|

အရေပြားချင်းထိပေးခြင်း (Skin-to-Skin Contact)

အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။

ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ကိုယ်ပေါ်အရေပြားချင်းထိပြီးတင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကိုကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီးနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်းထိထားပေးရင်းနဲ့ပဲမွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်ရင် ကလေးမှာဖြစ်ပွါးမှုလျော့ကျစေတဲ့အပြင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကို အားပေးတယ်… ကလေးနဲ့အမေကိုစိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့ အတွက်လိုအပ်တဲ့ နို့ရည်ကိုစောစောစီးစီး ထုတ်ပေးနိုင်ပါတယ်… အရေးကြီးဆုံးအချက်ကတော့ မိခင်ဝမ်းကြာတိုက်ကနေအပြင်ကမ္ဘာကို ကူးပြောင်းပေးတဲ့ ကာလမှာ အသားချင်းထိပေးခြင်းက ကူညီပေးပါတယ်….

နောက်ပိုင်းရက်တွေမှာ အသားချင်းထိပေးတာလည်း မိခင်နို့များများထွက်ဖို့ကိုကူညီပေးပါတယ်… ဒါကြောင့် အသားချင်းထိတာကို ကိုယ့်အိမ်မှာ ကိုယ် နောက်ပိုင်းရက်တွေမှာလည်းလုပ်ပေးသင့်ပါတယ်…

Skin-to-Skin ဘယ်လိုလုပ်ရမလဲ​ ဒီဗွီဒီယီုလေးမှာ လေ့လာကြည့်လို့ရပါတယ်… ဒီဗွီဒီယိုမှာတော့ ပုံမှန်ထက်သေးငယ်တဲ့ ကလေးတွေကိုပြထားပေမယ့် ပုံမှန်ကလေးတွေကိုလည်း လုပ်ပေးသင့်ပါတယ်…

မြန်မာနိုင်ငံမှာ ဒီလို မေမေနဲ့ ဘေဘီလေးတွေ အသားချင်းထိတာကို သိပ်မလုပ်ဖြစ်ကြတော့အဲဒီက ရမယ့် အကျိုးကျေးဇူးတွေကို ရသင့်ပါလျှက်နဲ့ မရပဲ ဆုံးရှုံးနေကြရပါတယ်..

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေမျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့Group လေးလုပ်ထားပါတယ်။လင့်လေးကိုနှိပ် GroupMember တင်ဖို့ ဖိတ်ခေါ်ပါတယ်…. Member ဝင်တဲ့အခါမေးခွန်းလေးတွေကိုဖြေပေးဖို့မမေ့ပါနဲ့နော်….

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • ဘယ်အရွယ်အထိ မိခင်နို့ကိုတိုက်‌သင့်လဲ

    ဒါကတော့ မိခင်နဲ့ကလေးရဲ့ ဆုံးဖြတ်ချက်ပါပဲ။ တချို့ကလေးတွေက ၄ နှစ် ၅ နှစ်ထိ မိခင်က နို့တိုက်ချင်ပေမယ့် သူတို့ဘာသာ စောစောနို့ပြတ်တာလဲ ရှိတတ်ပါတယ်။ WHOနဲ့ ကျွမ်းကျင်ပညာရှင်များကတော့ အနည်းဆုံး ကလေးအသက် ၂ နှစ်အထိ မိခင်နို့ ဆက်တိုက်ကျွေးဖို့အကြံပြုထားပါတယ်။

  • |

    မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် အလွန်အမင်း အဖိုးတန်ပါတယ်

    မေမေတို့ရေ ဟိုးနှစ်‌ပေါင်းများစွာကတည်းကရှိခဲ့တဲ့ လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ… တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်… ကလေးငယ်လေးတွေ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို ရရှိဖို့ လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးအဖြစ် အကျိုးကျေးဇူးတွေကို ရရှိစေပြီး ကလေးတွေကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေရဲ့ အစာအိမ်က သေးသေးလေးပဲ ရှိနေသေးတဲ့အတွက် သူတို့ဗိုက်ဝဖို့ဆို နို့ဦးရည် နည်းနည်းလေးပဲ လိုအပ်ပါတယ်…. မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေ တိုက်ကျွေးမိတဲ့အခါမှာ နို့ဦးရည်က ရမယ့် ရောဂါကာကွယ်ပေးမှုတွေက လျော့သွားပြီး ဝမ်းလျှောတာတွေ၊…

  • |

    အသက် (၆) လအောက်မှာ ရေတိုက်ဖို့လိုလား

    ဖေဖေ မေမေတို့ရေ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုတာကလေးကမိခင်နို့တစ်မျိုးတည်း ရရှိသောက်သုံးတာကို ဆိုလိုပါတယ်။ တခြား အရည်တွေတခြားအစားအစာတွေ မပါပါဘူး။ ရေတောင် မပါရပါဘူး။ ဒါပေမယ့် လိုအပ်လို့ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားထားတဲ့အခါ ဓာတ်ဆားရည်၊ အားဆေးနဲ့ တခြားဆေးရည်တွေတော့တိုက်လို့ရပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက် ပထမဆုံး (၆) လ အတွင်းမှာ လိုအပ်တဲ့ ရေနဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ မိခင်နို့တစ်ကြိမ်တိုက်ကျွေးတိုင်း အစောပိုင်း ထွက်လာတဲ့ နို့ရည်မှာ ရေဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေ ရေဆာမှာပဲလို့ မေမေတို့ထင်ရင်ကလေးကိုနို့သာတိုက်လိုက်ပါနော်။ ကလေးတွေ ရေဆာပြေတဲ့အပြင် ရောဂါကာကွယ်နိုင်စွမ်း လည်းတိုးလာမယ်။ ကလေးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဟာ ပထမ (၆) လ မှာ ‌ရေသောက်ဖို့မလိုအပ်ပါဘူး။ မြန်မာနိုင်ငံလို ပူပြင်းတဲ့ဒေသမှာတောင် မလိုအပ်ပါဘူးနော်။ ဒါကြောင့် ကလေးရေဆာတယ်ထင်ရင်…

  • ဘယ်အသက်အရွယ် ရောက်ရင် မိခင်နို့အပြင် ဖြည့်စွက်စာတွေ စကျွေးရမလဲ

    ဒီမေးခွန်းရဲ့ အဖြေကို အားလုံးသိကြပြီးသားဖြစ်မှာပါ။ ဟုတ်ပါတယ်။ အသက် (၆) လမှာ ဖြည့်စွက်စာ စကျွေးရပါမယ်။ ဘာကြောင့်လဲ။ ဒီမေးခွန်းကတော့ ကျန်းမာရေးဗဟုသုတ လိုက်စားတဲ့ ဖေဖေမေမေတွေ အတွက်တော့ ခက်တဲ့ မေးခွန်းမဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတော်တော်များများဟာ သူတို့အသက် (၆) လ မပြည့်ခင်မှာ မိခင်နို့မဟုတ်တဲ့ အစားအစာ တစ်မျိုးမျိုးကို ကျွေးတာကိုခံရပါတယ်။ အမှန်တော့ လူကြီးတွေက ချစ်လို့ ကျွေးကြတာပါ။ ဒါပေမယ့် အကျိုးအကြောင်းအဆိုးအကောင်းကို မသိတော့ ချစ်ရာမရောက်ပဲ ကလေးအတွက် အန္တရာယ်ကျရောက်စေတဲ့ အခြေအနေမျိုးတွေကို ဖန်တီးပေးသလိုဖြစ်သွားတတ်ပါတယ်။ မိခင်တွေ ဖွဲ့ထားတဲ့ Facebook Group လိုနေရာမျိုးတွေမှာ မေမေတွေ သူတို့ရဲ့ (၂) လ (၃) လအရွယ် ဘေဘီလေးတွေကို ထမင်းခွံ့နေတဲ့ပုံလေးတွေ၊ အခြား အာဟာရမှုန့်၊ ထမင်းဘူး စသည်ဖြင့်ခေါ်တဲ့ baby food တွေကို…

  • |

    ရင်သွေးလေးတွေကို မေမေတို့ မိခင်နို့တိုက်နေစဉ်ကာလမှာ ကော်ဖီသောက်လို့ ရပါ သလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ်…

Leave a Reply

Your email address will not be published. Required fields are marked *