|

ကလေးတွေကို ဘယ်လိုအရည်၊အချိုရည်မျိုးတိုက်လို့ရလဲဆိုတာပါ။

ဒီအကြောင်းလေး ရေးမယ်ရေးမယ်နဲ့ လက်စမသတ်ဖြစ်တာ အတော်ကို ကြာပါပြီ။ ဒီနေ့ Facebook Group တစ်ခုထဲမှာ ငြင်းနေကြတာလေး တွေ့တာရယ်၊ Parenting Group တွေထဲမှာ မကြာခဏတွေ့နေရတဲ့ မေမေတွေရဲ့ မေးခွန်းတစ်ခုရယ်ကြောင့် ဒီအကြောင်းအရာလေးကို ကြိုးစားပြီး လက်စသတ်လိုက်ပါပြီ။

အကြောင်းအရာကတော့ ကလေးတွေကို ဘယ်လိုအရည်၊အချိုရည်မျိုးတိုက်လို့ရလဲဆိုတာပါ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီမေးခွန်းကို အဖြေပေးနိုင်မယ့် Consensus Report တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀၁၉) ခုနှစ်ထဲတုန်းက ပညာရှင်တွေက ထုတ်ပြန်ပေးခဲ့ပါတယ်။ အောက်ပါ အကြောင်းအရာတွေက အဲဒီ Consensus Report ကို အခြေခံပြီး မျှဝေလိုက်တာဖြစ်ပါတယ်။

ဒီ Consensus Report ကိုတော့ the Academy of Nutrition and Dietetics, the American Academy of Pediatric Dentistry, the American Academy of Pediatrics, and the American Heart Association ဆိုတဲ့ အဖွဲ့ကြီး (၄) ဖွဲ့က ထောက်ခံသဘောတူထားပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်က သိပ်ကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဖေဖေ၊ မေမေတွေအတွက် သိပ်အများကြီးမှတ်စရာ မလိုလို့ပါ။ ကိုယ်တိုင်လည်း ကလေးအဖေဆိုတော့ အများကြီးမှတ်ရတာမကြိုက်ဘူးလေ။

တိုက်လို့ရတဲ့အရည်တွေ

ကလေးတွေကိုတိုက်ရလို့ရတဲ့ အရည်တွေအမျိုးအစားတွေက လက် (၅) ချောင်းမပြည့်ပါဘူး။ မှန်ပါတယ်။ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။

နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။

နံပါတ် (၃) ကတော့ နွားနို့ပါ။ နွားနို့ကိုတော့ ကလေးအသက် (၁) နှစ်ပြည့်တာနဲ့ တိုက်လို့ရပါပြီတဲ့ဗျာ။

မတိုက်သင့်တဲ့အရည်တွေ

သကြား သို့မဟုတ် အချိုပါတဲ့ မည့်သည့်အရည်ကိုမှ အသက် (၅) နှစ်အောက်ကလေးတွေ လုံး၀ မတိုက်သင့်ပါဘူးတဲ့။ မတိုက်သင့်တဲ့အရာတွေထဲမှာ အချိုပါတဲ့ နွားနို့ (Sweetened Milk)၊ ကလေးတွေအတွက် ဆိုပြီးထုတ်ထားတဲ့ Baby Tea လိုဟာမျိုးတွေ၊ အချိုရည်တွေ၊ Malt Milk တို့ Oat Milk တို့လို အနှံ (cereal) ကနေလုပ်ထားတယ်ဆိုတဲ့ အရည်တွေ ပါပါတယ်။ လက်ဖက်ရည်၊ ကော်ဖီတွေလည်း မတိုက်ရပါဘူး။ ဒါ့အပြင် Toddler Milk လို့ခေါ်တဲ့ ဖော်မြူလာတွေလည်း မတိုက်သင့်ပါဘူးတဲ့ဗျာ။

ဒါဆိုတိုက်လို့ရတဲ့ အရည်တွေကိုရော တစ်နေ့ကို ဘယ်လောက်ပမာဏတိုက်လို့ရလဲ မေးစရာရှိပါတယ်။ ပုံမှာ ဇယားလေးနဲ့ ဖော်ပြထားပါတယ်။ မိခင်နို့မတိုက်ပဲ ဖော်မြူလာပဲတိုက်တဲ့ ကလေးတွေဆိုရင်တော့ အသက် (၁) နှစ်ပြည့်ရင် ဖော်မြူလာကို ဖြတ်ပြီး နွားနို့တိုက်ရမှာဖြစ်ပါတယ်။ နွားနို့နဲ့အဆင်မပြေဘူးဆိုရင်တော့ အချိုမပါတဲ့ ပဲနို့ (Unsweetened Soymilk) ကို ရွေးချယ်နိုင်ပါတယ်။ အသက် (၁) နှစ်နဲ့ (၂) နှစ်ကြား ကလေးတွေကိုတော့ Full Cream/ Whole Milk မလိုင်ပြည့် နို့ကို တိုက်ရမှာ ဖြစ်ပြီး၊ (၂) အထက်ကလေးတွေကိုတော့ အဆီလျှော့ထားတဲ့ နို့ကို တိုက်ရမှာဖြစ်ပါတယ်။ This is what scientific evidences tell us ဒါဟာ သိပ္ပံအထောက်အထားတွေ့ရှိချက်ပါ။ ဒို့မိသားစုလေးရဲ့ မူကိုက သိပ္ပံအထောက်အထားခိုင်လုံတဲ့ အကြောင်းအရာတွေကိုပဲ မျှဝေဖို့ဖြစ်ပါတယ်။

ကလေးတစ်ယောက်ရဲ့ တစ်သက်တာ အရသာကြိုက်နှစ်သက်မှုပုံစံကို သူ့အသက် (၅) နှစ်မတိုင်ခင်မှာ တိုက်ကျွေးခံရတဲ့ အရည်တွေက လွှမ်းမိုးထားပါတယ်။ အခုတွေ့ရှိချက်အတိုင်း လိုက်နာနိုင်ဖို့က မိဘတွေအနေနဲ့ မလွယ်ကူနိုင်မှန်း ကိုယ်တိုင်မိဘဖြစ်တဲ့အတွက် နားလည်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ စားသောက်ကုန် ကုမ္မဏီတွေ၊ သူတို့ရဲ့ သိပ်ကိုပါးနပ်လွန်းတဲ့ ကြော်ငြာတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ရွေးချယ်မှုတွေကို အရမ်းကိုလွှမ်းမိုးထားလို့ပါပဲ။ ကိုယ်တိုင်ပဲ အိမ်က ကလေးတို့ရဲ့ မေမေကို အောင်မြင်အောင် မစည်းရုံးနိုင်တာ ထင်ရှားတဲ့ ကိုယ်တွေ့သက်သေဆိုတာ ရှက်ရှက်နဲ့ ဝန်ခံရမှာပါပဲ။

နောက်ဆုံးနိဂုံးချုပ်အနေနဲ့ မျှဝေချင်တာကတော့ ကျွန်တော့ ဆရာမ ကလေးမိခင်တွေနဲ့ counseling လုပ်တဲ့အခါ အမြဲပြောလို့ မှတ်သားထားရတဲ့စကားလေးပါ။ This is your child. You can decide what you want. Our responsibility is to tell you what we have to tell you. ပါ။ ကိုယ့်ကလေးအတွက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရှိပါတယ်။ ကျွန်တော်တို့တာဝန်ကတော့ မျှဝေပေးသင့်တဲ့ မှန်ကန်တဲ့သတင်းအချက်အလက်ကို မျှဝေပေးဖို့ပါ။

ဒါထက်ပိုပြီးဖတ်ချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ သွားပြီး ဖတ်ကြည့်ပါ။

https://healthyeatingresearch.org/…/HER-HealthyBeverage…

မိသားစုအားလုံးကို ပျော်ရွှင်ကျန်းမာစေချင်တဲ့ ဆန္ဒမွန်ဖြင့်

Similar Posts

  • |

    ရင်သွေးလေးတွေကို မေမေတို့ မိခင်နို့တိုက်နေစဉ်ကာလမှာ ကော်ဖီသောက်လို့ ရပါ သလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ်…

  • ဖြည့်စွက်စာကျွေးခြင်း

    အသက် (၆) လမှာ ကလေးကို ဖြည့်စွက်စာစတင်ကျွေးမွေးတဲ့အချိန်ဟာ မေမေတို့အတွက် (သို့) မိသားစုအတွက် အကြီးမားဆုံး၊အရေးကြီးဆုံး ခြေလှမ်းအစတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှအကြံပြုထားသောအချက်များအရ ကလေးအသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရပါမယ်။ ကလေးအသက် (၆) လမှစတင်ပြီး ကိုယ့်အရပ် ကိုယ့်ဒေသတွင်းရရှိနိုင်တဲ့ အာဟာရ ပြည့်ဝတဲ့အစားအစာတွေ (ကစီဓာတ်ပါဝင်သော အစားအစာများ၊ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး) ကို စတင်ကျွေးနိုင်ပါတယ်။ ကလေးငယ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ရရှိနိုင်တဲ့ အစားအစာတွေကို ဦးစားပေးပြီး ကျွေးသင့်ပါတယ်။ ဒါအပြင် ကလေးအသက် (၂) နှစ်နှင့် (၂) နှစ်ကျော်သည်အထိ မိခင်နို့ဆက်လက် တိုက်ကျွေးသင့်ပါတယ်။ ကလေးကိုဖြည့်စွက်စာစတင်ကျွေးမွေးရာတွင်လိုက်နာရမည့်အချက်များ (၁) ကလေးကိုမိခင်၏ပေါင်ပေါ်တွင် တင်ပြီးကျွေးပါ။ (၂) နောက်ပိုင်းတွင်…

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော Healthy and Happy Families Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။ နွားနို့ကိုတော့ ကလေးအသက်…

  • |

    အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း

    အရေးပေါ်ကာလတွင် အာဟာရဖြည့်တင်းနိုင်ရန် အာဟာရမုန့် (High Energy Ball )အလွယ်တကူပြုလုပ်နည်း Disclaimer: ဤ High Energy Ball ပြုလုပ်နည်းသည် UNICEF မြန်မာမှ မျှဝေထားသော နည်းလမ်းအား ဒေသတွင်း လူမှုအဖွဲ့အစည်းတစ်ခုမှ စေတနာ့ဝန်ထမ်းအချို့၏ အကူအညီဖြင့် အနည်းငယ်ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါသသည်။ ဤ High Energy Ball ပြုလုပ်နည်းသည် အာဟာရချို့တဲ့သောကလေးများ (Acutely Malnourished) ကလေးများအတွက် Ready-to-use Therapeutic Food (RUTF) အာဟာရဆေးအစာများ မရရှိနိုင်သည့် အခြေအနေတွင် အစားထိုးအသုံးပြုရန်ဖြစ်ပါသည်။ လက်ရှိအရေးပေါ်ကာလတွင် ပြည်တွင်း/ ဒေသခံကူညီကယ်ဆယ်ရေး အဖွဲ့များ ကျန်းမာရေးနှင့်ညီညွတ်၍ ပြုလုပ်ရန်လွယ်ကူသော နည်းလမ်းတစ်ခုဖြစ်ပါသဖြင့် ဥာဏ်ရှိသလိုအသုံးချရန် မျှဝေပေးရခြင်းဖြစ်ပါသည်။ ပုံမှန် အစားအစာများကို မစားသုံးပဲ ဤ High Energy Ball…

  • ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရပြည့်ဝစွာစားသုံးနည်း

    Video Credit: Food and Agriculture Organization

  • |

    မိခင်နို့နှင့် အခြားအရာများရောနှောကျွေးမွေးခြင်း Mixed feeding

    ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရော‌နှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရော‌နှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား… ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်… fb://photo/1503231806678606?set=a.983193882015737&sfnsn=mo ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့…

Leave a Reply

Your email address will not be published. Required fields are marked *