မေမေတို့နို့တိုက်မိခင်တွေအနေနဲ့ အချဉ်အစပ်တွေစားရင် ကလေးဝမ်းသွားနိုင်ပါသလား
မဖြစ်ပါဘူး။မေမေတို့စားလိုက်တဲ့ အချဉ်အစပ်တွေဟာ မေမေတို့နို့ထဲကိုမရောက်နိုင်လို့ ကလေးတွေကိုဝမ်းလျှေတာာမဖြစ်စေပါဘူး။ ကလေးတွေကိုဝမ်းလျှောစေတဲ့အကြောင်းက သန့်ရှင်းမှုအားနည်းလို့ ရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်ရတာပါ။ ဥပမာ-အိမ်သာသွားပြီးတိုင်း လက်မဆေးတာ၊ အစာမစားခင် လက်မဆေးတာ၊ နို့ဗူးတွေ ဆေးကြောတာသိမ်းဆည်းတာတွေ မသန့်ရှင်းတာ၊ တချို့ မိခင်နို့အစားထိုးပစ္စည်း (နို့မှုန့်) မသန့်ရှင်းတာတွေကြောင့် ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho