COVID-19 နှင့် မိခင်နို့တိုက်ကျွေးခြင်း

အောက်ပါအမေးအဖြေများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အာဟာရပညာရှင်များမှ ပြုစု ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားနေစဉ်ကာလအတွင်း မိခင်နို့တိုက်ကျွေး ခြင်းဆိုင်ရာ အမေးအဖြေကဏ္ဍကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ (National Nutrition Centre/NNC) မှ ဘာသာပြန်၍ တင်ပြထားခြင်းအား ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါသည်။​

မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဟာ မေမေတို့ရဲ့ နို့ရည်ကတစ်ဆင့် သားသားမီးမီးတို့ကို ကူးစက်နိုင်ပါသလား?

ဖြေ။ အခုအချိန်ထိတော့ မေမေတို့ရဲ့ နို့ရည်ထဲကတစ်ဆင့် (ဒါမှမဟုတ်မေမေ့နို့တိုက်လို့ သားသားမီးမီးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားများ မတွေ့ရှိသေးပါဘူး။ ဒါကြောင့် … ရင်သွေးငယ်များအတွက် အကောင်းဆုံးအာဟာရလည်းဖြစ် ၊ ရောဂါကာကွယ်တဲ့ဓာတ်တွေလည်းပါဝင်တဲ့ မိခင်နို့ ချိုကို အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ သားသားမီးမီးတို့ကို ဆက်တိုက်ဖြစ်အောင် တိုက်ရမှာဖြစ်ပါတယ်။

မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဖြစ်များနေတဲ့ မြို့နယ်၊ ရပ်ကွက်အတွင်းမှာ နေထိုင်နေတဲ့ မေမေတို့ကရော သားသား၊ မီးမီးတို့ကို မိခင်နို့တိုက်လို့ရပါသလား?

ဖြေ။ မိခင်နို့ဟာ မွေးကင်းစကလေးတွေနဲ့ ရင်သွေးငယ်တွေ ခန္ဓာကိုယ်စံမီကြီးထွားဖွံ့ဖြိုးဖို့ဉာဏ်ရည်ဖွံ့ဖြိုးဖို့တို့အပြင် ကူးစက်ရောဂါတွေကိုတုံ့ပြန် .. တိုက်ခိုက်ပြီး ကျန်းမာ သန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်တာကြောင့် ဘယ်နေရာမှာနေတဲ့ မေမေပဲဖြစ်ဖြစ် မိမိတို့ ရင်သွေးလေးတွေကို မိခင်နို့ကို တိုက်ဖြစ်အောင်တိုက်ရမှာ ဖြစ်ပါတယ်။

မေး။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (Suspected case) ဒါမှမဟုတ် အတည်ပြုလူနာ (COVID-19 Positive)ဖြစ်နေရင် မွေးပြီးပြီးချင်း ကလေးကို မိခင်နဲ့အသားချင်း ထိကပ်ထားပေးလို့ရပါသလား?

ဖြေ။ ရပါတယ်။ မွေးစကလေးတွေကို မိခင်နဲ့ အသားချင်းထိကပ်ထားပေးခြင်းဟာ မွေးစ ကလေးရဲ့ ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးပြီး ကလေးအသက်ရှင်သန်ဖို့အတွက် အထောက်အကူဖြစ်တဲ့အပြင် အဲဒီလို အသားချင်းထိပေးခြင်းအားဖြင့် မွေးပြီးပြီးချင်း ထွက်တဲ့ ရောဂါကာကွယ်တဲ့ဓာတ်ပစ္စည်းတွေ အများကြီးပါဝင်တဲ့ နို့ဦးရည်ကို မြန်မြန် စို့နိုင်ဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ကလေးကို ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်နိုင်ခြေထက် ကလေးအတွက် ရမယ့်အကျိုးကျေးဇူးက ပိုများတာမို့ မွေးပြီးပြီးချင်း ကလေးကို မိခင်နဲ့အသားချင်းထိကပ်ထားပေးသင့်ပါတယ်။

မေး။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်) အတည်ပြုလူနာဖြစ်နေရင် ကလေးကို မိခင်နို့တိုက်လို့ရပါသလား?

ဖြေ။ မိခင်နို့ရည်ထဲကတစ်ဆင့် ကလေးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက် နိုင်တယ်ဆိုတဲ့ အထောက်အထားမရှိသေးတာမို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်) အတည်ပြုလူနာဖြစ်နေတဲ့ မိခင်က ကလေးကို နို့တိုက်ချင်တဲ့ဆန္ဒသာ ရှိရင် ကလေးကိုတိုက်လို့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်အတည်ပြုလူနာဖြစ်နေတဲ့မေမေက ကလေးကို မိခင်နို့တိုက်မယ်ဆိုရင် သတိပြုလိုက်နာရမယ့်အချက်တွေကတော့

ကလေးကို မချီခင်/မကိုင်တွယ်ခင်မှာ ဆပ်ပြာနှင့်ရေအသုံးပြု၍ လက်ကိုစင် ကြယ်အောင် အနည်းဆုံး စက္ကန့်(၂၀)ကြာမျှ စနစ်တကျဆေးရပါမယ် ၊ ဒါမှ မဟုတ် အယ်လ်ကိုဟော အနည်းဆုံး (၆၀%)ပါဝင်တဲ့ လက်သန့်စင်ဆေးရည် သုံးပြီး လက်ကို စင်ကြယ်အောင် စနစ်တကျဆေးရပါမယ်။

နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ ပါးစပ်နဲ့ နှာခေါင်းကို တံတောင်ဆစ်ကွေး (ဒါမှ မဟုတ်) တစ်ရှူးနဲ့ လုံအောင်ဖုံးထားရပါမယ်။ တစ်ရှူးသုံးမယ်ဆိုရင်တော့ သုံးပြီးတဲ့တစ်ရှူးကို အမှိုက်ပုံးထဲ ချက်ချင်းစွန့်ပစ်ရပါမယ်။ ကိုယ်ကိုင်တွယ်ထိတွေ့ လိုက်တဲ့နေရာတွေ ၊ မျက်နှာပြင်တွေမှာ ရောဂါပိုးမွှားများ

ကပ်ပြီးကျန်မနေရအောင် စနစ်တကျဆေးကြောသန့်စင်ရပါမယ်။ ကလေးကို နို့တိုက်နေတဲ့အချိန်၊ အစာကျွေးတဲ့အချိန်တွေနဲ့ ကလေးအနားမှာ ရှိနေတဲ့အချိန်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ထား ရပါမယ်။

ပါးစပ်နှင့်နှာခေါင်းစည်း(Mask) နည်းနည်းစိုလာတာနဲ့ အသစ်တစ်ခုနဲ့ ချက်ချင်း လဲရပါမယ်။ သုံးပြီးသား Mask တွေကို (လုံးဝ) ပြန်မသုံးရပါဘူး။ Mask ရဲ့ အပြင်ဘက်မျက်နှာပြင်ကိုလည်း (လုံးဝ) မကိုင်ရပါဘူး။

မေး။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်အတည်ပြုလူနာဖြစ်နေပြီး၊ ကလေးကို နို့မတိုက်နိုင်လောက်အောင် နေမကောင်းဖြစ်နေရင် ဘာလုပ်ရမလဲ?

ဖြေ။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဒါမှမဟုတ် ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုး တွေကြောင့် အရမ်းနေမကောင်းဖြစ်နေပြီး ကလေးကို နို့မတိုက်နိုင်ဘူးဆိုရင် ကလေးအတွက် မိခင်နို့ရနိုင်ဖို့ အိမ်သားတွေ (ဒါမှမဟုတ်) ပတ်ဝန်းကျင်က ကူညီပေးရ မှာပါ။ မိခင်ရဲ့နို့ကို သန့်စင်တဲ့ ခွက်ထဲကို ညှစ်ထည့်ပြီး ကလေးကိုတိုက်ပေးတာမျိုးမိခင်နို့ဘဏ်တွေမှာလှူထားတဲ့ နို့ရည်ကိုတိုက်ပေးတာမျိုး ဒါမှမဟုတ် အခြား နို့တိုက် မိခင်တစ်ယောက်ရဲ့နို့ကို တိုက်ပေးတာမျိုးတွေထဲက ကိုယ့်အတွက် အဆင်ပြေနိုင်မယ့် နည်းလမ်းတစ်မျိုးမျိုးကို ကြိုးစားကြည့်ရမှာပါ။ အဓိကကတော့ ကလေးအတွက် အကျိုးကျေးဇူးအများကြီးပေးနိုင်တဲ့ မိခင်နို့ကို ရစေချင်တာ ဖြစ်ပါတယ်

မေး။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်) အတည်ပြုလူနာဖြစ်နေပြီး၊ နေမကောင်းဖြစ်နေလို့ ကလေးကိုနို့မတိုက်နိုင်ခဲ့ရင် ဘယ်အချိန် နို့ပြန်တိုက်လို့ရမလဲ?

ဖြေ။ မိခင်က နို့ပြန်တိုက်နိုင်တဲ့အခြေအနေအထိ နေပြန်ကောင်းတာနဲ့ ကလေးကို မိခင်နို့ ပြန်တိုက်လို့ရပါပြီ။ အချိန်ဘယ်လောက်ကြာမှ နို့ပြန်တိုက်လို့ရမယ်လို့ သတ်မှတ်ထား တာမရှိသလို နို့တိုက်လို့ မိခင်နေမကောင်းဖြစ်တဲ့ရက် ပိုကြာတယ်ပိုမြန်တယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး။ နို့တိုက်ရာမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အအခဲတွေ အတွက်တော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်သင့်ပါတယ်။

မေး။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်အတည်ပြုလူနာဖြစ်နေလို့ ကလေးကို နို့မှုန့်တွေ စိတ်ချလက်ချ အန္တရာယ်ကင်းစွာ တိုက်လို့ရပါသလား?

ဖြေ။ (လုံးဝ) မတိုက်သင့်ပါဘူး။ မိခင်နို့အစားထိုးနို့မှုန့်တွေတိုက်ခြင်းဖြင့် ကလေးငယ် တွေမှာ အစာခြေစနစ်ပျက်စီးခြင်းမသန့်ရှင်းတဲ့ရေနှင့် ခွက်များကြောင့် ဝမ်းပျက်ဝမ်း လျှောဖြစ်ခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါဖြစ်ခြင်း-စတဲ့ အန္တရာယ်တွေရှိလာနိုင် ပါတယ်။ အဲဒီအန္တရာယ်တွေက … အခုလို .. ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်နေတဲ့ကာလ အတွင်းမှာ ပိုဆိုးနိုင်ပါတယ်။ ဒါ့အပြင် မိခင်နို့တိုက်ခြင်းဟာ ကလေးကို ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်နိုင်ခြေထက် ကလေးအတွက် ရမယ့်အကျိုးကျေးဇူးက ပိုများ တာမို့ ကလေးကို မိခင်နို့သာတိုက်သင့်ပါတယ်။

National Nutrition Centre – Myanmar မှ ရယူဖော်ပြထားတာဖြစ်ပါတယ်။ မူရင်းပိုစ်ကိုလည်း ဒီလင့်လေးမှာ သွားရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/NationalNutritionCentreMM/posts/552472145467471

Breastfeeding Messages for COVID-19
Credit: National Nutrition Centre – Myanmar

Similar Posts

  • |

    စိတ်ဖိစီးမှုများရင် နို့ထွက်နည်းနိုင်သလား

    စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာ ကျေနပ်မှုမရနိုင်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေ နို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏက သွေးထဲမှာ တိုးပွားလာတာ တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။…

  • |

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ခန္ဓာကိုယ်ပေါ် အရေပြားချင်းထိပြီး တင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကို ကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီ းနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်း ထိထားပေးရင်းနဲ့ပဲ မွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်မယ်ဆိုရင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကိုလည်း အားပေးတယ်… ကလေးနဲ့အမေကို စိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့အတွက် လိုအပ်တဲ့ နို့ရည်ကို စောစောစီးစီလည်း…

  • |

    မိခင်နို့တိုက်ကျွေးတာကို အကာအကွယ်ပေးထားတဲ့ ဥပဒေ

    အားလုံးပဲ မင်္ဂလာပါ… အရင်ရက်တွေက နို့မှုန့်၊ နို့ဘူးတိုက်ကျွေးခြင်းရဲ့ အန္တရာယ်တွေကို မျှဝေခဲ့လို့ တစ်ချို့မေမေတွေက ဒီ Page ရဲ့ Admin တွေက နို့မှုန့်ကုမ္ပဏီတွေနဲ့ ရန်ဖြစ်ထားလို့လားဆိုပြီး မှတ်ချက်လေးတွေ ပေးခဲ့ကြတာရှိပါတယ်… Page ရဲ့ Admin တွေက ဘယ်နို့မှုန့်ကုမ္ပဏီတွေနဲ့မှ ရန်ဖြစ်မထားသလို ဘယ်နို့မှုန့်ကုမ္ပဏီရဲ့ sponsor ကိုမှာ ယူလေ့မရှိပါဘူး… ဒါဟာ အာဟာရပညာရှင်တွေ၊ ကျန်းမာရေးပညာရှင်တွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို လိုက်နာနေတာဖြစ်သလို၊ မိခင်နို့တိုက်ကျွေးရေးကို ကာကွယ်နေတာပဲဖြစ်တယ်… ဒါဟာ Healthy and Happy Families အဖွဲ့ရဲ့ မူဝါဒ policy လည်းဖြစ်ပါတယ်… မိခင်နို့တိုက်ကျွေးခြင်းကို ကာကွယ်ရာမှာ the International Code of Marketing of Breastmilk Substitutes လို့‌ခေါ်တဲ့ နိုင်ငံတကာ မိခင်နို့အစားထိုးပစ္စည်းများ စျေးကွက်တင်ခြင်းဆိုင်ရာ စျေးကွက်တင်ခြင်းဆိုက်ရာကိုဗဥပဒေ ဟာ သိပ်ကိုအရေးပါပါတယ်… ၁။ နို့မှုန့်ရောင်းချတဲ့နို့မှုန့်ကုမ္ပဏီတွေဟာ ဦးတည်ချက်လွဲမှားစေနိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ မိဘတွေကို စိတ်ရှုပ်ထွေးစေပြီး မိခင်နို့တိုက်ကျွေးခြင်းကို မကြာခဏဆိုသလို အားနည်းစေပါတယ်။…

  • |

    အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း

    အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း Disclaimer: ဤ High Energy Ball ပြုလုပ်နည်းသည် UNICEF မြန်မာမှ မျှဝေထားသော နည်းလမ်းအား ဒေသတွင်း လူမှုအဖွဲ့အစည်းတစ်ခုမှ စေတနာ့ဝန်ထမ်းအချို့၏ အကူအညီဖြင့် အနည်းငယ်ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါသသည်။ ဤ High Energy Ball ပြုလုပ်နည်းသည် အာဟာရချို့တဲ့သောကလေးများ (Acutely Malnourished) ကလေးများအတွက် Ready-to-use Therapeutic Food (RUTF) အာဟာရဆေးအစာများ မရရှိနိုင်သည့် အခြေအနေတွင် အစားထိုးအသုံးပြုရန်ဖြစ်ပါသည်။ လက်ရှိအရေးပေါ်ကာလတွင် ပြည်တွင်း/ ဒေသခံကူညီကယ်ဆယ်ရေး အဖွဲ့များ ကျန်းမာရေးနှင့်ညီညွတ်၍ ပြုလုပ်ရန်လွယ်ကူသော နည်းလမ်းတစ်ခုဖြစ်ပါသဖြင့် ဥာဏ်ရှိသလိုအသုံးချရန် မျှဝေပေးရခြင်းဖြစ်ပါသည်။ ပုံမှန် အစားအစာများကို မစားသုံးပဲ ဤ High Energy Ball…

  • ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရပြည့်ဝစွာစားသုံးနည်း

    Video Credit: Food and Agriculture Organization

  • ကလေးတိုင်း အသက် (၅) နှစ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့

    ကလေးတိုင်း အသက် (၅) နှစ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေလုပ်ရမယ် ဆိုတာကို အသက် (၇)​ နှစ်အရွယ် သမီးငယ်လေး Molly Wright က ပြောပြပေးထားတာဖြစ်ပါတယ်… လူတိုင်းနားထောင်ကြည့်သင့်ပါတယ်…. မြန်မာလို့ စာတမ်းထိုးနဲ့ ကြည့်နိုင်ဖို့ Subtitle မှာ Burmese ကို ရွေးကြည့်နိုင်တယ်…

Leave a Reply

Your email address will not be published. Required fields are marked *