ကလေးကကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ

ကလေးတစ်ယောက်နဲ့တစ်ယောက်က ပုံစံမတူပဲ ကြီးထွားဖွံ့ဖြိုးလာတတ်ကြပါတယ်။

မွေးစအလေးချိန်၊စောမွေးတာ၊ သတ်မှတ်ရက်အတိုင်း နေ့စေ့လစေ့မွေးတာ၊ ကျန်းမာရေးပြသနာတွေနဲ့၊ မျိုးရိုးဗီဇ စတဲ့အချက်တွေပေါ် မူတည်ပြီးတော့ ကလေးတွေက ပုံစံအမျိုးမျိုးနဲ့ ကြီးထွားကြတယ်။ ကလေးရဲ့ ကြီးထွားမှုအခြေအနေကို ကြီးထားဖွံ့ဖြိုးမှုဇယား (Weight Chart) ကို အသုံးပြုပြီးလေ့လာကြည့်မှသာ သိနိုင်ပါမယ်။ မေမေတွေက ကိုယ့်ကလေး အလေးချိန်ကို တခြားကလေး တွေနဲ့ နှိုင်းယှဉ်ကြည့်လေ့ရှိပြီး၊ မလိုအပ်ဘဲ စိတ်ပူနေတတ်ကြပါတယ်။

မေမေတို့ရဲ့ ရင်သွေးလေးက ‌‌မွေးပြီး ပထမရက် အနည်းငယ်အတွင်းမွေးစကိုယ်အလေးချိန်ရဲ့ (၇% အထိ) ကိုယ်အလေးချိန်ကျနိုင်ပေမယ့်လည်း ၁၀ ရက်မှ ၁၄ ရက်လောက်မှာတော့ကိုယ်အလေးချိန် ပြန်တက်သင့်ပါတယ်။ရင်သွေးလေးက ပထမလအတွင်း ၁ ပေါင် မှ မတက်ရင်တော့ ဆေးခန်းပြသဖို့ လိုပါမယ်။

အကြမ်းဖျင်းအားဖြင့် ‌ပြောရရင် ကလေးမွေးစကနေ (၃) လ လောက်အထိမှာ တစ်နေ့ကို ၂၅ – ၃၅ ဂရမ်လောက် တိုးသင့်ပြီး လစဥ်အနေနဲ့ဆိုရင် ၁.၅ – ၂.၅ပေါင်လောက် တိုးသင့်ပါတယ်။

ကလေးအသက် (၄) လကနေ (၆) လ ကြားမှာတော့ တစ်နေ့ကို ၁၅ – ၃၅ ဂရမ်လောက် တိုးသင့်ပြီး လစဥ်အနေနဲ့ တစ်လမှာ ၁ – ၁.၄ ပေါင်လောက် တိုးသင့်ပါတယ်။

အသက် (၆) လနဲ့ (၁၂) လကြားမှာတော့ တစ်နေ့ကို ၁၀ – ၁၃ ဂရမ်လောက် တိုးလေ့ရှိပြီး လစဥ်အနေနဲ့ ၀.၇ – ၀.၉ ပေါင်လောက် တိုးသင့်ပါတယ်။

(တစ်ပေါင်မှာ ၄၅၃.၅၉ ဂရမ်ရှိပါတယ်။ တစ် ကီလိုဂရမ်မှာ ၁၀၀၀ ဂရမ်ရှိပါတယ်။ တစ် ကီလိုဂရမ်မှာ ၂.၂ ပေါင်ရှိပါတယ်)

ကလေးတွေရဲ့ကိုယ်အလေးချိန်ကို‌ ‌ဆေးခန်းပြတိုင်းချိန်ကြည့်သင့်ပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့Groupလေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho 

About the Author

Leave a Reply

You may also like these