ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့ရေ…
ရက်သားကလေးငယ်ရဲ့ အစာအိမ်က တော်တော်သေးပါတယ်… ဘယ်လောက်ထိသေးလဲဆိုရင် စပျစ်သီးခပ်ကြီးကြီးအရွယ်လောက်ပဲရှိပြီးအရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ဆို ဗိုက်ပြည့်သွားတာပါပဲ… ဒီတော့ တခြားအရည်တွေတိုက်လို့ ကလေးအစာအိမ်သေးသေးလေးက ပြည့်နေရင်ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး… အဲလိုဖြစ်ရင် ကြီးမားတဲ့ နောက်ဆက်တွဲအနေနဲ့ ပြသနာ (၂) ခု ထပ်ပေါ်တတ်ပါတယ်…
(၁) မေမေရဲ့နို့တွေ တင်းလာမယ်… ပြီးတော့ ကလေးကို ကောင်းကောင်း နို့တိုက်လို့မရဘူး… အဲဒီတော့ မေမေ့နို့တွေက တင်းပြီး နာလာမယ်….
(၂) ကလေးက ကောင်းကောင်းနို့မစို့တော့လို့ နို့ထွက်တာ နှောင့်နှေးလာမယ်၊ နို့ထွက်နည်းလာမယ်… သဘာဝအလျောက်ပုံမှန်ထွက်ရှိမှုနှုန်း မရှိသလို ဖြစ်လာမယ်… နောက်တော့ မေမေတွေနဲ့ မိသားစုဝင်တွေက မိခင်မှာ နို့မလုံလောက်ဖူးဆိုတဲ့အမြင်တွေ မြင်လာတော့တာပါပဲ… ဒီနေရာမှာ အထူးသတိပေးချင်တာက မိခင်နို့ဆိုတာကလေးများများစို့မှ မေမေ့ဆီက နို့များများ ထွက်လာတာပါ…
မွေးကင်းစကလေးရဲ့ အစာအိမ်အရွယ်အစားကို အောက်ကပုံလေးမှာ ကြည့်နိုင်ပါတယ်…
ကနဦးရက်တွေမှာ ကလေးတွေက မိခင်နို့ကို အကြိမ်ရေများများစို့ပေးရင် ကလေးက နို့ကိုဘယ်လိုစို့ရမယ်ဆိုတာသင်ယူနိုင်အောင် ကူညီပြီးသားဖြစ်လာပါတယ်… မွေးကင်းစကလေးတွေကို မိခင်နို့မတိုက်ကျွေးခင်အရည်တွေ အဖတ်တွေ ကျွေးတာနဲ့ပတ်သက်လို့ တခြားအန္တရာယ်တွေလည်းရှိသေးတယ်… အဲဒါကတော့ ဇွန်းနှင့် နို့ဘူး၊ နို့ပုလင်းတွေ သုံးကြတာပါပဲ… ဇွန်းတွေကို သုံးရင် မွေးကင်းစကလေးငယ်တွေအတွက်ဆို့နင့်စေတဲ့ အန္တရာယ်၊ အဆုတ်နဲ့ဆိုင်တဲ့ ပြသနာနဲ့ ကူးစက်မှု အန္တရာယ်တွေ ဖြစ်ပေါ်စေတယ်…. နို့ဘူး၊ နို့ပုလင်းတွေ သုံးရင် ကလေး ဦးနှောက်က ပါးစပ်ကျယ်ကျယ် မဖွင့်ခိုင်းတော့ပါဘူး… ကလေးက လွယ်လွယ်စို့လို့ရတဲ့ နို့ဘူး၊ နို့ပုလင်းတွေကိုပိုကြိုက်လာပြီး အမေနို့ကို မစို့ချင်တော့ပါဘူး… နို့ဘူး၊ နို့ပုလင်းတွေကို တစ်ကြိမ်လောက်သုံးမိလိုက်တာနဲ့တင်ကလေးကအဲဒါကိုပဲ ကြိုက်သွားတတ်ပါတယ်… မွေးကင်းစ ကလေးတွေကို မိခင်နို့ မတိုင်ခင်အရည်တွေအဖတ်တွေ ကြိုကျွေးတဲ့အချက်ကြောင့် ကလေးက နို့မစို့ချင်တာရယ်၊ နို့ကို အောင်အောင်မြင်မြင်မတိုက်နိုင်တာတွေရယ်ဖြစ်ပြီး မေမေတွေက မိခင်နို့တိုက်ကျွေးတာတွေကို ရပ်ပစ်ကြတဲ့ အဓိကအကြောင်းရင်းခံတစ်ရပ်ဖြစ်လာပါတော့တယ်…
ဒါဆိုရင် မိသားစုဝင်တွေက ဘာလို့ မွေးကင်းစကလေးတွေကို မိခင်နို့ မတိုက်ကျွေးခင်အရည်တွေအဖတ်တွေ ကျွေးနေကြသေးတာလဲဆိုတာ ပြန်လည်သုံးသတ်ဖို့ လိုအပ်လာပါတယ်…လူတွေကျင့်သုံးနေကြလို့ အဲဒါက မှန်တယ်လို့ပြောလို့မရပါဘူး….တချို့နေရာတွေမှာ ပျားရည်က ကလေးတွေရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်လို့ယုံကြည်ကြတယ်… တကယ်တော့ပျားရည် က ကလေးတွေကို ပြင်းပြင်းထန်ထန် မကျန်းမမာဖြစ်စေနိုင်သလို သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်… တခြားမှားယွင်းတဲ့ ယုံကြည်ချက် တစ်ခုရှိပါသေးတယ်… နို့ဦးရည်နဲ့ ပတ်သက်လို့ အဲဒါက ကလေးတွေအတွက် မကောင်းဘူး၊ ကလေးတွေကို ရေငတ်စေတယ်၊ရေဓါတ်လိုတယ်… အဲဒါတွေက ပိုမိုမှားယွင်းတဲ့ ယုံကြည်မှုတွေပါပဲ…
မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကိုအကောင်းဆုံးဆိုတာကိုပဲ ပေးချင်ကြပါတယ်… တစ်ခါတစ်လေ မိခင်နို့ရဲ့ကောင်းကျိုးတွေနဲ့ အခြားအရာတွေရဲ့ အန္တရာယ်ကို နှိုင်းယှဥ်ဆွေးနွေးတာတွေကိုမြင်ရတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ အပြည့်အဝမတိုက်နိုင်တဲ့မေမေအတွက် ဝမ်းနည်းစရာမျိုးဖြစ်ရတာ တကယ်ကိုပဲ စိတ်မကောင်းဖြစ်ရပါတယ်…အမှန်တကယ်တော့ မိခင်နို့ တိုက်ကျွေးတာအောင်မြင်ဖို့အတွက် ထောက်တိုင်ကြီး (၃)ခုလိုအပ်အပါတယ်… အဲ့တာတွေက Protect (မိခင်နို့တိုက်ကျွေးခြင်းကိုအကာအကွယ်ပေးဖို့)၊ Promote (မိခင်နို့တိုက်ကျွေးခြင်းကို မြှင့်တင်ဖို့) နှင့် Support (လိုအပ်တဲ့အကူအညီအထောက်အပံ့တွေ ပေးဖို့) တို့ပဲဖြစ်ပါတယ်…. များသောအားဖြင့် Support ဆိုတဲ့ ထောက်တိုင်ကအားနည်းနေတာဖြစ်တဲ့အတွက် တကယ်တမ်း မေမေတွေ မိခင်နို့တိုက်ကျွေးတာနဲ့ပတ်သက်လို့အခက်အခဲ ကြုံလာတဲ့အခါ နည်းလမ်းမှန်တဲ့ အကူအညီတွေကို ဘယ်မှာ ရယူရမယ်ဆိုတာ မသိတဲ့အခြေအနေတွေ ကြုံနေကြရပါတယ်… ဒီလိုအနေခြေအနေတွေကြုံလာရရင် မေမေတွေမှာမိခင်နို့ပဲတိုက်ချင်ပေမယ့် အခြားအရာတွေကို ဝမ်းနည်းစွာနဲ့ပဲ ရွေးချယ်လိုက်ရတာတွေရှိနေတယ်ဆိုတာ နားလည်ထားပါတယ်… ဒါကြောင့်မို့မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေမျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့Group လေးလုပ်ထားပါတယ်။လင့်လေးကိုနှိပ် GroupMember တင်ဖို့ ဖိတ်ခေါ်ပါတယ်…. Member ဝင်တဲ့အခါမေးခွန်းလေးတွေကိုဖြေပေးဖို့မမေ့ပါနဲ့နော်….
မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho