Can breastfeeding mom drink coffee?
|

နို့တိုက်မိခင် ကော်ဖီသောက်လို့ရလား

ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။

ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို သကြားလို ချိုတဲ့ အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။
မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho 

Similar Posts

  • |

    နို့တိုက်မိခင် အရက်သောက်လို့ရလား

    ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီမဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြောလို မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။   အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ နို့ရည်ရတာ နည်းလာတာမျိုးတွေ…

  • |

    အရေပြားချင်းထိပေးခြင်း (Skin-to-Skin Contact)

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ကိုယ်ပေါ်အရေပြားချင်းထိပြီးတင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကိုကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီးနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်းထိထားပေးရင်းနဲ့ပဲမွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်ရင် ကလေးမှာဖြစ်ပွါးမှုလျော့ကျစေတဲ့အပြင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကို အားပေးတယ်… ကလေးနဲ့အမေကိုစိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့ အတွက်လိုအပ်တဲ့ နို့ရည်ကိုစောစောစီးစီး ထုတ်ပေးနိုင်ပါတယ်… အရေးကြီးဆုံးအချက်ကတော့ မိခင်ဝမ်းကြာတိုက်ကနေအပြင်ကမ္ဘာကို ကူးပြောင်းပေးတဲ့ ကာလမှာ အသားချင်းထိပေးခြင်းက ကူညီပေးပါတယ်…. နောက်ပိုင်းရက်တွေမှာ…

  • | | |

    ဒို့မိသားစုလေးမှာ အွန်လိုင်းသင်တန်းတွေတက်နည်း

    ဒို့မိသားစုလေးရေ Website ပေါ်ကနေ အွန်လိုင်းသင်တန်းတွေကို စတင်ပို့ချပေးနေပါပြီ။​ သင်တန်းတွေက self-paced လို့ခေါ်တဲ့ ကိုယ်အားတဲ့အချိန်မှာ အဆင်ပြေသလို သင်ယူလို့ရတဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို ဒီမှာလေ့လာကြည့်လို့ရပါတယ်။ ဒီဗွီဒီယိုလေးကတော့ သင်တန်းတွေတက်ချင်ရင် ဘယ်လိုတက်ရမှာလဲဆိုတာကို ရှင်းပြပေးထားတဲ့ ဗွီဒီယိုလေးပဲဖြစ်ပါတယ်။

  • |

    မိခင်နို့တိုက်နေတဲ့အချိန်မှာအားဆေးတွေသောက်ဖို့လိုအပ်ပါသလား

    မိခင်နို့တိုက်နေတဲ့အချိန်မှာအားဆေးတွေသောက်ဖို့လိုအပ်ပါသလား ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO ) နဲ့ကျန်းမာရေးအဖွဲ့များရဲ့ ဖော်ပြချက်အရ သံဓာတ်၊ ဖောလစ်အက်စစ်၊ ဗီတာမင် ဘီဝမ်း၊ဗီတာမင် အေ တွေဟာအရေးကြီးပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ အစာမျိုးစုံစားတဲ့ မေမေတွေအတွက် အားဆေးကို အကြာကြီးဆက်သောက်စရာ မလိုပါဘူးလို့ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗီတာမင် ဘီဝမ်းအားဆေးကို က‌လေးသူငယ်နာရောဂါ ကာကွယ်ဖို့ကလေးမီးဖွားပြီး (၃) လအထိ သောက်သုံးဖို့တိုက်တွန်းတာ ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။ အိုင်အိုဒင်းဆားကိုတော့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်ရှိတဲ့ အိမ်တိုင်း စားသုံးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ

    ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ အသားဝါရတဲ့ အကြောင်းရင်းခံတွေကတော့ အများကြီးရှိပါလိမ့်မယ်။ အဲဒါတွေကတော့ ကလေးလမစေ့ဘဲမွေးလာတာ၊ ကလေးက နေမကောင်းတာ၊ ဖေဖေ၊ မေမေတို့ရဲ့အေ၊ဘီ၊အို စတဲ့ သွေးအုပ်စု တွေနဲ့ သဟဇာတမဖြစ်တာ၊ ကလေးက ခက်ခက်ခဲခဲ မွေးဖွားခဲ့ရလို့ ကလေးငယ်တွေမှာအရေပြား ဒဏ်ရာရှိတာမျိုးတွေ စတဲ့ အခြေအနေတွေပေါ့။ အသားဝါတာကို ကာကွယ်နိုင်တဲ့နည်းတွေကို အောက်ပါအတိုင်းအကြံပြုမျှဝေပေးပါရစေ။ ၁။ မေမေတို့ရဲ့ နို့ဦးရည်က သားသားမီးမီးတို့ကို ရောဂါတွေ/ ဖျားနာမှုတွေကနေ ကာကွယ်ပေးတဲ့နည်းတူ ကလေးငယ်ရဲ့ အစာအိမ်အူလမ်းကြောင်းအတွင်းက ငယ်ချီး (ငယ်ချေး) တွေကိုလည်း ဖယ်ရှားပေးတဲ့ ဝမ်းပျော့ဆေး တစ်မျိုးရဲ့ တာဝန်တွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ နို့ဦးရည်က ကလေးရဲ့ ဝမ်းသွားမှုနဲ့ ပတ်သက်လို့လည်း အကူအညီတွေ ပေးပြန်ပါတယ်။ဝမ်းသွားတာမှန်လေ ကလေးအတွက် ကောင်းလေလေ ပါပဲ။ ၂။ မိခင်နို့…

Leave a Reply

Your email address will not be published. Required fields are marked *