မိခင်နို့ရည်ညှစ်ယူနည်း (Video)
Video Credit: Save the Children Myanmar and Global Health Media Project
Video Credit: Save the Children Myanmar and Global Health Media Project
မေမေတို့ရင်သားတွေက တစ်နေ့မှာ ၂၄ နာရီ မိခင်နို့ထွက်နေတာပါ။ကလေးအတွက် လုံလောက်တဲ့အာဟာရတွေရဖို့ မေမေတို့လည်း အာဟာရ လုံလုံလောက်လောက် စားရပါမယ်။ဒါကြောင့် တနေ့ကို အစားအစာ ၃ ကြိမ်နဲ့ သွားရေစာချိန် ၂ ကြိမ်တော့ စားသင့်ပါတယ်။ မေမေအများစုက မကြာခဏအစာစားတာ ပိုကောင်းပြီးတော့တစ်ကြိမ်နဲ့ တစ်မ်ကြား ကြာကြာ မခြားချင်ဘူးလို့ပြောကြတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho
ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီ မဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြော့ မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။ အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ…
မေမေတို့ရေ ဒီနေ့တော့ စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား ဆိုတဲ့အကြောင်းလေးရှင်းပြပေးပါမယ်။မျှော်လင့်မထားဘဲရုတ်တရက်ပေါ်ပေါက်လာတဲ့ အခြေအနေတွေမှာ ဖြစ်ရပ်တိုင်းက ဖိစီးမှုတွေနဲ့ အပြည့်လို့ ထင်ရပါတယ်။ဟုတ်ပါတယ် …. မေမေတို့စိတ်ဖိစီးနေတဲ့ အချိန်အခါတွေမှာ နို့ချိုတိုက်ကျွေးတာ ကောင်းပါတယ်။အကြောင်းပြချက်တွေကတော့ ၁။မေမေတို့စိတ်ဖိစီးမှုခံရချိန်မှာ ရင်သွေးငယ်လေးတွေလည်းဘဲ အတူတူ စိတ်ဖိစီးမှု ခံစားရပါတယ်။ မေမေတို့ဘယ်နေရာမှာဘဲရှိရှိ၊ မေမေတို့ဘာပဲလုပ်နေပါစေ၊ နို့တိုက်ကျွေးပြီဆိုတာနဲ့ ကလေးက လုံခြုံစိတ်ချတယ်ဆိုတဲ့ ခံစားမှုကိုရရှိစေမှာပါ။ နို့တိုက်တဲ့အခါ ကလေးကို မေမေတို့အနားမှာ နီးနီးကပ်ကပ်ထားဖို့ပါဘဲ။၂။ပြန်လည်နေရာချထားရတဲ့အချိန်၊ ခရီးသွားလာချိန်တွေမှာ မိခင်နို့တိုက်ကျွေးခြင်းက အာဟာရဓာတ်တွေကောင်းစွာရဖို့နဲ့ ကိုယ်ခံစွမ်းအားတွေကိုရဖို့ ထောက်ပံ့ပေးပါတယ်။၃။မေမေတို့နို့တိုက်တဲ့အခါမှာ မေမေတို့ရဲ့ ခန္ဓာကိုယ်ကနေ CCK (cholecystokinin)ခေါ်တဲ့ ဟော်မုန်းတစ်မျိုးအပါအဝင် ဟော်မုန်းအမြောက်အများထုတ်လုပ်ပေးပါတယ်။ အဲဒီ CCKဟော်မုန်းက မေမေတွေကို အိပ်စက်စေဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ ပြုလုပ်ပေးပါတယ်။ နို့တိုက်မိခင်တွေအနားယူဖို့ ပိုမိုလိုအပ်တာကို မေမေတို့ရဲ့ခန္ဓာကိုယ်က သိပါတယ်။၄။နို့တိုက်ခြင်းက စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ ဘာကြောင့်လဲဆိုရင် မိခင်နို့တိုက်တဲ့အချိန်မှာထွက်လာတဲ့…
မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးလေးတွေကို မေမေတို့က မိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်(သို့) ကလေးကမိခင်နို့ ကောင်းကောင်းရနေတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်… မေမေ့ရဲ့ ဘေဘီလေးက · တက်ကြွပြီး နိုးကြားလှုပ်ရှားနေမယ် · နို့စို့ပြီးချိန်မှာ ပျော်ရွှင်ပြီး ကျေနပ်နေမယ် · ၂၄နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့တိုက်ကျွေးတာ ခံရမယ် · နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့အခြေအနေကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာ တွေ့ရမယ် · ကိုယ်အလေးချိန် နေ့စဉ် ၂၅ ဂရမ် မှ ၃၅ ဂရမ်ကြား အလေးချိန်တိုးလာမယ် (ရင်သွေးငယ်လေးက ပထမ ၅ ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့ ၇% ထက်လျော့လာပါတယ်…. ဒါပေမယ့် ၁၀ ရက်မြောက်မှာတော့ မွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိလာပါတယ်…)…
Video Credit: Save the Children Myanmar and Global Health Media Project
အားလုံးပဲမင်္ဂလာပါ… ပိုပိုနဲ့ချိုချို သူငယ်ချင်းနှစ်ယောက်ရဲ့ ဘဝနှစ်ခုက ဘာကြောင့် ဘယ်လိုကွာခြားသွားကြသလဲ လေ့လာကြည့်ကြရအောင်ပါနော်… ပြန်လည်မျှဝေခွင့်ပေးတဲ့ မူရင်းဖန်တီးတဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။