ကလေးကကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ
ကလေးတစ်ယောက်နဲ့တစ်ယောက်က ပုံစံမတူပဲ ကြီးထွားဖွံ့ဖြိုးလာတတ်ကြပါတယ်။ မွေးစအလေးချိန်၊စောမွေးတာ၊ သတ်မှတ်ရက်အတိုင်း နေ့စေ့လစေ့မွေးတာ၊ ကျန်းမာရေးပြသနာတွေနဲ့၊ မျိုးရိုးဗီဇ စတဲ့အချက်တွေပေါ် မူတည်ပြီးတော့ ကလေးတွေက ပုံစံအမျိုးမျိုးနဲ့ ကြီးထွားကြတယ်။ ကလေးရဲ့ ကြီးထွားမှုအခြေအနေကို ကြီးထားဖွံ့ဖြိုးမှုဇယား (Weight Chart) ကို အသုံးပြုပြီးလေ့လာကြည့်မှသာ သိနိုင်ပါမယ်။ မေမေတွေက ကိုယ့်ကလေး အလေးချိန်ကို တခြားကလေး တွေနဲ့ နှိုင်းယှဉ်ကြည့်လေ့ရှိပြီး၊ မလိုအပ်ဘဲ စိတ်ပူနေတတ်ကြပါတယ်။ မေမေတို့ရဲ့ ရင်သွေးလေးက မွေးပြီး ပထမရက် အနည်းငယ်အတွင်းမွေးစကိုယ်အလေးချိန်ရဲ့ (၇% အထိ) ကိုယ်အလေးချိန်ကျနိုင်ပေမယ့်လည်း ၁၀ ရက်မှ ၁၄ ရက်လောက်မှာတော့ကိုယ်အလေးချိန် ပြန်တက်သင့်ပါတယ်။ရင်သွေးလေးက ပထမလအတွင်း ၁ ပေါင် မှ မတက်ရင်တော့ ဆေးခန်းပြသဖို့ လိုပါမယ်။ အကြမ်းဖျင်းအားဖြင့် ပြောရရင် ကလေးမွေးစကနေ (၃) လ လောက်အထိမှာ…
