|

မွေးကင်းစကလေးရဲ့ အစာအိမ်အရွယ်အစား

ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့ရေ…

ရက်သားကလေးငယ်ရဲ့ အစာအိမ်က တော်တော်သေးပါတယ်… ဘယ်လောက်ထိသေးလဲဆိုရင် စပျစ်သီးခပ်ကြီးကြီးအရွယ်လောက်ပဲရှိပြီး အရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ဆို ဗိုက်ပြည့်သွားတာပါပဲ… ဒီတော့ တခြားအရည်တွေတိုက်လို့ ကလေးအစာအိမ်သေးသေးလေးက ပြည့်နေရင်ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး… အဲလိုဖြစ်ရင် ကြီးမားတဲ့ နောက်ဆက်တွဲအနေနဲ့ ပြဿနာ (၂) ခု ထပ်ပေါ်တတ်ပါတယ်…



(၁) မေမေရဲ့နို့တွေ တင်းလာမယ်… နို့တွေတင်းလာတဲ့အခါ ကလေးကို ကောင်းကောင်း နို့တိုက်လို့မရဘူး… အဲဒီတော့ မေမေ့နို့တွေက နာလာမယ်….

(၂) ကလေးက ကောင်းကောင်းနို့မစို့တော့တဲ့အခါ နို့ထွက်တာ နှောင့်နှေးလာမယ်၊ နို့ထွက်နည်းလာမယ်… သဘာဝအလျောက်ပုံမှန်ထွက်ရှိမှုနှုန်း မရှိသလို ဖြစ်လာမယ်… အဲဒီအခါ မေမေတွေနဲ့ မိသားစုဝင်တွေက မိခင်မှာ နို့မလုံလောက်ဖူးဆိုတဲ့အမြင်တွေ မြင်လာတော့တာပါပဲ… ဒီနေရာမှာ အထူးသတိပေးချင်တာက မိခင်နို့ဆိုတာ ကလေးများများစို့မှ မေမေ့ဆီက နို့များများ ထွက်လာတာပါ…

ကနဦးရက်တွေမှာ ကလေးတွေက မိခင်နို့ကို အကြိမ်ရေများများစို့ပေးရင် ကလေးက နို့ကိုဘယ်လိုစို့ရမယ်ဆိုတာ သင်ယူပြီးသား ဖြစ်လာပါတယ်…

မွေးကင်းစကလေးတွေကို မိခင်နို့မတိုက်ကျွေးခင် အရည်တွေ အဖတ်တွေ တိုက်ကျွေးတာအပြင် တခြားအန္တရာယ်တွေလည်း ရှိပါသေးတယ်… အဲဒါကတော့ ဇွန်း၊ နို့ဘူး၊ နို့ပုလင်းတွေ သုံးကြတာပါပဲ… ဇွန်းတွေကို သုံးရင် မွေးကင်းစကလေးငယ်တွေအတွက် သီးစေတဲ့ အန္တရာယ်၊ အဆုတ်နဲ့ဆိုင်တဲ့ ပြဿနာနဲ့ ကူးစက်မှု အန္တရာယ်တွေ ရတတ်ပါတယ်…. နို့ဘူး၊ နို့ပုလင်းတွေ သုံးရင် ကလေးရဲ့ဦးနှောက်က ပါးစပ်ကျယ်ကျယ် မဖွင့်ခိုင်းတော့ပါဘူး… ကလေးက လွယ်လွယ်စို့လို့ရတဲ့ နို့ဘူး၊ နို့ပုလင်းတွေကို ပိုကြိုက်လာပြီး အမေနို့ကို မစို့ချင်တော့ပါဘူး… နို့ဘူး၊ နို့ပုလင်းတွေကို တစ်ကြိမ်လောက် သုံးမိလိုက်တာနဲ့တင် ကလေးက အဲဒါကိုပဲ ကြိုက်သွားတတ်ပါတယ်… မွေးကင်းစ ကလေးတွေကို မိခင်နို့ မတိုင်ခင်အရည်တွေအဖတ်တွေ ကြိုကျွေးတဲ့အချက်ကြောင့် ကလေးက နို့မစို့ချင်တော့တာ၊ မိခင်က နို့ကို အောင်အောင်မြင်မြင် မတိုက်နိုင်တာတွေ ဖြစ်လာပြီး မေမေတွေက မိခင်နို့တိုက်ကျွေးတာတွေကို ရပ်ပစ်ကြတဲ့အထိ အဓိကအကြောင်းရင်းခံတစ်ရပ် ဖြစ်လာပါတော့တယ်…



ဒါဆိုရင် မိသားစုဝင်တွေက ဘာလို့ မွေးကင်းစကလေးတွေကို မိခင်နို့ မတိုက်ကျွေးခင် အခြားအရည်တွေအဖတ်တွေ ကျွေးနေကြသေးတာလဲဆိုတာ ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပါတယ်…လူအများကျင့်သုံးနေကြတိုင်း အဲဒါက မှန်တယ်လို့ ပြောလို့မရပါဘူး….တချို့နေရာတွေမှာ ပျားရည်က ကလေးတွေရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ယုံကြည်ကြတယ်… တကယ်တော့ပျားရည်က ကလေးတွေကို ပြင်းပြင်းထန်ထန် မကျန်းမမာဖြစ်စေနိုင်သလို သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်… တခြားမှားယွင်းတဲ့ ယုံကြည်ချက် တစ်ခုရှိပါသေးတယ်… အဲ့ဒါကတော့ နို့ဦးရည်နဲ့ ပတ်သက်တာပါ…နို့ဦးရည်က ကလေးတွေအတွက် မကောင်းဘူး၊ ကလေးတွေကို ရေငတ်စေတယ်၊ရေဓါတ်လိုတယ် စသည်ဖြင့် ယုံကြည်ကြတာပါ.. အမှန်တော့ ဒါတွေဟာ မှားယွင်းတဲ့ ယုံကြည်မှုတွေပါပဲ…

အချုပ်ပြောရမယ်ဆိုရင် ကလေးလေးရဲ့ သေးငယ်တဲ့ အစာအိမ်အတွက် မိခင်နို့ဦးရည်သည်သာ အကောင်းဆုံးဖြစ်ပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။



Similar Posts

  • ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ

    အသားဝါရတဲ့ အကြောင်းရင်းခံတွေကတော့ အများကြီးရှိပါလိမ့်မယ်။ အဲဒါတွေကတော့ ကလေးလမစေ့ဘဲမွေးလာတာ၊ ကလေးကနေမကောင်းတာ၊ ဖေဖေ၊ မေမေတို့ရဲ့အေ၊ဘီ၊အို စတဲ့ သွေးအုပ်စု တွေနဲ့ သဟဇာတမဖြစ်တာ၊ ကလေးက ခက်ခက်ခဲခဲ မွေးဖွားခဲ့ရလို့ ကလေးငယ်တွေမှာအရေပြား ဒဏ်ရာရှိတာမျိုးတွေစတဲ့ အခြေအနေတွေပေါ့။ အသားဝါတာကို ကာကွယ်နိုင်တဲ့နည်းတွေကို အောက်ပါအတိုင်းအကြံပြုမျှဝေပေးပါရစေ။ ၁။ မေမေတို့ရဲ့ နို့ဦးရေက သားသားမီးမီးတို့ကို ရောဂါတွေ/ ဖျားနာမှုတွေကနေ ကာကွယ်ပေးတဲ့နည်းတူ ကလေးငယ်ရဲ့ အစာအိမ်အူလမ်းကြောင်းအတွင်းကငယ်ချီး (ငယ်ချေး) တွေကိုလည်း ဖယ်ရှားပေးတဲ့ ဝမ်းပျော့ဆေး တစ်မျိုးရဲ့ တာဝန်တွေကိုလည်းဆောင်ရွက်ပေးပါတယ်။ နို့ဦးရေက ကလေးရဲ့ ဝမ်းသွားမှုနဲ့ ပတ်သက်လို့လည်း အကူအညီတွေပေးပြန်ပါတယ်။ဝမ်းသွားတာမှန်လေ ကလေးအတွက် ကောင်းလေလေ ပါပဲ။ ၂။ မိခင်နို့တိုက်ဖို့ကို ကလေးမွေးပြီးပြီးချင်းစောနိုင်သမျှ စော‌စော တိုက်ရပါမယ်။ပထမနာရီအတွင်း မိခင်နို့တိုက်ကျွေးခြင်းက ကလေးအသားမဝါဖို့ကာကွယ်ပေးတဲ့ နို့ဦးရေကို ရစေပါတယ်။ ၃။ မကြာခဏ…

  • |

    မိိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်တဲ့ အမေးများတဲ့ မေးခွန်းတွေ

    ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့ရပါသလား ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့ရပါသလား နို့ထွက်ပစ္စည်းတွေကကယ်လ်စီယမ်လို့ခေါ်တဲ့ ထုံးဓါတ်၊ ဗီတာမင်ဒီနဲ့ အသားဓါတ် (ပရိုတင်းဓာတ်) တွေပေါများ တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီးကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်တစ်နေ့ကို သုံးခွက်လောက် သောက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နို့တစ်ခွက်မှာ အသားဓါတ် (ပရိုတင်း) ၇ ဂရမ်၊ လိုအပ်တဲ့ထုံးဓါတ်၃၀% နဲ့ လိုအပ်တဲ့ဗီတာမင် ၂၅% ကိုရရှိစေပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကနို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို နေ့စဉ် စားသင့်ပါတယ်။ မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင်ကလေးတွေအီးအီးပါတဲ့အခါမှာ  မစင်ထဲမှာ အစေ့တွေပါလာမှာလား။ မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင်ကလေးတွေအီးအီးပါတဲ့အခါမှာ မစင်ထဲမှာ အစေ့တွေပါလာမှာလား။ တကယ်တော့ကလေးမစင်ထဲမှာ ခရမ်းသီးအစေ့တွေမပါလာပါဘူး။ မေမေတွေရဲ့ အစာခြေစနစ်နဲ့ ကလေးတွေရဲ့ အစာခြေစနစ်ကသီးခြားစီဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကိုခံရတဲ့ကလေးတွေက…

  • G6PDဆိုင်ရာအကြံပြုချက်များ

    ခုတစ်လော အမေးများတဲ့ G6PD ကလေးတွေကို ဖြည့်စွက်စာကျွေးရာမှာ ဘာတွေလိုက်နာသင့်လဲဆိုတဲ့ မေးခွန်းနဲ့ဆက်စပ်လို့ ဒီပိုစ်လေးကိုတင်ပေးလိုက်ပါတယ်။ G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။…

  • စိတ်ဖိစီးမှုများရင်နို့ထွက်နည်းနိုင်သလား

    စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာကျေနပ်မှုမရနိုင်လို့ စောဒကတက်နိုင်ကြပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေနို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏကသွေးထဲမှာ တိုးပွားလာတာတွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။မေမေတွေက ဘာကို သတိပြုမိလည်းဆိုရင်မေမေတို့နို့ကထွက်နေပေမယ့်လည်း ပမာဏကတော့နည်းနေတယ်ဆိုတာပါဘဲ။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။ ၅။မေမေတို့အစားအသောက်ပမာဏကိုဆန်းစစ်ရပါမယ်။မေမေတို့လုံလုံလောက်လောက် စားရဲ့လား၊ အရည်အမိုးကော လုံလုံလောက်လောက်သောက်ရဲ့လား။ ၆။ကဖိန်းဓာတ်စားသုံးမှုကို ကန့်သတ်ရပါမယ်။ ကဖိန်းဓါတ်ပါတာတွေများများစားမိရင်…

Leave a Reply

Your email address will not be published. Required fields are marked *