🤰 ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလေးချိန်တက်တာ (Pregnancy Weight Gain) က မိခင်နဲ့ သားအတွက် ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
တက်သင့်တဲ့အလေးချိန်က မိခင်ရဲ့ ကိုယ်ဝန်မဆောင်မီ အလေးချိန်/ BMI အပေါ် မူတည်ပါတယ်။ မိမိရဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်အလေးချိန် ဘယ်လောက်အထိ တက်သင့်သလဲဆိုတာကို တွက်ချက်နိုင်ဖို့အတွက်ဆိုရင် ကိုယ်ဝန်မရှိမီကာလက ကိုယ်အလေးချိန်နဲ့ မိမိရဲ့ အရပ်ကို အသုံးပြုပြီး BMI ကိုတွက်ချက်ရပါမယ်။ BMI (Body Mass Index – ခန္ဓာကိုယ်အရွယ်အစားအညွှန်းကိန်း) ဆိုတာက လူကြီးတွေအတွက် ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တွက်ချက်ပြီး ကျန်းမာရေးအခြေအနေကို ခန့်မှန်းဖော်ထုတ်တဲ့ နည်းလမ်းတစ်ခုပါ။
🔢 ဘယ်လိုတွက်လဲ။
BMI = အလေးချိန် (ကီလိုဂရမ်) ➗ (အရပ်အမြင့် မီတာဖြင့်)²
ဥပမာ – 70 kg ကို 1.65 m အမြင့်နဲ့ တွက်မယ်ဆိုရင်၊
BMI = 70 ÷ (1.65 × 1.65) = 25.7
လက်နဲ့ချမတွက်ချင်ရင် ဒီလင့်လေးမှာလည်း တွက်ကြည့်လိုက်ရပါတယ်။
📊 ရလဒ်ကို ဘယ်လိုဖတ်မလဲ။
- 🟢 18.5 – 24.9 → ပုံမှန်ကိုယ်အလေးချိန်ရှိသည်။
- 🔵 18.5 ထက်နိမ့် → ပုံမှန်ထက် ကိုယ်အလေးချိန်နည်း၊ ပိန်နေသည်။
- 🟠 25 – 29.9 → ပုံမှန်ထက် ကိုယ်အလေးချိန်များ၊ ရှိသင့်သည်ထက် ပိုဝနေသည်။
- 🔴 30 နှင့်အထက် → အဝလွန်ရောဂါအဆင့်အဖြစ် သတ်မှတ်နိုင်သည်။
အပေါ်ကနည်းလမ်းအတိုင်းတွက်ချက်ပြီး ရလာတဲ့ ရလဒ်က ကိုယ့်ရဲ့ ကိုယ်ဝန်မဆောင်မီ BMI (Pregnaqncy BMI) ပါ။ အဲ့ဒီရလဒ်ကို အောက်က ဇယားနဲ့တိုက်ဆိုင်ကြည့်ပြီး ကိုယ့်အနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း စုစုပေါင်း ကိုယ်အလေးချန် ဘယ်လောက်အထိ တက်သင့်တယ်ဆိုတာကို ခန့်မှန်းနားလည်လို့ရပါတယ်။ အကယ်၍ ကိုယ်က ကိုယ်အလေးချိန် တက်သင့်သလောက် တက်မလာဘူး၊ ဒါမှမဟုတ် တက်သင့်တာထက်များပြီး ဝလာတယ်လို့ ထင်ရရင် ဒို့မိသားစုလေးမှာ တိုင်ပင်လို့ရပါတယ်။
ကိုယ်ဝန်မဆောင်မီ BMI အခြေအနေတွေအရ ကိုယ်ဝန်ဆောင်ကာလအတွင်း တက်သင့်တဲ့ကိုယ်အလေးချိန် (IOM Guideline)
ကိုယ်ဝန်မဆောင်မီ BMI | အမျိုးအစား | တက်သင့်တဲ့အလေးချိန် |
---|---|---|
<18.5 | ပုံမှန်ထက် ကိုယ်အလေးချိန်နည်း၊ ပိန်နေသည်။ | ၁၂.၅ – ၁၈ ကီလိုဂရမ် (kg) |
18.5 – 24.9 | ပုံမှန်ကိုယ်အလေးချိန် | ၁၁.၅ – ၁၆ ကီလိုဂရမ် (kg) |
25 – 29.9 | ပုံမှန်ထက် ကိုယ်အလေးချိန်များ၊ ရှိသင့်သည်ထက် ပိုဝနေသည်။ | ၇ – ၁၁.၅ ကီလိုဂရမ် (kg) |
≥30 | အဝလွန်ရောဂါအဆင့်အဖြစ် သတ်မှတ်နိုင်သည်။ | ၅ – ၉ ကီလိုဂရမ် (kg) |
ဘာကြောင့်အရေးကြီးလဲ။
- မိခင်အလွန်ဝသွားလျှင် ဆီးချိုဖြစ်လာနိုင်ခြင်း၊ သွေးပေါင်ချိန်မြင့်တက်လာခြင်း (နောက်ပိုင်းမှာ ကိုယ်ဝန်အဆိပ်တက်တာမျိုး) စသည်ဖြင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်နိုင်ပါတယ်။
- အလေးချိန်နည်းလွန်းလျှင် ကလေးရဲ့မွေးစအလေးချိန်နည်းနိုင်ပါတယ်။
🎯 အကြံပြုချက်များ
- အစားအသောက်မှာ အာဟာရပြည့်ဝအောင် စားသုံးပါ။
- အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ကွမ်းယာ၊ ငန်လွန်းသောအစာများ၊ အဆီများသောအစာများ၊ အသင့်စားအစားအစာများမှအပ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုး စတဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ရှောင်ခြင်းမပြုပါနှင့်။
- အထိုင်အနေအများကြီးမလုပ်ဘဲ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပါ။
- ဆရာဝန်/အာဟာရပညာရှင်နဲ့ အမြဲတိုင်ပင်ထားပါ။
ဒီလိုဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို အမြဲမျှဝေပေးနေတာမို့ ဒို့မိသားစု Page ကို Like and Follow လုပ်ထားပေးပါ။ ဒီ Post လေးကိုလည်း အများဗဟုသုတရအောင် Share လပ်ပေးပါဦးရှင့်။
ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ကလေးအာဟာရ၊ မိသားစုအာဟာရ အတွက် ဗဟုသုတအချက်လေးတွေကို Page မှာ တင်ထားပေးတာမို့ ရှာဖွေဖတ်ရှုကြပါဦးရှင့်။
#ကိုယ်ဝန်ကျန်းမာရေး #အလေးချိန်တက်မှု #မိခင်အတွက်အချက်အလက် #PregnancyWeightGain