Skip to content
ကလေးသည် မိခင်နို့ ပြည့်ပြည့်ဝဝ ရအောင် မိခင်သည် ဘာတွေ လုပ်ပေးသင့်သလဲ
- ကလေးကို မိခင်နှင့် နီးကပ်စွာ ထားပါ။ ကလေးကို နွေးထွေးစွာ ပွေ့ချီပါ။
- အကယ်၍ ကလေးက နို့တိုက်မရအောင် ငိုက်မြည်းနေလျှင်၎င်း၊ မိခင်က သောက်ဆေးတစ်ခုခု သောက်ထားလျှင်သော်၎င်း၊ ထိုအခြေအနေသည် ကလေးကို ထိခိုက်မှု ရှိ/မရှိ ဆရာဝန်နှင့် မေးမြန်းပါ။
- မိခင်သည် မိမိ ချုပ်ရိုးမှ နာကျင်မှုသည် မခံမရပ်နိုင်အောင် ဖြစ်နေပါက ဆရာဝန်နှင့် ပြသဆွေးနွေးပါ။
- အကယ်၍ ဆေးရုံ၌ ကလေးနို့တိုက်ချိန်တွင် မိခင်အနေဖြင့် အများ မမြင်လိုလျှင်၊ ရှက်တတ်လျှင် ကုတင်လိုက်ကာကို အသုံးပြုပါ။
- မိခင်သည် ကလေးအား နို့ချိုစစတိုက်ခြင်း နို့ စထွက်အောင် ရင်သားကို ညင်သာစွာ နှိပ်နယ်ပေးနိုင်ပါသည်။
- ကလေး၏ အစာအိမ်နှင့် ဝမ်းဗိုက်သည် အစာပမာဏ အများကြီးကို လက်ခံ နိုင်စွမ်း မရှိသောကြောင့် နည်းနည်းနှင့် မကြာခဏ တိုက်ပေးရန် မမေ့ပါနှင့်။
Like this:
Like Loading...