ကလေးကဘယ်တော့မှ ကောင်းကောင်းအိပ်မှာလဲ

မေမေတို့ပူပန်လေ့ရှိကြတဲ့ ကိစ္စတစ်ခုက ဘေဘီလေးတွေ ဘယ်တော့များမှ ကောင်းကောင်း အိပ်မလဲပေါ့။

ကလေး တော်တော်များများကတော့ ညတစ်ညလုံး အိပ်ပျော်ဖို့ဆိုရင် အသက်တော်တော် ကြီးမှ ရပါလိမ့်မယ်။ အိပ်ပျော်တဲ့ ပုံစံတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ အချို့ကလေးတွေကပဲ အစောပိုင်းလတွေမှာ တစ်ညလုံးအိပ်တတ်ကြပေမယ့် ကလေးအများစုကတော့ ညဘက်မှာ နို့စို့ဖို့ အိပ်ရာက နိုးကြပါသေးတယ်။ကလေးလေးတွေရဲ့ အစာအိမ်အရွယ်အစားက လူကြီးတွေထက်သေးတာကြောင့် နို့အလုံအလောက်ရဖို့၊ ကြီးထွားဖွံ့ဖြိုးလာစေဖို့ မကြာခဏ မိခင်နို့တိုက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကလေးက အစောပိုင်းလတွေမှာ ညဘက် တစ်ညလုံးအိပ်နေခဲ့ရင် နို့စို့တာနည်းလို့ တချို့ကလေးငယ်တွေအတွက် ကိုယ်အလေးချိန်တိုးတာ နှေးစေနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကလေးအိပ်တာကို ကျင့်ပေးတာတွေရှိနေပါပြီ။

အားလုံးနားလည်ထားတာက မေမေအားလုံး အိပ်ချင်ကြတယ်။ ဒါပေမယ့် ကလေးတွေရဲ့ခန္ဓာကိုယ်ကျတော့ လူကြီးတွေနဲ့ တူမနေပါဘူး။ ကလေးတွေ အစာအိမ်ကသေးတော့ မကြာခဏနို့တိုက်ရတယ်။ ညဘက်တောင် တိုက်ရပါတယ်။ ဒါမှသာ သင့်တင့်တဲ့ကြီးထွားမှုနဲ့ကိုယ်အလေးချိန်တွေအတွက် အာဟာရ လုံလုံလောက်လောက် ရစေမှာပါ။ တချို့ကိစ္စတွေမှာကတော့ မေမေတွေက ဘေဘီလေးတွေကို အကျင့်လုပ် အိပ်စက်ခြင်း လုပ်ပေးတဲ့အခါကျတော့ ကလေးငယ်တွေက ကိုယ်အလေးချိန် မတက်တော့တာ၊ တစ်ဖြည်းဖြည်းပဲ အလေးချိန်တက်တော့တာတွေ ဖြစ်လာပါတယ်။ ညအချိန်မှာ မိခင်နို့မတိုက်ပါနဲ့ဆိုတဲ့ အကြံညဏ်တွေက မေမေတို့ကို မိခင်နို့ အထွက်နည်းစေပါတယ်။ လုံခြုံစိတ်ချရတဲ့ အိမ်တွေရှိတဲ့အနောက်နိုင်ငံတွေ ဒါမှမဟုတ် သူတို့လူမှုအသိုင်းအဝိုင်းတွေမှာ ကလေးကို သပ်သပ်ခွဲပြီး အိပ်စေတာက လုံခြုံမှုပြသနာမရှိပါဘူး။ မြန်မာပြည်မှာတော့ အိမ်အများစုက တံခါးတွေဖွင့်ထားမယ်၊ တိရိစ္ဆာန်တွေနဲ့ ကြွက်၊ ပိုးဟပ်၊ မြွေ၊ အင်းဆက်ပိုးမွှားများတွေနဲ့ထိတွေ့နေနိုင်ပါတယ်။ ဒါကြောင့်ကလေးငယ်တွေကို မေမေတွေနဲ့ ခွဲထားပြီး တစ်ယောက်တည်း သိပ်တာမျိုးလုပ်မယ်ဆိုရင် ကလေးငယ်အတွက် အန္တရာယ်ကင်းတဲ့၊လုံခြုံတဲ့ ပတ်ဝန်းကျင်ရှိစေဖို့ ဖန်တီးပေးဖို့ရန် အလွန် အရးကြီးပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့မမေ့ပါနဲ့နော်။

မေမေ့ချိုချိုGroup ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • ဒို့မိသားစုလေးမှာ စျေးဝယ်နည်း

    🛍️ ဒို့မိသားစုလေးမှာ ပစ္စည်းဝယ်ယူနည်းလမ်းညွှန် 🛍️ မိခင်များ၊ မိသားစုများအတွက် အသုံးဝင်သော အာဟာရ၊ နို့တိုက်ကျွေးမှုနှင့် ကျန်းမာရေးပစ္စည်းများကို မိမိအိမ်ကနေ ဝယ်ယူနိုင်ပြီနော်။ ပိုမိုစုံလင်တဲ့ ပစ္စည်းလေးတွေလည်း မကြာခင် ထပ်တပ်သွားဖို့ရှိပါတယ်။​ ဒို့မိသားစုလေးဆိုဒ်ပေါ်မှာ အောက်ပါအဆင့်တိုင်း ဝယ်ယူနိုင်ပါတယ်။ 📝 ဝယ်ယူနည်း (အဆင့် ၅ ဆင့်) 🔹 အဆင့် ၁ — ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ပါ👉 www.dohmeetharsulay.com/shop ကိုနှိပ်ပြီး ဈေးဝယ်စတင်ပါ။ 🔹 အဆင့် ၂ — ပစ္စည်းရွေးပါ👉 သင်ဝယ်ချင်တဲ့ ပစ္စည်းကိုရွေးပြီး Add to Cart (စျေးခြင်းထဲထည့်မည်ထည့်မည်) ကိုနှိပ်ပါ။ 🔹 အဆင့် ၃ — ဈေးခြင်းကိုကြည့်ပါ👉 မိမိရွေးထားတဲ့ပစ္စည်းအားလုံးကိုကြည့်ချင်ရင် View Cart (ဈေးခြင်းကြည့်မည်) ကိုနှိပ်ပါ။…

  • ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ

    ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ အသားဝါရတဲ့ အကြောင်းရင်းခံတွေကတော့ အများကြီးရှိပါလိမ့်မယ်။ အဲဒါတွေကတော့ ကလေးလမစေ့ဘဲမွေးလာတာ၊ ကလေးက နေမကောင်းတာ၊ ဖေဖေ၊ မေမေတို့ရဲ့အေ၊ဘီ၊အို စတဲ့ သွေးအုပ်စု တွေနဲ့ သဟဇာတမဖြစ်တာ၊ ကလေးက ခက်ခက်ခဲခဲ မွေးဖွားခဲ့ရလို့ ကလေးငယ်တွေမှာအရေပြား ဒဏ်ရာရှိတာမျိုးတွေ စတဲ့ အခြေအနေတွေပေါ့။ အသားဝါတာကို ကာကွယ်နိုင်တဲ့နည်းတွေကို အောက်ပါအတိုင်းအကြံပြုမျှဝေပေးပါရစေ။ ၁။ မေမေတို့ရဲ့ နို့ဦးရည်က သားသားမီးမီးတို့ကို ရောဂါတွေ/ ဖျားနာမှုတွေကနေ ကာကွယ်ပေးတဲ့နည်းတူ ကလေးငယ်ရဲ့ အစာအိမ်အူလမ်းကြောင်းအတွင်းက ငယ်ချီး (ငယ်ချေး) တွေကိုလည်း ဖယ်ရှားပေးတဲ့ ဝမ်းပျော့ဆေး တစ်မျိုးရဲ့ တာဝန်တွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ နို့ဦးရည်က ကလေးရဲ့ ဝမ်းသွားမှုနဲ့ ပတ်သက်လို့လည်း အကူအညီတွေ ပေးပြန်ပါတယ်။ဝမ်းသွားတာမှန်လေ ကလေးအတွက် ကောင်းလေလေ ပါပဲ။ ၂။ မိခင်နို့…

  • |

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ခန္ဓာကိုယ်ပေါ် အရေပြားချင်းထိပြီး တင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကို ကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီ းနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်း ထိထားပေးရင်းနဲ့ပဲ မွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်မယ်ဆိုရင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကိုလည်း အားပေးတယ်… ကလေးနဲ့အမေကို စိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့အတွက် လိုအပ်တဲ့ နို့ရည်ကို စောစောစီးစီလည်း…

  • |

    နို့တိုက်မိခင် ကော်ဖီသောက်လို့ရလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို သကြားလို ချိုတဲ့ အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group…

  • ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခု

    မေမေတို့ရေ… ဒီနေ့တော့ ကျေးလက်ဒေသမှာသာမကပဲ မြို့ကြီးတွေ‌ပေါ်မှာတောင် လုပ်လေ့လုပ်ထများတဲ့ ကလေးတွေအတွက်လည်း အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခုအကြောင်း ပြောပြပါမယ်… မွေးကင်းစကလေးလေးတွေကို ရေ၊ နို့မှုန့်၊ ပျားရည်၊ ထမင်းရည်၊ လက်ဖက်ရည်၊ ဆန်ပြုတ်၊ ချေထားတဲ့ထမင်း၊ ဝါးခွံ့တဲ့ထမင်းစတာတွေ အပါအဝင် မိခင်နို့မှ လွဲပြီး အခြား အရည်၊ အဖတ်တွေ ကျွေးမွေးတာတွေက ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်… ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလိုလုပ်တာက အလေ့အကျင့်ကြီးတစ်ခုလို စွဲနေပါတယ်… အဲဒီလို အစာနဲ့ အရည်တွေ စောစောစီးစီး ကျွေးမွေးတာတွေက ဆေးရုံတွေမှာဆိုရင် (၂၃%) အထိ တွေ့ရပြီး အိမ်မှာ မွေးဖွားတယ်ဆိုရင် (၁၈%) ရှိတယ်ဆိုတာ တွေ့ရ ပါတယ်‌…ဆေးရုံမှာမွေးတာနဲ့ အိမ်မှာမွေးတာမှာ ဆေးရုံမှာမွေးတဲ့ ကလေး ရာခိုင်နှုန်းက ပိုပြီးမှ အခြားအရည်တွေ အစာတွေ ကျွေးခံနေရတာကို…

  • |

    နို့တိုက်မိခင်တွေအနေနဲ့ အချဉ်အစပ်တွေစားရင် ကလေးဝမ်းသွားနိုင်ပါသလား

    မေမေတို့နို့တိုက်မိခင်တွေအနေနဲ့ အချဉ်အစပ်တွေစားရင် ကလေးဝမ်းသွားနိုင်ပါသလား မဖြစ်ပါဘူး။မေမေတို့စားလိုက်တဲ့ အချဉ်အစပ်တွေဟာ မေမေတို့နို့ထဲကိုမရောက်နိုင်လို့ ကလေးတွေကိုဝမ်းလျှေတာာမဖြစ်စေပါဘူး။ ကလေးတွေကိုဝမ်းလျှောစေတဲ့အကြောင်းက သန့်ရှင်းမှုအားနည်းလို့ ရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်ရတာပါ။ ဥပမာ-အိမ်သာသွားပြီးတိုင်း လက်မဆေးတာ၊ အစာမစားခင် လက်မဆေးတာ၊ နို့ဗူးတွေ ဆေးကြောတာသိမ်းဆည်းတာတွေ မသန့်ရှင်းတာ၊ တချို့ မိခင်နို့အစားထိုးပစ္စည်း (နို့မှုန့်) မသန့်ရှင်းတာတွေကြောင့် ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Leave a Reply

Your email address will not be published. Required fields are marked *