ရွှေထက်မက အဖိုးတန်တဲ့ မိခင်နို့ဦးရည်

မေမေတို့ရေ ဟိုးနှစ်‌ပေါင်းများစွာကတည်းကရှိခဲ့တဲ့လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ…

တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာသားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်…

ကလေးငယ်လေးတွေ ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကာကွယ်ဆေးအနေနဲ့အကျိုးကျေးဇူးတွေ ရှိစေပြီး ကလေးတွေကို ရောဂါ အန္တရာယ်တွေကနေ အကာအကွယ်တွေ ပေးပါတယ်…. နို့ဦးရည်ကအန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ကလေးခန္ဓာကိုယ် ထဲကို ၀င်ရောက်တာကို ကလေးရဲ့အူလမ်းကြောင်းထဲမှာ တားဆီးကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေမှာအစာအိမ်က သေးသေးလေးပဲ ရှိနေသေးပြီးတော့ သူတို့ဗိုက်ဝဖို့ဆို နို့ဦးရေ နည်းနည်းလေးပဲ လိုအပ်ပါတယ်….

မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေတိုက်ကျွေးမိတဲ့အခါမှာအဲဒီကာကွယ်ပေးမှုတွေက လျော့သွားပြီး ကလေးတွေမှာ ဝမ်းလျှောတာတွေ၊ ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်တာတွေ၊ဦးနှောက် အမြေးရောင်တာတွေ ဖြစ်စေနိုင်ပါတယ်… နို့ဦးရေထဲမှာ အန္တရာယ်ရှိတဲ့ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကိုတိုက်ဖျက်ပေးတဲ့ အကာအကွယ်ဓါတ်တွေအ များကြီးပါနေပါတယ်… အဲဒါတွေကတော့

● ပဋိပစ္စည်းများ (သူတို့က ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ကို ရောဂါပိုးဝင်လာတဲ့အကြောင်း အချက်ပေးပြီး ဘက်တီးရီးယား / ဗိုင်းရပ်စ်တွေရဲ့ တိုက်ခိုက်မှုကို သိရှိစေတယ်)

● သွေးဖြူဥ (တိုက်ခိုက်နေတဲ့ ဘက်တီးရီးယား / ဗိုင်းရပ်စ်တွေကိုချေဖျက်ခြင်းအားဖြင့်ရောဂါကူးစက်ခြင်းကနေ ခုခံကာကွယ်ပေးတယ်)

● ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ( အဲဒါတွေကဆဲလ်ပျက်စီးခြင်းကို ကာကွယ်တားဆီးပေးတယ် သိုမဟုတ်ဟုတ် ဆဲလ်ပျက်စီးခြင်းကို နှေးကွေးစေတယ်)

● ဗီတာမင်အေ (ကလေးရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတယ်)

● ကလေးကြီးထွားစေတဲ့ ဓါတ်တွေ (ပထမဆုံးရက်ကစလို့ကလေးရဲ့ကြီးထွားမှုနှုန်းကို မြှင့်တင်ပေးတယ်) ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို

● လက်တိုဖာရင် ( ဘက်တီးယီးယားတွေ လိုအပ်တဲ့အာဟာရတွေမရအောင်ဖြတ်တောက်ပေးပြီးရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ကြီးထွားပြန့်ပွားမှုကို ကာကွယ်ပေးတယ်)

နို့ဦးရေက အာဟာရပါဝင်နှုန်းမြင့်မားတဲ့အတွက်ပမာဏ နည်းနည်းလေးပဲ ရရင်တောင် ကလေးရဲ့ ဆာလောင်မွတ်သိပ်မှုကို ပြေပျောက်စေပြီး အာဟာရလိုအပ်ချက်များကို ပြည့်ဝစေပါတယ်… နို့မှုန့်အပါအဝင်၊ ရေနှင့် အခြားအရည်တွေကကလေးတွေအတွက် အရေးကြီးတဲ့ အပေါ်မှာပြောခဲ့တဲ့ အာဟာရမျိုးတွေ၊ အကျိုးကျေးဇူးတွေကို မရစေနိုင်ပါဘူး…

နို့ဦးရည်ကိုရရှိနိုင်ဖို့ မိခင်နို့ကို မွေးပြီးပြီးချင်း စောနိုင်သမျှစောစောတိုက်ကျွေးနိုင်ဖို့က အရေးကြီးပါတယ်… မိခင်နို့စောစောတိုက်နိိုင်ဖို့နည်းလမ်းလေးတွေကို ဒီဗွီဒီယိုလေးမှာ လေ့လာကြည့်လိုက်ပါ…

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • နို့ရည်တွေစိမ့်ထွက်နေတာ ဘယ်လိုဖြေရှင်းနိုင်မလဲ

    ဒီမေးခွန်းလေးကတော့ အပြင်မကြာခဏ သွားရတတ်တဲ့ မေမေတွေ၊ အလုပ်လုပ်နေတဲ့ Working Moms တွေအတွက်သိချင်နေမယ့် မေးခွန်းလေးဖြစ်ပါလိမ့်မယ်။ မိခင်နို့ချိုတိုက်ကျွေးခြင်း အစောပိုင်းကာလတွေမှာ နို့ရည်စိမ့်ထွက်မှုက အများဆုံးဖြစ်လေ့ရှိပါတယ်။ မေမေတို့က ရင်သွေးငယ်လေးတွေကို မြင်မယ်၊ ကြားမယ်၊ ထွေးပွေ့မယ်ဆိုရင် ဒါမှမဟုတ် ကလေး အကြောင်းစဉ်းစားလိုက်မိမယ်ဆိုရင် မေမေတို့ရဲ့ ဦးနှောက်က oxytocin ထုတ်ပေးပြီးတော့ အဲဒီ oxytocin က မေမေတို့ရဲ့ ရင်သားတွေကနေ နို့ရည်တွေ စိမ့်ထွက်စေတော့တာပါဘဲ။ နို့အမဲကွင်းနဲ့ နို့သီးခေါင်းလေးတွေကို နည်းနည်းဖိပေးလိုက်မယ်ဆိုရင် စိမ့်ထွက်တာ ရပ်တန့်စေနိုင်ပါတယ်။ တကယ်တော့ ဒါက နို့ထွက်တယ်ဆိုတဲ့ လက္ခဏာကောင်းတစ်ခုဘဲဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Groupလေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member ဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • |

    မိခင်နို့တိုက်ခြင်းနှင့်သားဆက်ခြားခြင်းအကြောင်း

    အမျိုးသမီးတိုင်းဟာမိခင်နို့တိုက်ကျွေးခြင်းနဲ့သားဆက်ခြားခြင်းနည်းလမ်းများကိုတတ်ကျွမ်းနားလည်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အသုံးအများဆုံးနည်းလမ်းတွေကို စုစည်းပြီး အောက်မှာဖော်ပြပေးလိုက်ပါတယ်။​ အမျိုးသမီးတွေဟာ သားဆက်ခြားနည်းလမ်းများနဲ့ သားဆက်ခြားနည်းလမ်းတစ်ခုစီရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိနားလည်ထားမှုသည်လည်း အရေးကြီးပါတယ်။  ၁။ မိခင်နို့တိုက်ကျွေးခြင်းဖြင့်သားဆက်ခြားနည်း (LAM) အောက်ပါအချက်တွေအားလုံးနဲ့ကိုက်ညီမှသာ ဒီနည်းလမ်းက အလုပ်ဖြစ်ပါမလိမ့်မယ်။  အထက်ပါအချက်များမရှိပါက ကိုယ်ဝန်ရနိုင်ခြေရှိပါသည်။  ဒီနည်းလမ်းနဲ့သားဆက်ခြားရင် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂)​ ရာခိုင်နှုန်းအောက်ရှိပါတယ်။​ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၂။ အမျိုးသားပြီးမြောက်ချိန်တွင် သုတ်ရည်ကို မိန်းမကိုယ်ပြင်ပတွင် စွန့်ထုတ်ခြင်း (Withdrawal Method) ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၂) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၃။ အတားအဆီးနည်းလမ်းများ (Barrier Methods) (က) အမျိုးသမီးသုံးကွန်ဒုံး  ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ခ) သုတ်ကောင်သေစေသောဆေး ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ဂ) ကွန်ဒုံး ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၃.၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ဃ) သားအိမ်ခေါင်းအစွပ် (Sponge) ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေက ကလေးမမွေးဖူးသောအမျိုးသမီးများတွင် (၁၄) ရာခိုင်နှုန်း ကလေးမွေးဖူးသောအမျိုးသမီးများတွင် (၂၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၄။ သန္ဓေတားဆေး (ဆေးလုံး)…

  • | | |

    မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ

    ✨ မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ ✨ မင်္ဂလာပါ မေမေတို့ရေ… အိမ်မှုကိစ္စတစ်ဖက်၊ ရင်သွေးလေးအရေးတစ်ဖက်နဲ့ အမြဲအလုပ်ရှုပ်နေရတဲ့ မေမေတို့အတွက် သင်တန်းတက်ရတာ ပိုမိုလွယ်ကူ အဆင်ပြေသွားစေဖို့ ကျွန်မတို့ရဲ့ Website မှာ Self-paced Learning (မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်သောစနစ်) ကို အဆင့်မြှင့်တင် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။ 🌟 Self-paced Learning ဆိုတာ ဘာလဲ? အရင်လို သတ်မှတ်ထားတဲ့အချိန်မှာ Zoom ထဲဝင်စရာမလိုဘဲ မိမိအားလပ်တဲ့အချိန် (ဥပမာ – ရင်သွေးလေး အိပ်ပျော်နေချိန်၊ ညဘက်အေးအေးဆေးဆေးရှိချိန်) မျိုးမှာ Website ထဲဝင်ပြီး သင်ခန်းစာဗီဒီယိုတွေကို တစ်ခုချင်းစီ စိတ်ကြိုက်ကြည့်ရှုလေ့လာနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ 🛠️ ပြောင်းလဲသွားတဲ့ အချက်အလက်သစ်များ…

  • စိတ်ဖိစီးမှုများရင်နို့ထွက်နည်းနိုင်သလား

    စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာကျေနပ်မှုမရနိုင်လို့ စောဒကတက်နိုင်ကြပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေနို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏကသွေးထဲမှာ တိုးပွားလာတာတွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။မေမေတွေက ဘာကို သတိပြုမိလည်းဆိုရင်မေမေတို့နို့ကထွက်နေပေမယ့်လည်း ပမာဏကတော့နည်းနေတယ်ဆိုတာပါဘဲ။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။ ၅။မေမေတို့အစားအသောက်ပမာဏကိုဆန်းစစ်ရပါမယ်။မေမေတို့လုံလုံလောက်လောက် စားရဲ့လား၊ အရည်အမိုးကော လုံလုံလောက်လောက်သောက်ရဲ့လား။ ၆။ကဖိန်းဓာတ်စားသုံးမှုကို ကန့်သတ်ရပါမယ်။ ကဖိန်းဓါတ်ပါတာတွေများများစားမိရင်…

  • |

    Mixed Feeding ကနေ Exclusive Breastfeeding ကို ဘယ်လိုပြောင်းနိုင်မလဲ

    တကယ်လို့ မေမေတွေက မိခင်နို့နဲ့ အခြားအရာတွေ ရောတိုက်နေရာကနေ မိခင်နို့ချည်းသက်သက် ပြောင်းတိုက်ဖို့ စဉ်းစားနေပြီဆိုရင် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့တောင် ပြောလို့ရပါတယ်။ဒီလိုပြောင်လိုက်ခြင်းကြောင့် ရင်သွေးလေးတွေရဲ့ ကျန်းမာရေးနဲ့ သူ့ရဲ့ ဖွံ့ဖြိုးကြီးထွားမှု/ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။ ကလေးက အဖျားအနာကင်းလာတော့ မိသားစုအနေနဲ့ ကျန်းမာရေးကုန်ကျစရိတ်အစား အစားအစာနဲ့ အခြားအသုံးစရိတ်တွေအတွက် ငွေပိုသုံးလို့ ရလာပါတယ်။ မိခင်နို့တိုက်တဲ့အကျိုးကျေးဇူးတွေက ဘယ်လောက်တိုက်လဲဆိုတဲ့အတိုင်းအဆ ပမာဏပေါ် မူတည်နေပါတယ်။ ကလေးငယ်ကို့ မိခင်နို့ပိုတိုက်လေလေ ကလေးအတွက် ပိုအကျိုးရှိလေလေပါဘဲ ဖြစ်ပါတယ်။ ကဲအခုမေမေတို့ ဘာလုပ်ကြမလဲ ၁။မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာ (Mixed Feeding) ကနေ မိခင်နို့ချည်းသက်သက်တိုက်ကျွေးတဲ့အဆင့်ကို ဖြေးဖြေးချင်းပြောင်းပါ။ ဒါမှသာ နို့ထွက်များလာပြီး နို့မှုန့်တိုက်ရတာလျော့လာမှာပါ။ ၂။မိခင်နို့ကိုအရင်တိုက်ပါ။ပြီးမှ နှို့မှုန့်တိုက်ပါ။ ၃။မိခင်နို့ကို နေ့ရောညပါတိုက်ပါ။ ၄။တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၃ နာရီထက်ပိုပြီးမကြာပါစေနဲ့။ မကြာခဏ…

Leave a Reply

Your email address will not be published. Required fields are marked *