Byadminမေမေတို့ရေ… ဒီနေ့တော့ ကျေးလက်ဒေသမှာသာမကပဲ မြို့ကြီးတွေပေါ်မှာတောင် လုပ်လေ့လုပ်ထများတဲ့ ကလေးတွေအတွက်လည်း အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခုအကြောင်း ပြောပြပါမယ်… မွေးကင်းစကလေးလေးတွေကို ရေ၊ နို့မှုန့်၊ ပျားရည်၊ ထမင်းရည်၊ လက်ဖက်ရည်၊ ဆန်ပြုတ်၊ ချေထားတဲ့ထမင်း၊ ဝါးခွံ့တဲ့ထမင်းစတာတွေ အပါအဝင် မိခင်နို့မှ လွဲပြီး အခြား အရည်၊ အဖတ်တွေ ကျွေးမွေးတာတွေက ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်… ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလိုလုပ်တာက အလေ့အကျင့်ကြီးတစ်ခုလို စွဲနေပါတယ်… အဲဒီလို အစာနဲ့ အရည်တွေ စောစောစီးစီး ကျွေးမွေးတာတွေက ဆေးရုံတွေမှာဆိုရင် (၂၃%) အထိ တွေ့ရပြီး အိမ်မှာ မွေးဖွားတယ်ဆိုရင် (၁၈%) ရှိတယ်ဆိုတာ တွေ့ရ ပါတယ်…ဆေးရုံမှာမွေးတာနဲ့ အိမ်မှာမွေးတာမှာ ဆေးရုံမှာမွေးတဲ့ ကလေး ရာခိုင်နှုန်းက ပိုပြီးမှ အခြားအရည်တွေ အစာတွေ ကျွေးခံနေရတာကို…
ကလေးက မိခင်နို့ကို လုံလောက်စွာ ရနေပြီဖြစ်ကြောင်း မိခင်က ဘယ်လိုသိနိုင်မလဲ
အောက်ဖော်ပြပါ အချက်များသည် သင့်ကလေးသည် မိခင်နို့ချိုကို လုံလောက်စွာ ရပြီး ဖြစ်ကြောင်း သိနိုင်သော အချက်များဖြစ်သည်။
နို့ငုံမှုကောင်းစေခြင်း
မိခင်နို့တိုက်ကျွေးရာမှာ အခက်အခဲတွေမရှိစေဖို့ ကလေးတွေကို နို့ငုံမှုကောင်းကောင်းနဲ့ နို့တိုက်ကျွေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီဗွီဒီယိုလေးက မေမေတွေအတွက် မိခင်နို့ကိုအောင်မြင်စွာ တိုက်ကျွေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ Video Credit: Global Health Media Project and Save the Children မိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်လို့ အခက်အခဲရှိရင် Healthy and Happy Families ကိုဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်။ Healthy and Happy Families ရဲ့ Facebook မှာလည်း ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ Healthy and Happy Families ကိုဆက်သွယ်ချင်ရင် ဖုန်းနံပါတ်က ၀၉၄၀၇၈၃၉၀၅၀ ပဲဖြစ်ပါတယ်။
နို့တိုက်နေစဉ်မှာတစ်နေ့အစားဘယ်နှကြိမ်စားရမလဲ
Byadminမေမေတို့ရင်သားတွေက တစ်နေ့မှာ ၂၄ နာရီ မိခင်နို့ထွက်နေတာပါ။ကလေးအတွက် လုံလောက်တဲ့အာဟာရတွေရဖို့ မေမေတို့လည်း အာဟာရ လုံလုံလောက်လောက် စားရပါမယ်။ဒါကြောင့် တနေ့ကို အစားအစာ ၃ ကြိမ်နဲ့ သွားရေစာချိန် ၂ ကြိမ်တော့ စားသင့်ပါတယ်။ မေမေအများစုက မကြာခဏအစာစားတာ ပိုကောင်းပြီးတော့တစ်ကြိမ်နဲ့ တစ်မ်ကြား ကြာကြာ မခြားချင်ဘူးလို့ပြောကြတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho