|

မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေး

မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေးကို မျှဝေပေးပါရစေ…

မေမေ့နို့ရည်ကတော့ဘာနဲ့မှ နှိုုင်းယှဉ်လို့မရတာ အသေအချာပါပဲ… မေမေ့ခန္ဓာကိုယ်ကနေ ရင်သွေးလေးအတွက် ထုတ်လုပ်ပေးတဲ့နို့ကို ဘယ်အရာကမှ အတုအပ မလုပ်နိုင်ပါဘူး…. မေမေနို့ရည်မှာ ပါဝင်နေတဲ့အမျိုးအမည်ပေါင်း ၁၀၀၀၀၀ ကျော်ရှိပါတယ်… အဲဒါတွေအားလုံးက ကလေးရဲ့ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေဖို့၊ ကလေးငယ်ဘဝ/လူကြီးဘဝတလျောက်မှာ အကောင်းဆုံးကိုယ်ခံစွမ်းအား ရှိစေဖို့၊ လူကြီးဘဝမှာလည်း ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်… မိခင်နို့တစ်စက်မှာ ကလးငယ်တွေကို ရောဂါပိုးတွေက ကာကွယ်ပေးဖို့ သွေးဖြူဥ ၁,၀၀၀,၀၀၀ ပါရှိတယ်…… ဒါတွေကို ပုံတူကူး ထုတ်လုပ်လို့မရပါဘူး…. ဘယ်အမှတ်အသားနှင့်ဘယ်အမှတ်တံဆိပ်ကမှ မိခင်နို့ရဲ့ တုနှိုင်းမမီတဲ့ စံ ကို မယှဉ်ပြိုင် နိုင်ပါဘူးလို့ပဲ ပြောချင်ပါတယ်….

*သက်ရှိဆဲလ်နဲ့ သက်မဲ့ ဆဲလ်များ*

မိခင်နို့က အသက်ရှိတယ်လို့ပြောလို့ရတဲ့ရှင်သန်လှုပ်ရှားနေတဲ့ ဆဲလ်အရှင်တွေနဲ့စုဖွဲ့ထားတယ်… ရင်သွေးငယ်ကို ဘက်တီးရီးယားပိုးတွေတိုက်ခိုက်ခြင်းကနေကာကွယ်ဖို့ ဘက်တီးရီးယားကိုသတ်နိုင်တဲ့ သက်ရှိဆဲလ်တွေ အများကြီးပါပါတယ်… ပြောရင် မိခင်နို့အစက်တိုင်းမှာ အသက်ဓါတ်တွေပါနေပါတယ်…

နို့မှုန့်တွေမှာတော့သက်မဲ့ဆဲလ်တွေပဲပါပြီးတော့ ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ ခုခံအားစံနစ်ကို အကာအကွယ်ပေးနိုင်ဖို့ဒီလိုအဖိုးတန်တဲ့အရာတွေ မပါလာပါဘူး….

*အသားဓါတ်ကိုချေဖျက်နိုင်ခြင်း*

မိခင်နို့ထဲမှာပါတဲ့အသားဓါတ် (ပရိုတိန်းဓါတ်) က အလွယ်တကူ ချေဖျက်လို့ရတယ်… မိခင်နို့ထဲမှာပါတဲ့ဝှီ (Whey) အသားဓါတ်ကို ကလေးရဲ့ အစာခြေစနစ်က လွယ်လွယ်ကူကူ စုတ်ယူနိုင်ပါတယ်… ကလေးတစ်ယောက် ကြီးထွားနိုင်ဖို့ အသားဓါတ်အမျိုးအမည်ပေါင်း ၄၀၀ ကျော်လိုအပ်ပါတယ်… မိခင်နို့က ကလေးကို အိပ်ပျော်စားဝင်စေတယ်….

နို့မှုန့်တွေမှာတော့ စတင်ဖန်တီး စဉ်ကတည်းက နွားတို့၊ ဆိတ်တို့ကရတဲ့တိရိစ္ဆာနို့တွေနဲ့ ပြုလုပ်ထားတော့ အလွယ်တကူ ချေဖျက်ဖို့ မဖြစ်နိုင်ပါဘူး…

*ကစီဓါတ်*

မိခင်နို့ထဲမှာပါတဲ့ကစီဓါတ် (လက်တို့စ်နို့သကြားဓါတ်) က ရင်သွေးငယ်တွေ ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ အစာတွေကြေညက်စေဖို့ လိုအပ်တဲ့ အစာပါဘဲ…. အန္တရာယ် ပေးနိုင်တဲ့ ဘက်တီးရီးယားတွေ ဖမ်းချုပ်ထိန်းထားနိုင်တဲ့ရာနဲ့ချီတဲ့အိုလီဂိုဆက်ခရိုက် (Oligosaccharides) လို့ခေါ်တဲ့ ကစီဓါတ်တွေ မိခင်နို့ထဲမှာ အများစုပါဝင်နေတာ တွေ့ရတယ်….

နို့မှုန့်တွေမှာတော့ ပြောင်း/ ဂျုံကနေ ဖန်တီးပြုလုပ်ထားတဲ့ မယ်တိုဒက်ထရင် (maltodextrin) ပါဝင်ပြီး အဲဒီလိုနည်းပညာနဲ့ ပြုပြင်ထားတဲ့ ကစီဓါတ်တွေမှာ အိုလီဂိုဆက်ခရိုက် (Oligosaccharides) က ထိရောက်တဲ့ အာနိသင်တွေ မပါဝင်နေပါဘူး….

*အဆီဓါတ်*

မိခင်နို့ထဲမှာ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အိုမီဂါသရီး (Omega-3) ပေါများစွာပါဝင်နေသလို အခြားဖက်တီးအက်ဆစ်တွေဖြစ်တဲ့ (DHA/ARA) တို့လည်း ပါဝင်နေပါတယ်…. အဲဒါတွေက အလွယ်တကူကျေညက်စေပြီး စုတ်ယူမှု အားကောင်း တဲ့အတွက် ကလေးက ကိုယ်အလေးချိန်တက်လာစေပါတယ်… မိခင်နို့ထဲမှာပါတဲ့ ကိုလက်စထေရော (Cholesterol) ကလည်း ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အရေးကြီးပါတယ်…. မိခင်နို့ထဲမှာပါတဲ့ လိုက်ပေးစ့် (Lipase) လို့ခေါ်တဲ့ဓါတ်တစ်မျိုးကလည်း ပိုကောင်းတဲ့ အစာချေဖျက်မှုတွေနဲ့ အာဟာရဓါတ် စုတ်ယူမှုတွေကို ဖြစ်ပေါ်စေပါတယ်…

နို့မှုန့်တွေမှာပါတဲ့ ဖက်တီး အက်ဆစ် တွေဖြစ်တဲ့ (DHA/ARA) တို့ကတော့ လူကဖန်တီးပြုလုပ်ထားတာဖြစ်ပြီးရေညှိနဲ့ မှိုတွေကနေ ထုတ်လုပ်ထား တာဖြစ်ပါတယ်…. အဲဒီ ဖက်တီးအက်ဆစ်တွေဖြစ်တဲ့ (DHA/ARA) တို့က ထိရောက်မှု ရှိတယ်ဆိုတာကို သက်သေပြသနိုင်ဘို့ သုတေသနလုပ်ငန်းတွေပိုမိုလိုအပ်နေပါသေးတယ်… နို့မှုန့်တွေမှာ ထန်းပင်၊ အုန်းပင်တွေ ကရတဲ့အဆီတွေနဲ့ ချက်လုပ်ထားလို့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်… ကျန်းမာရေးအပေါ်သက်ရောက်မှုတွေကို ထိခိုက်နစ်နာမှုတွေကို ကာလရှည်ကြာစွာ လေ့လာဆန်းစစ်မှု လုပ်မထားဘဲနဲ့ အဆင့်ဆင့် ဖန်တီးပြုပြင်ထားတဲ့ဆီတွေကို နို့မှုန့်တွေမှာ အသုံးပြုနေပါတယ်…. အဲဒီပါဝင်တဲ့ ပစ္စည်းတွေက အစာကြေချက်ဖို့ ခက်ခဲသလို ချေဖျက်ဖို့ ကူညီတဲ့လိုက်ပေးစ့် (Lipase) လို့ခေါ်တဲ့ဓါတ်တစ်မျိုးကလည်း ပါမနေပြန်ပါဘူး… ကလေးလိုအပ်တဲ့ ကိုလက်စထေရောဓါတ် (Cholesterol) ကလည်းမပါဝင်နေပါဘူး…

*ဗီတာမင် နှင့် သတ္တုဓါတ်များ*

မိခင်နို့ထဲမှာပါတဲ့သံဓါတ်၊ သွပ်ဓါတ်၊ ထုံးဓါတ် (Calcium) စတဲ့ သတ္တုဓါတ်တွေကကလေးငယ်ရဲ့ အစာအာဟာရ စုပ်ယူမှုတွေကို ပိုမိုကောင်းမွန်စေပါတယ်… သံဓါတ်စုပ်ယူမှုဟာဆိုရင် ၅၀% အထိ ရှိပါတယ်… ဒါ့အပြင် မိခင်နို့ထဲမှာခန္ဓာကိုယ်ပျက်ဆီးယိုယွင်းမှုတွေကို ကာကွယ်ပေးဖို့ရာ ဓါတ်တိုးဆန်ကျင်တဲ့ အင်ဇိုင်း (antioxidant enzymes) ထုတ်လုပ်ဖို့လိုအပ်တဲ့ဆယ်လ်နီယမ်လို့ခေါ်တဲ့ သတ္တုဓါတ်တစ်မျိုးကလည်း ပါဝင်နေပါသေးတယ်…

နို့မှုန့်တွေမှာပါနေတဲ့ဗီတာမင် နဲ့ သတ္တုဓါတ်တွေကတော့ ပြုလုပ်ဖန်တီးထားတာဖြစ်ပြီး ကလေးငယ်ရဲ့ အစာအာဟာရ စုပ်ယူမှုတွေကိုအားမကောင်းစေပါဘူး…. နို့မှုန့်တွေမှာ သံဓါတ်၊ သွပ်ဓါတ်ပမာဏများများ ပါဝင် နေပေမယ့် ကလေးက ၅ % မှ ၁၀ % ထိပဲ စုပ်ယူနိုင်တာတွေ့ရတယ်… အဲဒါကြောင့် မစုပ်ယူနိုင်ပဲ ပိုလျှံနေတဲ့ သံဓါတ်တွေက ကလေးရဲ့ အူလမ်းကြောင်း အတွင်းမှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပေါက်ဖွားမှုတွေကို ဖြစ်လာဖို့ အားပေးစေနိုင်ပါတယ်… ဒီနေရာမှာ သတိချပ်ရမှာက အချို့အာဟာရဓါတ်တွေက ပမာဏများများပါတယ်ပြောရုံနဲ့တင်‌ ကျေနပ်နေလို့မရပဲ အဲ့ဒီအာဟာရဓါတ်တွေကို ကလေးက တကယ်ကော အသုံးချနိုင်ရဲ့လား…ပိုနေရင် အန္တရာယ်ရှိမှာလားဆိုတာတွေကို သတိပြုရပါမယ်… ဒါ့အပြင် နို့မှုန့်ထဲမှာ ဆယ်လ်နီယမ်လို့ခေါ်တဲ့ ဓါတ်ကလည်း နည်းနည်းပဲ ပါနေပါတယ်…

*ဟော်မုန်း နှင့် အင်ဇိုင်းများ*

မိခင်နို့ထဲမှာကအင်ဇိုင်းတွေပါပြီးတော့ အဲဒီ အင်ဇိုင်းတွေက အစာအာဟာရ စုပ်ယူမှုတွေ၊ ချေဖျက်မှုတွေနဲ့ အာဟာရတွေကို ကလေးအနေနဲ့ ကောင်းဆုံးအသုံးပြုနိုင်စေပါတယ်…အင်ဇိုင်းတွေကအသားဓါတ်တွေ၊ အဆီဓါတ်တွေ နဲ့ ကစီဓါတ်တွေကို ချေဖျက်ဖို့ရာ မရှိမဖြစ်လိုအပ်ပါတယ်… မိခင်နို့ထဲမှာ ပါဝင်နေတဲ့ ဟော်မုန်းတွေကတော့ ကလေးငယ်ရဲ့ခန္ဓာကိုယ် ကြီးထွားဖို့၊ လုပ်ဆောင်ချက်တွေ လုပ်နိုင်ဖို့၊ ကောင်းကောင်းအိပ်စက်နိုင်ဖို့၊ ခံတွင်းလိုက်စေဖို့ စတာတွေကိုထိန်းညှိပေးဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်…

နို့မှုန့်တွေထဲမှာတော့အထက်ကပြောခဲ့တဲ့ အင်ဇိုင်း နဲ့ ဟော်မုန်းတွေ ဘာဆိုဘာမှ ပါမနေပါဘူး… ဒါကြောင့်မို့ ကလေးငယ်တွေအတွက် အစာအာဟာရ စုပ်ယူမှုနဲ့ ချေဖျက်နိုင်မှုကိစ္စရပ်တွေမှာခက်ခဲမှုတွေရှိလာပါတယ်… နို့မှုန့်တွေထဲမှာ ဟော်မုန်းတွေမပါဝင်ခြင်းက ကလေးငယ်တွေရဲ့ ဇီဝတွင်းဖြစ်ပျက်မှုယန္တရားကို ထိခိုက် စေနိုင်ပါတယ်… အကျိုးဆက်အနေနဲ့တော့ ဆီးချိုလိုဝေဒနာ မျိုးတွေဖြစ်ပေါ်လာစေပါတယ်…

*ကာကွယ်ပေးနေနိုင်တဲ့ အရာများ*

မိခင်နို့ထဲမှာ ဘက်တီးရီးယားဆန့်ကျင်တဲ့အရာတွေ၊ ဗိုင်းရပ်တုံ့ပြန်တဲ့အရာတွေ၊ ကပ်ပါးတုံ့ပြန်တဲ့ အရာတွေ၊ မှိုစွဲတာ၊ ရောင်ယမ်းတာ၊ဓါတ်တိုးတာတွေကို ဆန့်ကျင်ပေးတဲ့အရာတွေအပြင် ကင်ဆာရောဂါကိုပါ ကာကွယ် ပေးတဲ့ ဟမ်းမလက် (HAMLET Cells) လို့ခေါ်တဲဆဲလ်တွေပါ ပါဝင်နေတာကို တွေ့ရှိရပါတယ်… နို့မှုန့်တွေထဲမှာတော့အဲဒီလို အကာအကွယ်တွေ ဘာဆိုဘာမှ ပါမနေပါဘူး… ဒါကြောင့် နို့မှုန့်သောက်ရတဲ့ ကလေးငယ်က ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်ပိုး၊ ကပ်ပါးနဲ့ မှိုစွဲတာတွေကို ပိုပြီး ခံစားရနိုင်ပါတယ်… ကင်ဆာရောဂါကိုပါ ကာကွယ်ပေးတဲ့ဆဲလ်တွေလည်း ပါမနေပါဘူး…

*ပရိုဘိုင်အိုးတစ် နဲ့ ပရီဘိုင်အိုးတစ် (Probiotics and Prebiotics)*

မိခင်နို့ထဲမှာ ပရီဘိုင်အိုးတစ် (Prebiotics) လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါဝင်နေပြီး သူက ပရိုဘိုင်အိုးတစ်(Probiotics) လို့ခေါ်တဲ့ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို အားပေးပါတယ်… အဲဒီပရိုဘိုင်အိုးတစ် (Probiotics) တွေက ကလေးငယ်တွေအတွက် အားကောင်း သန်မာတဲ့ အစာအိမ်အူလမ်းကြောင်းကိုဖြစ်ပေါ်စေသလို ရောဂါတွေကိုခုခံကာကွယ်နိုင်တဲ့စနစ်ကိုလည်း ဖြစ်ပေါ်စေပါတယ်…

နို့မှုန့်တွေထဲမှာတော့ပရိုဘိုင်အိုးတစ် (Probiotics) နဲ့ ပရီဘိုင်အိုးတစ် (Prebiotics) တွေကဖန်တီးပြုလုပ်ထားရတာဖြစ်လို့ နည်းနည်းပဲ ပါဝင်ပါတယ်…. ဖန်တီးပြုလုပ်ထားပြီး နို့မှုန့်ထဲမှာပါနေတဲ့ ပရိုဘိုင်အိုးတစ် (Probiotics) နဲ့ ပရီဘိုင်အိုးတစ် (Prebiotics)တွေက တကယ်ပဲထိရောက်မှု ရှိတယ်ဆိုတာကို သက်သေပြသနိုင်ဖို့ သုတေသနလုပ်ငန်းတွေ ပိုမိုလိုအပ်နေပါသေးတယ်…

*အခြားပါဝင်နေသော အရာများ*

မိခင်နို့ထဲမှာ ပါဝင်နေတဲ့ပါဝင်ပစ္စည်းတွေက အတူတကွ အလုပ်လုပ်ကြပြီး အားကောင်းတဲ့ မိုက်ကရိုဘိုင်အုမ်း (Microbiome) ခေါ်တဲ့ အစာအိမ်အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယား အစုအဝေးဖြစ်လာစေပါတယ်…. တကယ့် လူသားအကျိုးပြု စစ်တပ်ကြီးတစ်ခုလိုပေါ့… အဲဒီအရာတွေက ကလေးငယ်ရဲ့တသက်တာလုံးအတွက်အကောင်းဆုံး ရောဂါခုခံကာကွယ်စနစ်ကို ဖြစ်လာစေပါတယ်… နို့မှုန့်တွေထဲမှာတော့ ဖန်တီးပြုလုပ်ထားတဲ့အရောင်အဆင်းတွေ၊ အနံ့တွေ၊ စွဲလမ်းစေတဲ့ အရာတွေ၊ ကြာရှည်ခံအောင်လုပ်ထားတဲ့ ပစ္စည်းတွေ၊ ထုတ်ပိုးပြင်ဆင်တုန်းကဘက်တီးရီးယားပိုးမွှားတွေနဲ့ ထိတွေ့ခဲ့တာမျိုးတွေ အမျိုးမျိုးအဖုံဖုံ ဖြစ်နိုင်ပါတယ်… အဲဒီအနေအထားတွေက ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက် နေပါတယ်.. ကလေးငယ်တွေရဲ့ ဘဝ အစောဆုံးကာလတွေမှာ ဖန်တီး ပြုလုပ်ထားတဲ့ အစားအစာ (Processed Food) တွေနဲ့ထိတွေ့ခြင်းကို တတ်နိုင်သမျှနည်းအောင်ကြိုးစားရပါ… ဒါမှသာ ဖေဖေ မေမေတို့ သားသား မီးမီးတွေရဲ့ အနာဂတ်က ကျန်းမာလန်းဖြာပြီး ရောဂါတွေကနေ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်….

မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ ပေးချင်ကြပါတယ်။ ဒါပေမယ့်ကလေးတို့အတွက် အကောင်းဆုံးဖြစ်တဲ့ မိခင်နို့ကိုပေးချင်ပေမယ် တစ်ခါတစ်ရံမှာ အခက်အခဲတွေကိုကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်မို့ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါမေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

ဒီရက်ထဲမှာ အင်တာနက်အခက်အခဲကြောင့် မိဘတွေအနေနဲ့ Page ကနေမျှဝေပေးနေတဲ့ အာဟာရဆိုင်ရာဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့ မလွယ်ဘူးဆိုတာ နားလည်ထားပေမယ့်အင်တာနက်ရနေသေးတဲ့သူတွေ ဆက်လက်လေ့လာနိုင်အောင် Admin Team အနေနဲ့အားလုံးနည်းတူ ကြုံတွေ့နေရတဲ့အခက်အခဲတွေကြားထဲကပဲ တတ်နိုင်သမျှဆက်လက်မျှဝေပေးနိုင်ဖို့ ကြိုးစားနေပါတယ်

Similar Posts

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ၊ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

  • ဘယ်အရွယ်အထိ မိခင်နို့ကိုတိုက်‌သင့်လဲ

    ဒါကတော့ မိခင်နဲ့ကလေးရဲ့ ဆုံးဖြတ်ချက်ပါပဲ။ တချို့ကလေးတွေက ၄ နှစ် ၅ နှစ်ထိ မိခင်က နို့တိုက်ချင်ပေမယ့် သူတို့ဘာသာ စောစောနို့ပြတ်တာလဲ ရှိတတ်ပါတယ်။ WHOနဲ့ ကျွမ်းကျင်ပညာရှင်များကတော့ အနည်းဆုံး ကလေးအသက် ၂ နှစ်အထိ မိခင်နို့ ဆက်တိုက်ကျွေးဖို့အကြံပြုထားပါတယ်။

  • |

    မိခင်နို့တိုက်နေတဲ့အချိန်မှာအားဆေးတွေသောက်ဖို့လိုအပ်ပါသလား

    မိခင်နို့တိုက်နေတဲ့အချိန်မှာအားဆေးတွေသောက်ဖို့လိုအပ်ပါသလား ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO ) နဲ့ကျန်းမာရေးအဖွဲ့များရဲ့ ဖော်ပြချက်အရ သံဓာတ်၊ ဖောလစ်အက်စစ်၊ ဗီတာမင် ဘီဝမ်း၊ဗီတာမင် အေ တွေဟာအရေးကြီးပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ အစာမျိုးစုံစားတဲ့ မေမေတွေအတွက် အားဆေးကို အကြာကြီးဆက်သောက်စရာ မလိုပါဘူးလို့ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗီတာမင် ဘီဝမ်းအားဆေးကို က‌လေးသူငယ်နာရောဂါ ကာကွယ်ဖို့ကလေးမီးဖွားပြီး (၃) လအထိ သောက်သုံးဖို့တိုက်တွန်းတာ ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။ အိုင်အိုဒင်းဆားကိုတော့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်ရှိတဲ့ အိမ်တိုင်း စားသုံးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • |

    ရင်သွေးလေးတွေကို မေမေတို့ မိခင်နို့တိုက်နေစဉ်ကာလမှာ ကော်ဖီသောက်လို့ ရပါ သလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ်…

  • |

    စိတ်ဖိစီးမှုများရင် နို့ထွက်နည်းနိုင်သလား

    စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာ ကျေနပ်မှုမရနိုင်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေ နို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏက သွေးထဲမှာ တိုးပွားလာတာ တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။…

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော ဒို့မိသားစုလေး Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မာတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။…

Leave a Reply

Your email address will not be published. Required fields are marked *