G6PDဆိုင်ရာအကြံပြုချက်များ

ခုတစ်လော အမေးများတဲ့ G6PD ကလေးတွေကို ဖြည့်စွက်စာကျွေးရာမှာ ဘာတွေလိုက်နာသင့်လဲဆိုတဲ့ မေးခွန်းနဲ့ဆက်စပ်လို့ ဒီပိုစ်လေးကိုတင်ပေးလိုက်ပါတယ်။

G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။

G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။

မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။

ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။

G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ် ကလေးမွေးပြီးနောက် လအနည်းငယ်တွင်ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆောင်ရွက်သင့်ပါသည်။ ချို့တဲ့သည်ဟု အဖြေတွေ့ရှိရပါက ဆရာဝန်သည် အဖြေကို ထပ်မံသေချာစေရန် နောက်တစ်ကြိမ် စစ်ဆေးမှု ပြလုပ်ရန် အကြံပြုကောင်း ပြုပါလိမ့်မည်။

G6PD ချို့တဲ့သောမိခင်များသည် ကလေးကိုနို့တိုက်ကျွေးသင့်သော်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် နို့တိုက်နေစဉ် Fava Beans (တောင်ကြီးပဲ) စားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။

ကြိုတင်ကာကွယ်မှုများ

‌ရောဂါနှင့်ဆေးဝါးများ

ကလေးနေမကောင်းဖြစ်၍ ဖျားနာလျှင် ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းအား မိမိကလေးသည် G6PD ချို့တဲ့သောကလေးဖြစ်ကြောင်းပြောပြပါ။ ဆရာဝန်မှ ကြိုတင်ကာကွယ်မှုအနေဖြင့် အချို့သော ဆေးဝါးများကို ရှောင်ကြဥ်ရန် ထည့်သွင်းစဥ်းစားနိုင်ပါလိမ့်မည်။

Menthol (ပရုပ်)

အစားအစာများ၊ သွားတိုက်ဆေး၊ အင်းဆက်ပြေးဆေးနှင့် ပရုပ်လုံးတို့တွင် ပါဝင်သည့် ပရုပ် အနံ့၊ အရသာတို့က ကလေးကို အန္တရာယ်ရှိစေနိုင်သည်။

အစားအစာများ

G6PD ချို့တဲ့နေသော ကလေးများသည် ပြုပြင်ထားသော အသင့်စားအစားအစာများ (ready made)နှင့် အမြန်စာ (fast food) များထက် သဘာဝအိမ်လုပ် အစားအစာများ(homemade)သည်သာ အကောင်းဆုံးဖြစ်သည်။ အိမ်လုပ်အစားအစာများ ကျွေးခြင်းဖြင့် အာဟာရဓါတ်ကြွယ်ဝသည့် သဘာဝအစားအစာများကို ပိုမိုစားသုံးဖြစ်စေပြီး၊ တာရှည်ခံ‌‌ဆေးများ၊ ထပ်ပေါင်းထည့်ထားသည့် ဓါတ်ပစ္စည်းများ၊ အရောင်ဆိုးဆေးများ၊ လူလုပ်အရသာများ စားသုံးခြင်းကို လျော့ကျစေနိုင်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ စားသုံးသည့် အလေ့အကျင့်များကို ငယ်စဥ်ကပင် စတင်ပေးသင့်သည်။

အသက် ၆ လတွင် ဖြည့်စွက်အစာကျွေးသောအခါ စီရီရယ်ကို ရှောင်ပါ။ အများစုတွင် ပဲပုပ်များပါဝင်တတ်ပြီး G6PD ကလေးငယ်များသည် အသက်ငယ်စဥ်တွင် ပဲပုပ်စတင်စားသုံးခြင်း မပြုသင့်ပါ။

အကယ်၍ သင့်ကလေးသည် G6PD နည်းနေသောကလေး ဖြစ်ပါက ကလေးသည် တောင်ကြီးပဲ ကဲ့သို့သော ပဲမျိုးကို ရှောင်ရမည်။ ဤပဲစေ့ကို စားပါက ပြင်းထန်သော ဓါတ်တုံ့ပြန်မှုကြောင့် ဖျားနာမှု ဖြစ်စေနိုင်ပါသည်။

G6PD ချို့တဲ့သော‌ ကလေးများတွင် တုန့်ပြန်မှုအဆင့်များရှိပြီး အချို့သောကလေးများသည် ပိုမို၍ ထိခိုက်လွယ်သည်။ မိဘသည် ကလေးနှင့် အတူတကွ လေ့လာစောင့်ကြ့နိုင်ပြီး ကလေးကို အသက်ကြီးလာသည်နှင့်အမျှ ရှောင်ရှားရမည့်အစားအစာများကို သင်ပေးပါ။

တောင်ကြီးပဲနှင့် (အရွယ်အစားကြီးမားသော ပဲများပါ – ဥပမာ – ပဲကတ္တီပါ၊ ပဲကြီး၊ စသည်) တို့ကို ‌ရှောင်ကြဥ်ပါ။ သို့သော် ပဲနီလေး၊ စားတော်ပဲ နှင့် ကုလားပဲကဲ့သို့သော ပဲမျိုးကိုမူ ကျွေးနိုင်သည်။

ရှောင်ရှားရန်အခြားအကြံပြုချက်များ

Sulfites ပါ သော ဆေးများ/ အစာများကို ရှောင်ကြဥ်ရမည်။ Sulfites များသည် အသင့်စား မုန့်ဖုတ်ထားသော စားစရာများနှင့် အချိုပွဲများတွင် အစားအစာအ‌ရောင်အတွက် အသုံးပြုသည့် ဓာတုပစ္စည်းများဖြစ်သည်။ Sulfites ပါဝင်မှုကို သိရှိနိုင်ရန် အစားအစာများ၏ တံဆိပ်အညွှန်းများကိုဖတ်ပါ။

အရောင်ပါသော ကိတ်မုန့်များ၊ ကွတ်ကီးများ (အများအားဖြင့် အပြာရောင်များ)

ဘလူးဘယ်ရီအရောင်ပါ အစားအစာများ

ဟော့‌ဒေါ့၊ ဝက်အူးချောင်း၊ အသားချောင်း၊ အသားတုများ ကဲ့သို့ ပြင်ဆင်ထားသည့် အသားများ

အရောင်ဆိုးထားသော အသီးခြောက်၊ ဟင်းသီးဟင်းရွက်ခြောက်များ

အေးခဲထားသည့် ငါးနှင့် ပင်လယ်စာများ

အေးခဲထားသော အာလူးနှင့် အနောက်တိုင်းအစားအစာ၊ တရုတ်အစားအစာများ

အာလူးကြော်ထုပ်များ၊ ငါးမုန့်ကြော်နှင့် အခြား မုန့်ကြွပ်ကြော်များ

အရောင်ပါသော သကြားလုံးများ

ကြက်ဟင်းခါးသီး

ပဲပုပ်၊ ပဲပုပ်နှင့် ပြုလုပ်သော စားစရာများသည် ရှောင်ရမည့် စားစရာများတွင် ထည့်သွင်းရန်မလိုသော်လည်း တုန့်ပြန်မှု ပြင်းထန်သောကလေးများကို ကျွေးရာတွင် သတိနှင့် ကျွေးရန် လိုအပ်သည်။

အချိုရည်များ၊ ဆိုဒါရည်များကိုလည်း တာရှည်ခံပစ္စည်းများနှင့် လူလုပ်ပါဝင်ပစ္စည်းများစွာ ပါဝင်သဖြင့် ကလေးများအား မတိုက်ကျွေးသင့်ပါ။

G6PD အတွက် အစားအစာအကြံပြုချက်များ

၁။ သင့်ကလေးသ် ခြောက်လပြည့်သည့်အခါ ဖြည့်စွက်အစားအစာများစားသင့်သည်။ Infant Cereal ကျွေးခြင်းကို သတိပြုပါ။

၂။ ကလေးအား နှံစားသီးနှံအမျိုးမျိုး၊ ကစီဓါတ်၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ငါး၊ အသား၊ ဆီ၊ အခွံမာသီး၊ အစေ့များ၊ နို့ထွက်ပစ္စည်းများ (အသက် တစ်နှစ်တွင်) တို့ကို စားသုံးနိုင်သည်။ အရွယ်အစားသေးသော အစားအစာများကို ကျွေးမွေးနိုင်သော်လည်း အရွယ်အစားပိုကြီးသည့် ပဲများကိုကျွေးရာတွင် သတိနှင့် ကျွေးသင့်သည်။

၃။ ကလေးသည် အစားအစာမျိုးစုံပါဝင်သည့် ကျန်းမာရေးနှင့် ညီညွတ်သော အစာကိုသာ စားသုံးသင့်သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များသည် သွေးနီဥများပျက်စီးခြင်းမှ ကာကွယ်ရာတွင် အရေးကြီးသဖြင့် ဗီတာမင် အေ၊ စီ၊ အီး ကြွယ်ဝသော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ငါးတို့ကို တစ်ပါတ်လျှင် အနည်းဆုံး ၃ – ၄ ကြိမ် ကျွေးသင့်သည်။

၄။ အိမ်တွင်ချက်ပြုတ်သည့် အစားအစာများသည်သာ အသင့်တော်ဆုံးဖြစ်သည်။ ထို့ကြောင့် အပြင်တွင် စားသောက်ပါက သတိထားသင့်သည်။

၅။ ဗီတာမင် စီ သည် ကိုယ်ခန္ဓာအတွက် အရေးပါသည်။ အစားအစာများတွင် ပါဝင်သည့် ဗီတာမင် စီ သည် သဘာဝအတိုင်းပါဝင်သည့် ပမာဏဖြစ်ပြီး၊ လူ့ကိုယ်ခန္ဓာမှ လွယ်ကူကောင်းမွန်စွာ ချေဖျက်နိုင်သည်။

ဗီတာမင်စီ ပမာဏအများအပြားကို ဖြည့်စွက်ဆေးဝါးအနေဖြင့် ‌သောက်သုံးမိပါက G6PD ကလေးများအတွက် အန္တရာယ်ရှိနိုင်သည်။ ဗီတာမင် စီ ဆေးများတိုက်ကျွေးပါက အထူးသတိပြုရန်လိုသည်။ ဆေးတိုက်မည့်အစား ဗီတာမင် စီ ကြွယ်ဝသော သဘာဝအစားအစာများကိုသာ ပိုကျွေး‌ပေးသင့်သည်။ ဥပမာ – လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ သို့မဟုတ် လတ်ဆတ်သော သဘာဝ သစ်သီးဖျော်ရည်။

၆။ တရုတ် တိုင်းရင်းဆေး၊ မြန်မာတိုင်းရင်းဆေးများကို တိုက်ကျွေးပါက ထိုဆေးများတွင် မည်သည့် ပစ္စည်းများ ပါဝင်သည် မသိရသောကြောင့် အထူးသတိပြုသင့်သည်။

သတိပြုရန်မှာ ဤ‌G6PDသည် ရောဂါတစ်ခု မဟုတ်ပါ။ ဓါတ်တစ်ခု ချို့တဲ့ရုံသာ ဖြစ်သောကြောင့် အကြံပြုချက်များကို အတတ်နိုင်ဆုံး သတိထား လိုက်နာသွားနိုင်လျှင် အထူးစိုးရိမ်ရန်မလိုပဲ သာမန်လူတစ်ယောက်အတိုင်း ပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါသည်။

Similar Posts

  • |

    မွေးကင်းစကလေးရဲ့ အစာအိမ်အရွယ်အစား

    ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့ရေ… ရက်သားကလေးငယ်ရဲ့ အစာအိမ်က တော်တော်သေးပါတယ်… ဘယ်လောက်ထိသေးလဲဆိုရင် စပျစ်သီးခပ်ကြီးကြီးအရွယ်လောက်ပဲရှိပြီး အရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ဆို ဗိုက်ပြည့်သွားတာပါပဲ… ဒီတော့ တခြားအရည်တွေတိုက်လို့ ကလေးအစာအိမ်သေးသေးလေးက ပြည့်နေရင်ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး… အဲလိုဖြစ်ရင် ကြီးမားတဲ့ နောက်ဆက်တွဲအနေနဲ့ ပြဿနာ (၂) ခု ထပ်ပေါ်တတ်ပါတယ်… (၁) မေမေရဲ့နို့တွေ တင်းလာမယ်… နို့တွေတင်းလာတဲ့အခါ ကလေးကို ကောင်းကောင်း နို့တိုက်လို့မရဘူး… အဲဒီတော့ မေမေ့နို့တွေက နာလာမယ်…. (၂) ကလေးက ကောင်းကောင်းနို့မစို့တော့တဲ့အခါ နို့ထွက်တာ နှောင့်နှေးလာမယ်၊ နို့ထွက်နည်းလာမယ်… သဘာဝအလျောက်ပုံမှန်ထွက်ရှိမှုနှုန်း မရှိသလို ဖြစ်လာမယ်… အဲဒီအခါ မေမေတွေနဲ့ မိသားစုဝင်တွေက မိခင်မှာ နို့မလုံလောက်ဖူးဆိုတဲ့အမြင်တွေ မြင်လာတော့တာပါပဲ… ဒီနေရာမှာ အထူးသတိပေးချင်တာက မိခင်နို့ဆိုတာ ကလေးများများစို့မှ မေမေ့ဆီက နို့များများ…

  • |

    ကိုယ်ဝန်ထပ်ရှိလာရင် နို့ဆက်တိုက်လို့ရသေးလား

    ရပါတယ်။ မေမေအများစုက ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ နို့ဆက်တိုက်နိုင်ပါတယ်။ ကလေးမွေးပြီးတော့လည်း ကလေးကြီးနဲ့ မွေးကင်းစလေး ၂ ယောက်စလုံးကို မိခင်နို့တိုက်လို့ရပါတယ်။ ဒီလိုနို့တိုက်တာမျိုးကို tandem nursing လို့ ခေါ်ပါတယ်။ ရှေးရှေးတုန်းကတော့ ကြီးတဲ့ ကလေးကို နို့ဖြတ်ဖို့ အကြံပြုခဲ့ကြပေမယ့် သုတေသနအသစ်တွေအရတော့ tandem nursingက အန္တရာယ်မရှိဘူးလို့ သိရပါ တယ်။ ကလေးနှစ်ဦးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်ဆိုရင် မေမေတို့က ကယ်လိုရီများများပိုစားဖို့လိုပါတယ်၊ရေလည်းများများသောက်ရမယ်၊ ကလေးအိပ်ရင် လည်းလိုက်အိပ်ရမယ်၊ ပိုငယ်တဲ့ကလေးကို အမြဲတမ်း အရင်နို့တိုက်ကျွေးရပါမယ်။ ကလေးအကြီးကတော့ မေမေတို့ နို့ပိုထွက်ဖို့ကူညီပေးပါလိမ့်မယ်။ရင်သားတွေက လှုံ့ဆော်မှု ပိုရလာတာနဲ့အမျှ မိခင်နို့များများ ထွက်လာပါလိမ့်မယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member…

  • | |

    မေမေတို့ မိခင်နို့တိုက်နေစဉ်အခါမှာ အရက်သေစာသောက်လို့ရနိုင်ပါသလား

    ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီ မဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြော့ မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။   အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ…

  • Nursing Strikes ဆိုတာဘာလဲ

    လူကြီးတွေတင် ဆန္ဒပြတတ်တာ မဟုတ်ဘူးနော်။ ဘေဘီလေးတွေလည် းဆန္ဒပြတတ်ကြပါတယ်။ မိခင်နို့စို့ဖို့ ကလေးက ဆန္ဒပြတဲ့အခြေအနေ (Nursing Strikes) တွေရှိတတ်တယ်။အဲဒါက ဘာပါလဲဆိုတာ နည်းနည်းဆွေး‌‌နွေးပေးပါမယ်။ Nursing Strikes ဆိုတာ ကလေးက မိခင်နို့စို့ဖို့ကို ရုတ်တရက်ငြင်းဆန်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီဟာက မိခင်တွေအတွက် အနှောက်အယှက် ဖြစ်တတ်ပါတယ်။ ဒါက ရက်ပေါင်းများစွာ သို့ မိခင်နို့တိုက်‌ကျွေးမှု အကြိမ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ ဒါ့အပြင် ကလေးနဲ့မေမေတွေအတွက် စိတ်ဖိစီးမှု အလွန်များစေနိုင်ပါတယ်။ ကလေးကောင်းကောင်းနေမကောင်းလို့၊ နှာစေးနှာပိတ်လို့၊ ဝမ်းချုပ်လို့၊ ဝမ်းလျှောလို့၊ကလေးရဲ့ပတ်ဝန်းကျင်/အချိန်ဇယားပြောင်းလဲလိုက်လို့၊ ကလေးကိုပြုစု စောင့်ရှောက်တဲ့ သူပြောင်းသွားလို့၊ သွားပေါက်လို့ စတဲ့ အကြောင်းရင်းတွေကြောင့်ကလေးက မိခင်နို့စို့ဖို့ ငြင်းဆန်တဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ တခြားအကြောင်းရင်းတွေလည်းရှိပါသေးတယ်။အဲဒါတွေကတော့မေမေတို့ ဓမ္မတာ သွေး လာတာ၊ မေမေတို့စားတဲ့အစားအစာကြောင့်၊ ဒါမှမဟုတ်ဆေးဝါးကြောင့်၊ရေမွှေး၊ ဆပ်ပြာ၊…

  • နို့တိုက်မိခင်က ​လေ့ကျင့်ခန်းလုပ်လို့ရလား

    ရပါတယ်။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာက နို့ထုတ်တဲ့ပမာဏနဲ့ နို့အရသာကို မပြောင်းလဲစေပါဘူး။ လေ့ကျင့်ခန်းကို ဖြည်းဖြည်းလေးကနေ စလုပ်ပြီး တဖြည်းဖြည်းနဲ့ တိုးပြီးလုပ်နိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူနဲ့တော့ တိုင်ပင်ဆွေးနွေးပေးပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho 

  • ကလေးနို့ဝမဝ ဘယ်လိုသိနိုင်မလဲ

    မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးလေးတွေကို မေမေတို့က မိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်(သို့) ကလေးကမိခင်နို့ ကောင်းကောင်းရနေတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်… မေမေ့ရဲ့ ဘေဘီလေးက · တက်ကြွပြီး နိုးကြားလှုပ်ရှားနေမယ် · နို့စို့ပြီးချိန်မှာ ပျော်ရွှင်ပြီး ကျေနပ်နေမယ် · ၂၄နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့တိုက်ကျွေးတာ ခံရမယ် · နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့အခြေအနေကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာ တွေ့ရမယ် · ကိုယ်အလေးချိန် နေ့စဉ် ၂၅ ဂရမ် မှ ၃၅ ဂရမ်ကြား အလေးချိန်တိုးလာမယ် (ရင်သွေးငယ်လေးက ပထမ ၅ ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့ ၇% ထက်လျော့လာပါတယ်…. ဒါပေမယ့် ၁၀ ရက်မြောက်မှာတော့ မွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိလာပါတယ်…)…

Leave a Reply

Your email address will not be published. Required fields are marked *