G6PD ချို့တဲ့သော ကလေးများအတွက် အာဟာရဆိုင်ရာ အကြံပြုချက်များ

G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။

G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။

အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။ G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ် ကလေးမွေးပြီးနောက် လအနည်းငယ်တွင်ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆောင်ရွက်သင့်ပါသည်။ ချို့တဲ့သည်ဟု အဖြေတွေ့ရှိရပါက ဆရာဝန်သည် အဖြေကို ထပ်မံသေချာစေရန် နောက်တစ်ကြိမ် စစ်ဆေးမှု ပြလုပ်ရန် အကြံပြုကောင်း ပြုပါလိမ့်မည်။G6PD ချို့တဲ့သောမိခင်များသည် ကလေးကိုနို့တိုက်ကျွေးသင့်သော်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် နို့တိုက်နေစဉ် Fava Beans (တောင်ကြီးပဲ) စားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။

ကြိုတင်ကာကွယ်မှုများ

‌ရောဂါနှင့်ဆေးဝါးများ

ကလေးနေမကောင်းဖြစ်၍ ဖျားနာလျှင် ဆရာဝန် သို့မဟတု် ကျန်းမာရေးဝန်ထမ်းအား မိမိကလေးသည် G6PD ချို့တဲ့သောကလေးအကြောင်းပြောပြပါ။ ဆရာဝန်မှ ကြိုတင်ကာကွယ်မှုအနေဖြင့် အချို့သော ဆေးဝါးများကို ရှောင်ကြဥ်ရန် ထည့်သွင်းစဥ်းစားနိုင်ပါလိမ့်မည်။ အဖြစ်များသောရောဂါများသည် မသန့်ရှင်းသောအစားအစာပြင်ဆင်မှုကြောင့် ဖြစ်ရခြင်းဖြစ်သဖြင့် မီးဖိုချောင်ကို သန့်ရှင်းစွာထားသင့်ပြီး အစားအစာများကိုကောင်းစွာ ဆေးကြောပြင်ဆင်၍ စနစ်တကျ ချက်ပြုတ်သင့်သည်။

Menthol (ပရုပ်)

အစားအစာများ၊ သွားတိုက်ဆေး၊ အင်းဆက်ပြေးဆေးနှင့် ပရုပ်လုံးတို့တွင် ပါဝင်သည့် ပရုပ် အနံ့၊ အရသာတို့က ကလေးကို အန္တရာယ်ရှိစေနိုင်သည်။

အစားအစာများ

👉 G6PD ချို့တဲ့နေသော ကလေးများသည် ပြုပြင်ထားသော အသင့်စားအစားအစာများနှင့် အမြန်စာ (fast food) များထက် သဘာဝအိမ်လုပ် အစားအစာများသည်သာ အကောင်းဆုံးဖြစ်သည်။ အိမ်လုပ်အစားအစာများ ကျွေးခြင်းဖြင့် အာဟာရဓါတ်ကြွယ်ဝသည့် သဘာဝအစားအစာများကို ပိုမိုစားသုံးဖြစ်စေပြီး၊ တာရှည်ခံ‌‌ဆေးများ၊ ထပ်ပေါင်းထည့်ထားသည့် ဓါတ်ပစ္စည်းများ၊ အရောင်ဆိုးဆေးများ၊ လူလုပ်အရသာများ စားသုံးခြင်းကို လျော့ကျစေနိုင်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာစားသုံးသည့် အလေ့အကျင့်များကို ငယ်စဥ်ကပင် စတင်ပေးသင့်သည်။

👉 အသက် ၆ လတွင် ဖြည့်စွက်အစာကျွေးသောအခါ စီရီရယ်ကို ရှောင်ပါ။ အများစုတွင် ပဲပုပ်များပါဝင်တတ်ပြီး နှင့် G6PD ကလေးငယ်များသည် အသက်ငယ်စဥ်တွင် ပဲပုပ်စတင်စားသုံးခြင်း မပြုသင့်ပါ။

👉 အကယ်၍ သင့်ကလေးသည် G6PD နည်းနေသောကလေး ဖြစ်ပါက ကလေးသည် တောင်ကြီးပဲ ကဲ့သို့သော ပဲမျိုးကို ရှောင်ရမည်။ ဤပဲစေ့ကို စားပါက ပြင်းထန်သော ဓါတ်တုံ့ပြန်မှုကြောင့် ဖျားနာမှု ဖြစ်စေနိုင်ပါသည်။

👉 တုန့်ပြန်မှုအဆင့်များရှိပြီး အချို့သောကလေးများသည် ပိုမို၍ ထိခိုက်လွယ်သည်။ မိဘသည် ကလေးသည်အတူတကွ လေ့လာသင်ယူနိုင်ပြီး ကလေးကို အသက်ကြီးလာသည်နှင့်အမျှ ရှောင်ရှားရမည့်အစားအစာများကို သင်ပေးပါ။

👉 တောင်ကြီးပဲနှင့် (အရွယ်အစားကြီးမားသော ပဲများပါ – ဥပမာ – ပဲကတ္တီပါ၊ ပဲကြီး၊ စသည်) တို့ကို ‌ရှောင်ကြဥ်ပါ။ သို့သော် ပဲနီလေး၊ စားတော်ပဲ နှင့် ကုလားပဲကဲ့သို့သော ပဲမျိုးကိုမူ ကျွေးနိုင်သည်။

ရှောင်ရှားရန်အခြားအကြံပြုချက်များ:

🚫 Sulfites ပါ သော ဆေးများ/ အစာများကို ရှောင်ကြဥ်ရမည်။ Sulfites များသည် အသင့်စား မုန့်ဖုတ်ထားသော စားစရာများနှင့် အချိုပွဲများတွင် အစားအစာအ‌ရောင်အတွက် အသုံးပြုသည့် ဓာတုပစ္စည်းများဖြစ်သည်။ Sulfites ပါဝင်မှုကို သိရှိနိုင်ရန် အစားအစာများ၏ တံဆိပ်အညွှန်းများကိုဖတ်ပါ။

🚫 အရောင်ပါသော ကိတ်မုန့်များ၊ ကွတ်ကီးများ (အများအားဖြင့် အပြာရောင်များ)

🚫 ဘလူးဘယ်ရီအရောင်ပါ အစားအစာများ

🚫 ဟော့‌ဒေါ့၊ ဝက်အူးချောင်း၊ အသားချောင်း၊ အသားတုများ ကဲ့သို့ ပြင်ဆင်ထားသည့် အသားများ

🚫 အရောင်ဆိုးထားသော အသီးခြောက်၊ ဟင်းသီးဟင်းရွက်ခြောက်များ

🚫 အေးခဲထားသည့် ငါးနှင့် ပင်လယ်စာများ

🚫 အေးခဲထားသော အာလူးနှင့် အနောက်တိုင်းအစားအစာ၊ တရုတ်အစားအစာများ

🚫 အာလူးကြော်ထုပ်များ၊ ငါးမုန့်ကြောင်နှင့် အခြား မုန့်ကြွပ်ကြော်များ

🚫 အရောင်ပါသော သကြားလုံးများ

🚫 ကြက်ဟင်းခါးသီး

🚫 ပဲပုပ်နှင့် ပဲပုပ်နှင့် ပြုလုပ်သော စားစရာများသည့် ရှောင်ရမည့် စားစရာများတွင် ထည့်သွင်းရန်မလိုသော်လည်း တုန့်ပြန်မှု ပြင်းထန်သောကလေးများကို ကျွေးရာတွင် သတိနှင့် ကျွေးရန် လိုအပ်သည်။

🚫 အချိုရည်များ၊ ဆိုဒါရည်များကိုလည်း တာရှည်ခံပစ္စည်းများနှင့် လူလုပ်ပါဝင်ပစ္စည်းများစွာ ပါဝင်သဖြင့် ကလေးများအား မတိုက်ကျွေးသင့်ပါ။

G6PD အတွက် အစားအစာအကြံပြုချက်များ

၁။ သင့်ကလေးသည့် ခြောက်လပြည့်သည့်အခါ ဖြည့်စွက်အစားအစာများစားသင့်သည်။ Infant Cereal ကျွေးခြင်းကို သတိပြုပါ။

၂။ ကလေးအားသည့် နှံစားသီးနှံအမျိုးမျိုး၊ ကစီဓါတ်၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ငါး၊ အသား၊ ဆီ၊ အခွံမာသီး၊ အစေ့များ၊ နို့ထွက်ပစ္စည်းများ (အသက် တစ်နှစ်တွင်) တို့ကို စားသုံးနိုင်သည်။ အရွယ်အစားသေးသော အစားအစာများကို ကျွေးမွေးနိုင်သော်လည်း အရွယ်အစားပိုကြီးသည့် ပဲများကိုကျွေးရာတွင် သတိနှင့် ကျွေးသင့်သည်။

၃။ ကလေးသည် အစားအစာမျိုးစုံပါဝင်သည့် ကျန်းမာရေးနှင့် ညီညွတ်သော အစာကိုသာ စားသုံးသင့်သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များသည် သွေးနီဥများပျက်စီးခြင်းမှ ကာကွယ်ရာတွင် အရေးကြီးသဖြင့် ဗီတာမင် အေ၊ စီ၊ အီး ကြွယ်ဝသော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ငါးတို့ကို တစ်ပါတ်လျှင် အနည်းဆုံး ၃ – ၄ ကြိမ် ကျွေးသင့်သည်။

၄။ အိမ်တွင်ချက်ပြုတ်သည့် အစားအစာများသည်သာ အသင့်တော်ဆုံးဖြစ်သည်။ ထို့ကြောင့် အပြင်တွင် စားသောက်ပါက သတိထားသင့်သည်။

၅။ ဗီတာမင် စီ သည် ကိုယ်ခန္ဓာအတွက် အရေးပါသည်။ အစားအစာများတွင် ပါဝင်သည့် ဗီတာမင် စီ သည် သဘာဝအတိုင်းပါဝင်သည့် ပမာဏဖြစ်ပြီး၊ လူ့ကိုယ်ခန္ဓာမှ လွယ်ကူကောင်းမွန်စွာ ချေဖျက်နိုင်သည်။ ဗီတာမင်စီ ပမာဏအများအပြားကို ဖြည့်စွက်ဆေးဝါးအနေဖြင့် ‌သောက်သုံးမိပါက G6PD ကလေးများအတွက် အန္တရာယ်ရှိနိုင်သည်။ ဗီတာမင် စီ ဆေးများတိုက်ကျွေးပါက အထူးသတိပြုရန်လိုသည်။ ဆေးတိုက်မည့်အစား ဗီတာမင် စီ ကြွယ်ဝသော သဘာဝအစားအစာများကိုသာ ပိုကျွေး‌ပေးသင့်သည်။ ဥပမာ – လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ သို့မဟုတ် လတ်ဆတ်သော သဘာဝ သစ်သီးဖျော်ရည်။

၆။ တရုတ် တိုင်းရင်းဆေး၊ မြန်မာတိုင်းရင်းဆေးများကို တိုက်ကျွေးပါက ထိုဆေးများတွင် မည်သည့် ပစ္စည်းများ ပါဝင်သည် မသိရသောကြောင့် အထူးသတိပြုသင့်သည်။

အားလုံးသတိပြုရမှာက ဒီဟာ ရောဂါတစ်ခုမဟုတ်ပါဘူး။ ဓါတ်တစ်ခု ချို့တဲ့ရုံပဲဖြစ်တဲ့အတွက် အကြံပြုချက်တွေကို အတတ်နိုင်ဆုံး သတိထား လိုက်နာသွားမယ်ဆိုရင် အရမ်းစိုးရိမ်စရာမလိုပဲ သာမန်လူတစ်ယောက်အတိုင်း ပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါတယ်။

ဒီလို စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာလေးတွေကို အလျဥ်းသင့်သလို မျှဝေပေးမှာဖြစ်လို့ Page လေးကို Like & Share လုပ်ပေးထားပါဦးနော်။ဒီ ပိုစ်လေးက ကိုယ့်အတွက် အသုံးဝင်တယ်ဆိုရင် အခြားသူတွေနဲ့လည်း မျှဝေပေးပါဦး‌နော်။

အားလုံး ပျော်ရွင်ကျန်းမာတဲ့ မိသားစုတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Similar Posts

  • ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခု

    မေမေတို့ရေ… ဒီနေ့တော့ ကျေးလက်ဒေသမှာသာမကပဲ မြို့ကြီးတွေ‌ပေါ်မှာတောင် လုပ်လေ့လုပ်ထများတဲ့ ကလေးတွေအတွက်လည်း အန္တရာယ်ရှိစေနိုင်တဲ့ အလေ့အထတစ်ခုအကြောင်း ပြောပြပါမယ်… မွေးကင်းစကလေးလေးတွေကို ရေ၊ နို့မှုန့်၊ ပျားရည်၊ ထမင်းရည်၊ လက်ဖက်ရည်၊ ဆန်ပြုတ်၊ ချေထားတဲ့ထမင်း၊ ဝါးခွံ့တဲ့ထမင်းစတာတွေ အပါအဝင် မိခင်နို့မှ လွဲပြီး အခြား အရည်၊ အဖတ်တွေ ကျွေးမွေးတာတွေက ကလေးတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်… ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလိုလုပ်တာက အလေ့အကျင့်ကြီးတစ်ခုလို စွဲနေပါတယ်… အဲဒီလို အစာနဲ့ အရည်တွေ စောစောစီးစီး ကျွေးမွေးတာတွေက ဆေးရုံတွေမှာဆိုရင် (၂၃%) အထိ တွေ့ရပြီး အိမ်မှာ မွေးဖွားတယ်ဆိုရင် (၁၈%) ရှိတယ်ဆိုတာ တွေ့ရ ပါတယ်‌…ဆေးရုံမှာမွေးတာနဲ့ အိမ်မှာမွေးတာမှာ ဆေးရုံမှာမွေးတဲ့ ကလေး ရာခိုင်နှုန်းက ပိုပြီးမှ အခြားအရည်တွေ အစာတွေ ကျွေးခံနေရတာကို…

  • G6PDဆိုင်ရာအကြံပြုချက်များ

    ခုတစ်လော အမေးများတဲ့ G6PD ကလေးတွေကို ဖြည့်စွက်စာကျွေးရာမှာ ဘာတွေလိုက်နာသင့်လဲဆိုတဲ့ မေးခွန်းနဲ့ဆက်စပ်လို့ ဒီပိုစ်လေးကိုတင်ပေးလိုက်ပါတယ်။ G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။…

  • |

    မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်

    ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။ ၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။ တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ၊ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ…

  • |

    Homemade food vs ready made food

    ပြီးခဲ့တဲ့အပတ်က အမေးအဖြေမှာ အိမ်လုပ်စားစရာများ (Home Made Food) နဲ့ အသင့်စား စားစရာများ (Ready Made Food) တွေအကြောင်း ဆွေးနွေးခဲ့တာလေးကို မိဘတွေအနေနဲ့ လေ့လာနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အိမ်လုပ်စားစရာတွေနဲ့ အသင့်စားစားစရာတွေမှာ သူ့ရဲ့ ကောင်းကွက်နဲ့သူ၊ သူ့အားနည်းချက်နဲ့သူ ရှိနေပါတယ်။ မိဘတွေအနေနဲ့ကတော့ မိမိရင်သွေးအတွက် ကိုယ်တိုင်ချိန်ဆ ရွေးချယ်နိုင်အောင် အစားအစာတွေရဲ့ ကောင်းကွက်နဲ့ အားနည်းချက်တွေကို အောက်မှာဖော်ပြထားတဲ့အတိုင်း မျှဝေပေးလိုက်ပါတယ် အိမ်လုပ်စားစရာတွေရဲ့ကောင်းကွက်များ အလတ်ဆတ်ဆုံးနှင့် အကောင်းဆုံးသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အသားများ၊ ငါးများကို စိတ်ကြိုက်ရွေးချယ် ချက်ပြုတ်နိုင်ပါခြင်း။  အမေကိုယ်တိုင် ကလေးရဲ့ အစားအစာကို ဘာစားသင့်တယ်၊ ဘာတော့ မစားသင့်ဘူး စသည်ဖြင့် ဆုံးဖြတ်ထိန်းချုပ်နိုင်ခြင်း။  ငါး ကျွေးခြင်းဖြင့် သဘာဝ Omega 3 ကို…

  • |

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ခန္ဓာကိုယ်ပေါ် အရေပြားချင်းထိပြီး တင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကို ကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီ းနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်း ထိထားပေးရင်းနဲ့ပဲ မွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်မယ်ဆိုရင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကိုလည်း အားပေးတယ်… ကလေးနဲ့အမေကို စိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့အတွက် လိုအပ်တဲ့ နို့ရည်ကို စောစောစီးစီလည်း…

  • |

    ကလေးတွေကို ဘယ်လိုအရည်၊အချိုရည်မျိုးတိုက်လို့ရလဲဆိုတာပါ။

    ဒီအကြောင်းလေး ရေးမယ်ရေးမယ်နဲ့ လက်စမသတ်ဖြစ်တာ အတော်ကို ကြာပါပြီ။ ဒီနေ့ Facebook Group တစ်ခုထဲမှာ ငြင်းနေကြတာလေး တွေ့တာရယ်၊ Parenting Group တွေထဲမှာ မကြာခဏတွေ့နေရတဲ့ မေမေတွေရဲ့ မေးခွန်းတစ်ခုရယ်ကြောင့် ဒီအကြောင်းအရာလေးကို ကြိုးစားပြီး လက်စသတ်လိုက်ပါပြီ။ အကြောင်းအရာကတော့ ကလေးတွေကို ဘယ်လိုအရည်၊အချိုရည်မျိုးတိုက်လို့ရလဲဆိုတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီမေးခွန်းကို အဖြေပေးနိုင်မယ့် Consensus Report တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀၁၉) ခုနှစ်ထဲတုန်းက ပညာရှင်တွေက ထုတ်ပြန်ပေးခဲ့ပါတယ်။ အောက်ပါ အကြောင်းအရာတွေက အဲဒီ Consensus Report ကို အခြေခံပြီး မျှဝေလိုက်တာဖြစ်ပါတယ်။ ဒီ Consensus Report ကိုတော့ the Academy of Nutrition and Dietetics, the American…