မိခင်နို့တိုက်နေတဲ့အချိန်မှာအားဆေးတွေသောက်ဖို့လိုအပ်ပါသလား
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO ) နဲ့ကျန်းမာရေးအဖွဲ့များရဲ့ ဖော်ပြချက်အရ သံဓာတ်၊ ဖောလစ်အက်စစ်၊ ဗီတာမင် ဘီဝမ်း၊ဗီတာမင် အေ တွေဟာအရေးကြီးပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ အစာမျိုးစုံစားတဲ့ မေမေတွေအတွက် အားဆေးကို အကြာကြီးဆက်သောက်စရာ မလိုပါဘူးလို့ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗီတာမင် ဘီဝမ်းအားဆေးကို ကလေးသူငယ်နာရောဂါ ကာကွယ်ဖို့ကလေးမီးဖွားပြီး (၃) လအထိ သောက်သုံးဖို့တိုက်တွန်းတာ ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။ အိုင်အိုဒင်းဆားကိုတော့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်ရှိတဲ့ အိမ်တိုင်း စားသုံးသင့်ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။
မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho