-
-
ဒို့မိသားစုလေးမှာ အွန်လိုင်းသင်တန်းတွေတက်နည်း
ဒို့မိသားစုလေးရေ Website ပေါ်ကနေ အွန်လိုင်းသင်တန်းတွေကို စတင်ပို့ချပေးနေပါပြီ။ သင်တန်းတွေက self-paced လို့ခေါ်တဲ့ ကိုယ်အားတဲ့အချိန်မှာ အဆင်ပြေသလို သင်ယူလို့ရတဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို ဒီမှာလေ့လာကြည့်လို့ရပါတယ်။ ဒီဗွီဒီယိုလေးကတော့ သင်တန်းတွေတက်ချင်ရင် ဘယ်လိုတက်ရမှာလဲဆိုတာကို ရှင်းပြပေးထားတဲ့ ဗွီဒီယိုလေးပဲဖြစ်ပါတယ်။
-
နို့ပိုထွက်အောင် ရင်သားတွေကို ဘယ်လိုနှိပ်နယ်ရမလဲ
နို့ပိုထွက်အောင်နဲ့ နို့ရည်စီးဆင်းမှုကောင်းအောင် ရင်သားတွေကို နှိပ်ပေးရမယ့်နည်းလမ်းလေးကို မင်မင် မေမေဆရာမတစ်ယောက်က ပြပေးထားပါတယ်။ လိုက်လုပ်ပြီး လေ့ကျင့်ကြည့်ပါနော်။
-
မိခင်နို့တိုက်ရရင် လွတ်လပ်မှုတွေ ဆုံးရှုံးသွားမှာလား
ဒါကတော့ မေမေ အသစ်လေးတွေအတွက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပဲ ဖြစ်ပါလိမ့်မယ်။
-
ဘယ်အရွယ်အထိ မိခင်နို့ကိုတိုက်သင့်လဲ
ဒါကတော့ မိခင်နဲ့ကလေးရဲ့ ဆုံးဖြတ်ချက်ပါပဲ။ တချို့ကလေးတွေက ၄ နှစ် ၅ နှစ်ထိ မိခင်က နို့တိုက်ချင်ပေမယ့် သူတို့ဘာသာ စောစောနို့ပြတ်တာလဲ ရှိတတ်ပါတယ်။ WHOနဲ့ ကျွမ်းကျင်ပညာရှင်များကတော့ အနည်းဆုံး ကလေးအသက် ၂ နှစ်အထိ မိခင်နို့ ဆက်တိုက်ကျွေးဖို့အကြံပြုထားပါတယ်။
-
ပိုပိုနဲ့ချိုချိုတို့ဘာလို့ဘဝတွေကွာခြားသွားခဲ့ကြသလဲ
အားလုံးပဲမင်္ဂလာပါ… ပိုပိုနဲ့ချိုချို သူငယ်ချင်းနှစ်ယောက်ရဲ့ ဘဝနှစ်ခုက ဘာကြောင့် ဘယ်လိုကွာခြားသွားကြသလဲ လေ့လာကြည့်ကြရအောင်ပါနော်… ပြန်လည်မျှဝေခွင့်ပေးတဲ့ မူရင်းဖန်တီးတဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။
-
မိခင်နို့တိုက်ခြင်းနှင့်သားဆက်ခြားခြင်းအကြောင်း
အမျိုးသမီးတိုင်းဟာမိခင်နို့တိုက်ကျွေးခြင်းနဲ့သားဆက်ခြားခြင်းနည်းလမ်းများကိုတတ်ကျွမ်းနားလည်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အသုံးအများဆုံးနည်းလမ်းတွေကို စုစည်းပြီး အောက်မှာဖော်ပြပေးလိုက်ပါတယ်။ အမျိုးသမီးတွေဟာ သားဆက်ခြားနည်းလမ်းများနဲ့ သားဆက်ခြားနည်းလမ်းတစ်ခုစီရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိနားလည်ထားမှုသည်လည်း အရေးကြီးပါတယ်။ ၁။ မိခင်နို့တိုက်ကျွေးခြင်းဖြင့်သားဆက်ခြားနည်း (LAM) အောက်ပါအချက်တွေအားလုံးနဲ့ကိုက်ညီမှသာ ဒီနည်းလမ်းက အလုပ်ဖြစ်ပါမလိမ့်မယ်။ အထက်ပါအချက်များမရှိပါက ကိုယ်ဝန်ရနိုင်ခြေရှိပါသည်။ ဒီနည်းလမ်းနဲ့သားဆက်ခြားရင် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂) ရာခိုင်နှုန်းအောက်ရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၂။ အမျိုးသားပြီးမြောက်ချိန်တွင် သုတ်ရည်ကို မိန်းမကိုယ်ပြင်ပတွင် စွန့်ထုတ်ခြင်း (Withdrawal Method) ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၂) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၃။ အတားအဆီးနည်းလမ်းများ (Barrier Methods) (က) အမျိုးသမီးသုံးကွန်ဒုံး ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ခ) သုတ်ကောင်သေစေသောဆေး ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ဂ) ကွန်ဒုံး ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၃.၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ဃ) သားအိမ်ခေါင်းအစွပ် (Sponge) ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေက ကလေးမမွေးဖူးသောအမျိုးသမီးများတွင် (၁၄) ရာခိုင်နှုန်း ကလေးမွေးဖူးသောအမျိုးသမီးများတွင် (၂၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၄။ သန္ဓေတားဆေး (ဆေးလုံး)…
-
ခွက်ဖြင့်မိခင်နို့တိုက်ကျွေးနည်း (Video)
Video Credit: Save the Children Myanmar and Global Health Media Project
-
ရက် (၁၀၀၀) အာဟာရ (Video)
Video Credit: Save the Children Myanmar
-
နို့ထွက်နည်းတဲ့ပြဿနာဘယ်လိုဖြေရှင်းမလဲ(Video)
Credit: Global Health Media Project
