အသက် (၅) နှစ်အောက်ကလေးအာဟာရအွန်လိုင်းမှစစ်ဆေးခြင်း အဖြေရလဒ်များ (မေ ၂၀၂၄)

အားလုံးမင်္ဂလာပါ…

ဒို့မိသားစုလေးရဲ့ ပထမဆုံးအကြိမ် အွန်လိုင်းကနေ ကလေးတို့ရဲ့ အာဟာရအခြေအနေကို စစ်ဆေးတဲ့ အစီအစဥ်လေးမှာ ပါဝင်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်… စစ်ဆေးချက်ရလဒ်အဖြေလေးတွေကို အောက်က ဇယားလေးမှာ ကြည့်ရှုပြီး ကိုယ့်ကလေးရဲ့ အခြေအနေကို သိရှိနိုင်ပါပြီ… ကိုယ့်ကလေးရဲ့ အချက်အလက်ကို ရှာမတွေ့ရင် ဇယားအောက်ခြေက “next” ကိုနှိပ်ပြီး ဆက်ပြီးရှာကြည့်နိုင်ပါတယ်…

ဒီအစီအစဥ်နဲ့ပါတ်သက်လို့ Disclaimer/ ကြိုတင်အသိပေးချက်လေးကို အောက်ပါအတိုင်း ထပ်မံအသိပေးပါရစေ…

“ကလေး၏ အာဟာရအခြေအနေကို ဆန်းစစ်ရာတွင် ကိုယ်အလေးချိန်နှင့် အရပ်အတိုင်းအတာ တိကျမှန်ကန်မှုပေါ်တွင် များစွာမူတည်ပါသည်။ အတိုင်းအတာမှန်ကန်မှုသည် တိုင်းတာရာတွင် အသုံးပြုသည့် ပစ္စည်းအရည်အသွေး၊ တိုင်းတာသည့် နည်းလမ်း စနစ်ကျမှု၊ တိုင်းတာသူ၏ ကျွမ်းကျင်မှု စသည်တို့ပေါ်တွင်များစွာမူတည်ပါသည်။

သို့ဖြစ်ပါ၍ ဤ အစီအစဥ်မှ ထွက်ပေါ်လာသော အာဟာရအခြေအေနရလဒ်များသည် ရာနှုန်းပြည့် တိကျမှန်ကန်မှု ရှိနိုင်မည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။ မိမိကလေး၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေကို နီးစပ်ရာ ကျန်းမာရေးပညာရှင်တစ်ဦးဦးနှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးတိုင်ပင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ ဤအစီအစဥ်သည် အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေးဌာနသို့ သွားရန်အခက်အခဲရှိသူများအတွက် အထောက်အကူဖြစ်စေရန်သာ ရည်ရွယ်ပါသည်။

ထို့ကြောင့် ဤအစီအစဥ်မှ သိရှိနိုင်မည့် အာဟာရအခြေအနေသည် ကလေး၏ ပကတိအခြေအနေကို ကိုယ်စားပြု၊ မပြုနှင့် နောက်ဆက်တွဲအခြေအနေများကို ဒို့မိသားစုလေးက တာဝန်ယူနိုင်မည်မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။”

ကလေးရဲ့အာဟာရအခြေအနေနဲ့ပါတ်သက်လို့ မှတ်ချက်/ အကြံပြုချက်လေးတွေကိုလည်း ဖော်ပြပေးထားပါတယ်… အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဒီရလဒ်တွေက မှန်ကန်ပါတယ်လို့ အတည်ယူလို့မရပါဘူး… အကယ်၍ ကလေးအခြေအနေက ပုံမှန်မဟုတ်ကြောင်း ဖော်ပြချက်ပါရှိပါက အစိုးရိမ်မလွန်ကြပါရန် ကြိုတင်ရ​ ထပ်မံအသိပေးလိုပါတယ်… အကောင်းဆုံးကတော့ ကျွမ်းကျင်တဲ့ အာဟာရပညာရှင် တစ်ဦးဦးနဲ့ တိုင်ပင်ဆွေးနွေးဖို့ပဲဖြစ်ပါတယ်…

ဒို့မိသားစုလေးမှာ ဆရာမကြီး​ဒေါ်သဲလ်မာနဲ့တိုင်ပင်ချင်တယ်ဆိုရင်တော့ ဒီလင့်လေးမှာ Online Consultation အတွက် Appointment ယူလို့ရပါတယ်…

မိသားစုတွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်…

[table id=1 /]

Similar Posts

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ၊ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

  • |

    နို့တိုက်မိခင်အနေနဲ့ အချို့အစားအစာတွေက ကလေးကို အနေခက်စေသလား

    ကလေးတစ်‌ယောက်နဲ့တစ်ယောက်ဟာ မတူကြပါဘူး။ မေမေတို့စားတဲ့အစားအစာပေါ်မှာ ခံနိုင်ရည်ရှိမှုလည်း မတူကြပါဘူး။ တချို့ကလေးတွေမှာ အစားအစာနဲ့ ဆေးတွေက သူတို့ကို အနေခက်စေ၊ ကသိကအောက် ဖြစ်စေနိုင်ပါတယ်။သက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ ခံနိုင်ရည်ရှိမှု တိုးတက်လာကြတယ်။ မေမေတို့အပူအစပ်တွေ အချဥ်တွေ စားလို့ ကလေးက အနေခက်တယ်ဆိုတာ မမှန်ပါဘူး။ ‌ရှေးရိုးစွဲအယူအဆသာဖြစ်ပါတယ်။ ကဖင်းဓာတ် တစ်ခွက်နှစ်ခွက်သောက်တာ နို့တိုက်မိခင်တွေအတွက် အဆင်ပြေပါတယ်။ နှစ်ခွက် ထက်ပိုရင်အရမ်းများသွားရင် ကလေးမအိပ်နိုင်ပဲ နေရထိုင်ရခက်တာကို ဖြစ်စေပါနိုင်တယ်။ကဖင်းဓာတ်ပါတဲ့အစားအစာတွေက ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်ပါတဲ့အချိုရည်တွေ၊ဆိုဒါ၊ အားဖြည့်အချိုရည်တွေပဲ ဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • |

    ဟင်းသီးဟင်းရွက်စားရင် အန္တရာယ်ရှိလား

    ရွှေဖရုံသီး၊ အစိမ်းရင့်ရောင်ဟင်းရွက်တွေ၊အာလူးစတဲ့ အသီးအရွက်တွေကို နို့တိုက်မိခင်တွေက စားမိရင် အဲဒီမေမေတွေကို စိတ်ကယောက်ကရက်ဖြစ်စေမှာလား ဒါမှမဟုတ် တခြားအန္တရာယ်တွေ ဖြစ်စေမှာလား အမှန်ကတော့ အဲဒီအသီးအရွက်တွေကို စားသောက်မိရင် ဘာပြသနာမှ မရှိပါဘူး။ ဟင်းသီးဟင်းရွက်တိုင်း၊ အသီးတိုင်းမှာက ခန္ဓာကိုယ်ရဲ့ တောင့်တင်းသန်မာတဲ့ ခုခံအားစနစ်တည်ဆောက်ဖို့နဲ့ ရောဂါတွေကာကွယ်နိုင်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။အဲဒီအသီးအနှံတွေကို နို့တိုက်မိခင်တွေက မစားသောက်မိခဲ့ရင်သာ မေမေတွေစားတဲ့ အစားအသောက်တွေမှာ အ‌ရေးကြီးတဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေ ချို့တဲ့မှုတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ စိတ်ဝေဒနာကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြောင်းခံကိစ္စရပ်များတွေကသာ ဖြစ်စေတာပါ။နို့တိုက်မိခင်တွေအနေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပူပင်ကြောင့်ကြမှု မရှိဘဲ စားသောက်နိုင်ပါတယ်။ စားသောက်ကြဖို့လည်း တိုက်တွန်းအပ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့်…

  • ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရပြည့်ဝစွာစားသုံးနည်း

    Video Credit: Food and Agriculture Organization

  • |

    မိခင်နို့တိုက်ကျွေးတာကို အကာအကွယ်ပေးထားတဲ့ ဥပဒေ

    အားလုံးပဲ မင်္ဂလာပါ… အရင်ရက်တွေက နို့မှုန့်၊ နို့ဘူးတိုက်ကျွေးခြင်းရဲ့ အန္တရာယ်တွေကို မျှဝေခဲ့လို့ တစ်ချို့မေမေတွေက ဒီ Page ရဲ့ Admin တွေက နို့မှုန့်ကုမ္ပဏီတွေနဲ့ ရန်ဖြစ်ထားလို့လားဆိုပြီး မှတ်ချက်လေးတွေ ပေးခဲ့ကြတာရှိပါတယ်… Page ရဲ့ Admin တွေက ဘယ်နို့မှုန့်ကုမ္ပဏီတွေနဲ့မှ ရန်ဖြစ်မထားသလို ဘယ်နို့မှုန့်ကုမ္ပဏီရဲ့ sponsor ကိုမှာ ယူလေ့မရှိပါဘူး… ဒါဟာ အာဟာရပညာရှင်တွေ၊ ကျန်းမာရေးပညာရှင်တွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို လိုက်နာနေတာဖြစ်သလို၊ မိခင်နို့တိုက်ကျွေးရေးကို ကာကွယ်နေတာပဲဖြစ်တယ်… ဒါဟာ Healthy and Happy Families အဖွဲ့ရဲ့ မူဝါဒ policy လည်းဖြစ်ပါတယ်… မိခင်နို့တိုက်ကျွေးခြင်းကို ကာကွယ်ရာမှာ the International Code of Marketing of Breastmilk Substitutes လို့‌ခေါ်တဲ့ နိုင်ငံတကာ မိခင်နို့အစားထိုးပစ္စည်းများ စျေးကွက်တင်ခြင်းဆိုင်ရာ စျေးကွက်တင်ခြင်းဆိုက်ရာကိုဗဥပဒေ ဟာ သိပ်ကိုအရေးပါပါတယ်… ၁။ နို့မှုန့်ရောင်းချတဲ့နို့မှုန့်ကုမ္ပဏီတွေဟာ ဦးတည်ချက်လွဲမှားစေနိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ မိဘတွေကို စိတ်ရှုပ်ထွေးစေပြီး မိခင်နို့တိုက်ကျွေးခြင်းကို မကြာခဏဆိုသလို အားနည်းစေပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *