နို့မှုန့်/ ဖော်မြူလာတိုက်ခြင်းရဲ့ အန္တရာယ်


ဒို့မိသားစုလေးရေ Website ပေါ်ကနေ အွန်လိုင်းသင်တန်းတွေကို စတင်ပို့ချပေးနေပါပြီ။ သင်တန်းတွေက self-paced လို့ခေါ်တဲ့ ကိုယ်အားတဲ့အချိန်မှာ အဆင်ပြေသလို သင်ယူလို့ရတဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို ဒီမှာလေ့လာကြည့်လို့ရပါတယ်။ ဒီဗွီဒီယိုလေးကတော့ သင်တန်းတွေတက်ချင်ရင် ဘယ်လိုတက်ရမှာလဲဆိုတာကို ရှင်းပြပေးထားတဲ့ ဗွီဒီယိုလေးပဲဖြစ်ပါတယ်။
လူကြီးတွေတင် ဆန္ဒပြတတ်တာ မဟုတ်ဘူးနော်။ ဘေဘီလေးတွေလည် းဆန္ဒပြတတ်ကြပါတယ်။ မိခင်နို့စို့ဖို့ ကလေးက ဆန္ဒပြတဲ့အခြေအနေ (Nursing Strikes) တွေရှိတတ်တယ်။အဲဒါက ဘာပါလဲဆိုတာ နည်းနည်းဆွေးနွေးပေးပါမယ်။ Nursing Strikes ဆိုတာ ကလေးက မိခင်နို့စို့ဖို့ကို ရုတ်တရက်ငြင်းဆန်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီဟာက မိခင်တွေအတွက် အနှောက်အယှက် ဖြစ်တတ်ပါတယ်။ ဒါက ရက်ပေါင်းများစွာ သို့ မိခင်နို့တိုက်ကျွေးမှု အကြိမ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ ဒါ့အပြင် ကလေးနဲ့မေမေတွေအတွက် စိတ်ဖိစီးမှု အလွန်များစေနိုင်ပါတယ်။ ကလေးကောင်းကောင်းနေမကောင်းလို့၊ နှာစေးနှာပိတ်လို့၊ ဝမ်းချုပ်လို့၊ ဝမ်းလျှောလို့၊ကလေးရဲ့ပတ်ဝန်းကျင်/အချိန်ဇယားပြောင်းလဲလိုက်လို့၊ ကလေးကိုပြုစု စောင့်ရှောက်တဲ့ သူပြောင်းသွားလို့၊ သွားပေါက်လို့ စတဲ့ အကြောင်းရင်းတွေကြောင့်ကလေးက မိခင်နို့စို့ဖို့ ငြင်းဆန်တဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ တခြားအကြောင်းရင်းတွေလည်းရှိပါသေးတယ်။အဲဒါတွေကတော့မေမေတို့ ဓမ္မတာ သွေး လာတာ၊ မေမေတို့စားတဲ့အစားအစာကြောင့်၊ ဒါမှမဟုတ်ဆေးဝါးကြောင့်၊ရေမွှေး၊ ဆပ်ပြာ၊…
Video Credit: Save the Children Myanmar
✨ မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ ✨ မင်္ဂလာပါ မေမေတို့ရေ… အိမ်မှုကိစ္စတစ်ဖက်၊ ရင်သွေးလေးအရေးတစ်ဖက်နဲ့ အမြဲအလုပ်ရှုပ်နေရတဲ့ မေမေတို့အတွက် သင်တန်းတက်ရတာ ပိုမိုလွယ်ကူ အဆင်ပြေသွားစေဖို့ ကျွန်မတို့ရဲ့ Website မှာ Self-paced Learning (မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်သောစနစ်) ကို အဆင့်မြှင့်တင် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။ 🌟 Self-paced Learning ဆိုတာ ဘာလဲ? အရင်လို သတ်မှတ်ထားတဲ့အချိန်မှာ Zoom ထဲဝင်စရာမလိုဘဲ မိမိအားလပ်တဲ့အချိန် (ဥပမာ – ရင်သွေးလေး အိပ်ပျော်နေချိန်၊ ညဘက်အေးအေးဆေးဆေးရှိချိန်) မျိုးမှာ Website ထဲဝင်ပြီး သင်ခန်းစာဗီဒီယိုတွေကို တစ်ခုချင်းစီ စိတ်ကြိုက်ကြည့်ရှုလေ့လာနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ 🛠️ ပြောင်းလဲသွားတဲ့ အချက်အလက်သစ်များ…
ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရောနှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရောနှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား… ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်… fb://photo/1503231806678606?set=a.983193882015737&sfnsn=mo ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့…
မေမေတို့နို့တိုက်မိခင်တွေအနေနဲ့ အချဉ်အစပ်တွေစားရင် ကလေးဝမ်းသွားနိုင်ပါသလား မဖြစ်ပါဘူး။မေမေတို့စားလိုက်တဲ့ အချဉ်အစပ်တွေဟာ မေမေတို့နို့ထဲကိုမရောက်နိုင်လို့ ကလေးတွေကိုဝမ်းလျှေတာာမဖြစ်စေပါဘူး။ ကလေးတွေကိုဝမ်းလျှောစေတဲ့အကြောင်းက သန့်ရှင်းမှုအားနည်းလို့ ရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်ရတာပါ။ ဥပမာ-အိမ်သာသွားပြီးတိုင်း လက်မဆေးတာ၊ အစာမစားခင် လက်မဆေးတာ၊ နို့ဗူးတွေ ဆေးကြောတာသိမ်းဆည်းတာတွေ မသန့်ရှင်းတာ၊ တချို့ မိခင်နို့အစားထိုးပစ္စည်း (နို့မှုန့်) မသန့်ရှင်းတာတွေကြောင့် ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho