က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော ဒို့မိသားစုလေး Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မာတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။

ကလေးတွေကိုတိုက်ရတဲ့အရည်များ

နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။
နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။
နံပါတ် (၃) ကတော့ နွားနို့ပါ။ နွားနို့ကိုတော့ ကလေးအသက် (၁) နှစ်ပြည့်တာနဲ့ တိုက်လို့ရပါပြီတဲ့။

မတိုက်သင့်တဲ့အရည်များ

 သကြား သို့မဟုတ် အချိုပါတဲ့ မည့်သည့်အရည်ကိုမှ အသက် (၅) နှစ်အောက်ကလေးတွေ လုံး၀ မတိုက်သင့်ပါဘူးတဲ့။
မတိုက်သင့်တဲ့အရာတွေထဲမှာ
 အချိုပါတဲ့ နွားနို့ (Sweetened Milk)၊
 ကလေးတွေအတွက် ဆိုပြီးထုတ်ထားတဲ့ Baby Tea လိုဟာမျိုးတွေ၊   အချိုရည်တွေ၊
 Malt Milk တို့ Oat Milk တို့လို အနှံ (cereal) ကနေလုပ်ထားတယ်ဆိုတဲ့
အရည်တွေ ပါပါတယ်။
လက်ဖက်ရည်၊ ကော်ဖီတွေလည်း မတိုက်ရပါဘူး။
 ဒါ့အပြင် Toddler Milk/ Growing-up Milk လို့ခေါ်တဲ့ ဖော်မြူလာတွေလည်း မတိုက်သင့်ပါဘူးတဲ့။

ဒါဆိုတိုက်လို့ရတဲ့ အရည်တွေကိုရော တစ်နေ့ကို ဘယ်လောက်ပမာဏတိုက်လို့ရလဲ မေးစရာရှိပါတယ်။

ရေဘယ်လောက်တိုက်ရမလဲ

အသက် (၆) လ အောက်ကလေးငယ်တွေကို ရေမတိုက်ရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ မိခင်နို့သာ ရရှိနေစေသင့်တာပါ။ မိခင်နို့ထဲမှာလည်း ရေဓါတ် (၈၀) ရာခိုင်းနှုန်းကျော်ပါဝင်ပါတယ်။ ဒါကြောင့် (၆) လောက်ကလေးငယ်လေးတွေ ရေဆာတယ်ထင်ရင် မိခင်နို့ပဲတိုက်ပါ။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာတောင် ရေတိုက်စရာမလိုပါဘူး။ မိခင်နို့ပဲ ခဏခဏတိုက်ပေးပါ။

အသက် (၆) လ မှ (၁၂) လ ကလေးငယ်တွေကိုတော့ ရေစတိုက်နိုင်ပါပြီ။ တစ်နေ့မှာ ခွက် တစ်ဝက်ကနေ (၁) ခွက်အထိ တိုက်နိုင်ပါတယ်။ ရေတိုက်ရင် ခွက်နဲ့ပဲတိုက်ပါ။ နို့ဘူးလိုအရာမျိုးထဲ ထည့်ပြီး မတိုက်သင့်ပါဘူး။ ဒါ့အပြင် ရေကို အစာကျွေးတဲ့အချိန်မှာ တိုက်ပေးနိုင်ပါတယ်။
အသက် ၁ နှစ်ကနေ ၃ နှစ်ထိကိုတော့ တစ်နေ့မှာ ရေ (၁) ခွက်ကနေ (၄) ခွက်ထိ တိုက်ပေးရပါမယ်။

တစ်ခွက် ၂၄၀ မီလီလီတာ

နွားနို့ဘယ်လောက်တိုက်ရမလဲ

အသက် (၁) နှစ်အောက်ကလေးတွေကို နွားနို့ မတိုက်သင့်ပါဘူး။ အသက် (၁) နှစ်ကနေ (၃) နှစ်ကလေးတွေကိုတော့ တစ်နေ့မှာ ၃ ခွက်အထိတိုက်နိုင်ပါတယ်။ အသက် (၁) နှစ်နဲ့ (၂) နှစ်ကြား ကလေးတွေကိုတော့ Full Cream/ Whole Milk မလိုင်ပြည့် နို့ကို တိုက်ရမှာ ဖြစ်ပြီး၊ (၂) အထက်ကလေးတွေကိုတော့ အဆီလျှော့ထားတဲ့ နို့ကို တိုက်ရမှာဖြစ်ပါတယ်။ အသက် (၄) ကနေ (၈) နှစ်ကြားကလေးတွေကိုတော့ တစ်နေ့မှာ (၂) ခွက်ခွဲအထိ တိုက်နိုင်ပါတယ်။ အသက် (၉) နှစ်အထက်ကိုတော့ (၃) ခွက်အထိ တိုက်ပေးရမှာ ဖြစ်ပါတယ်။ နွားနို့နဲ့အဆင်မပြေဘူးဆိုရင်တော့ အချိုမပါတဲ့ ပဲနို့ (Unsweetened Soymilk) ကို ရွေးချယ်နိုင်ပါတယ်။

ကလေးတစ်ယောက်ရဲ့ တစ်သက်တာ အရသာကြိုက်နှစ်သက်မှုပုံစံဟာ သူ့အသက် (၅) နှစ်မတိုင်ခင်မှာ တိုက်ကျွေးခံရတဲ့ အရည်တွေက လွှမ်းမိုးထားပါတယ်။ အချိုပါတဲ့ နွားနို့၊ ပဲနို့တွေကို တိုက်မိရင်၊ အချိုရည်တွေတိုက်မိရင် ကလေးတွေဟာ တစ်သက်လုံးအချိုကြိုက်သွားပြီး နောက်ပိုင်းမှာ ဆီးချိုသွေးချိုလိုရောဂါမျိုးတွေ ဖြစ်နိုင်ခြေ များလာနိုင်ပါတယ်။

Similar Posts

  • |

    မေမေတွေအားလုံးက နို့ဦးရည်ထုတ်နိုင်ပါတယ်

    ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတို့ရေ… အချို့မိခင်တွေမှာ မီးဖွားပြီးပြီးချင်း “နို့ရည်မရှိ”ဘူး ဆိုပြီး ပတ်ဝန်းကျင်မှာ ယုံကြည်ပြောဆိုနေကြတာတွေ တွေ့ရပါတယ်… အမှန်တော့ မိခင်ရဲ့ခန္ဓာကိုယ်မှာ ကိုယ်ဝန်ဆောင်ချိန် ၄ လ ကတည်းက ရင်သွေးလေးအတွက် နို့ဦးရည်က အဆင်သင့်ရှိနေပြီ ဆိုတာပါပဲ… မိခင်နို့ပုံမှန်ထွက်ဖို့ (၂) ရက်မှ(၃) ရက်လောက်ကြာတတ်ပါတယ်… “နို့ရည်မရှိ” ဆိုတဲ့မှားယွင်းတဲ့ယုံကြည်ချက်က မိခင်တွေကို တခြား အရည်တွေ တိုက်ကျွေးဖို့ ဖိအားပေးနေသလိုဖြစ်နေပါတယ်… “နို့ရည်မရှိဘူး” လို အပြောခံရတဲ့အခါ၊ ခံစားလာရတဲ့အခါ မိခင်တွေက သူ့တို့ရဲ့နို့ရည်ထုတ်လုပ်နိုင်စွမ်း အပေါ် ယုံကြည်မှု နည်းသွားစေပါတယ်… မိခင်အသစ်တွေဆိုရင် အားငယ်တာနဲ့စိတ်ဓာတ်ကျတာတွေဖြစ်လာစေပါတယ်… မေမေတွေအနေနဲ့ မိမိရင်သွေးငယ်တွေ ကျန်းမာရေးအတွက်ဆိုရင် အကောင်းဆုံး အမှန်ကန်ဆုံးဆိုတဲ့ ဗဟုသုတတွေ၊သတင်းအချက်အလက်တွေ နားလည်သဘောပေါက်နေဖို့က အရေးကြီးပါတယ်… အမှန်တကယ်တော့ မနေ့ကတင်တဲ့ ပို့စ်မှာ ပြောခဲ့သလိုပဲ…

  • ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရပြည့်ဝစွာစားသုံးနည်း

    Video Credit: Food and Agriculture Organization

  • G6PD ကလေးများအတွက် အကြံပြုချက်

    G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။ G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ် ကလေးမွေးပြီးနောက် လအနည်းငယ်တွင်ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆောင်ရွက်သင့်ပါသည်။ ချို့တဲ့သည်ဟု အဖြေတွေ့ရှိရပါက ဆရာဝန်သည် အဖြေကို ထပ်မံသေချာစေရန် နောက်တစ်ကြိမ် စစ်ဆေးမှု ပြလုပ်ရန် အကြံပြုကောင်း…

  • |

    ဟင်းသီးဟင်းရွက်စားရင် အန္တရာယ်ရှိလား

    ရွှေဖရုံသီး၊ အစိမ်းရင့်ရောင်ဟင်းရွက်တွေ၊အာလူးစတဲ့ အသီးအရွက်တွေကို နို့တိုက်မိခင်တွေက စားမိရင် အဲဒီမေမေတွေကို စိတ်ကယောက်ကရက်ဖြစ်စေမှာလား ဒါမှမဟုတ် တခြားအန္တရာယ်တွေ ဖြစ်စေမှာလား အမှန်ကတော့ အဲဒီအသီးအရွက်တွေကို စားသောက်မိရင် ဘာပြသနာမှ မရှိပါဘူး။ ဟင်းသီးဟင်းရွက်တိုင်း၊ အသီးတိုင်းမှာက ခန္ဓာကိုယ်ရဲ့ တောင့်တင်းသန်မာတဲ့ ခုခံအားစနစ်တည်ဆောက်ဖို့နဲ့ ရောဂါတွေကာကွယ်နိုင်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။အဲဒီအသီးအနှံတွေကို နို့တိုက်မိခင်တွေက မစားသောက်မိခဲ့ရင်သာ မေမေတွေစားတဲ့ အစားအသောက်တွေမှာ အ‌ရေးကြီးတဲ့ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်တွေ ချို့တဲ့မှုတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ စိတ်ဝေဒနာကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြောင်းခံကိစ္စရပ်များတွေကသာ ဖြစ်စေတာပါ။နို့တိုက်မိခင်တွေအနေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပူပင်ကြောင့်ကြမှု မရှိဘဲ စားသောက်နိုင်ပါတယ်။ စားသောက်ကြဖို့လည်း တိုက်တွန်းအပ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့်…

  • ဖြည့်စွက်စာကျွေးခြင်း

    အသက် (၆) လမှာ ကလေးကို ဖြည့်စွက်စာစတင်ကျွေးမွေးတဲ့အချိန်ဟာ မေမေတို့အတွက် (သို့) မိသားစုအတွက် အကြီးမားဆုံး၊အရေးကြီးဆုံး ခြေလှမ်းအစတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှအကြံပြုထားသောအချက်များအရ ကလေးအသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရပါမယ်။ ကလေးအသက် (၆) လမှစတင်ပြီး ကိုယ့်အရပ် ကိုယ့်ဒေသတွင်းရရှိနိုင်တဲ့ အာဟာရ ပြည့်ဝတဲ့အစားအစာတွေ (ကစီဓာတ်ပါဝင်သော အစားအစာများ၊ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး) ကို စတင်ကျွေးနိုင်ပါတယ်။ ကလေးငယ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ရရှိနိုင်တဲ့ အစားအစာတွေကို ဦးစားပေးပြီး ကျွေးသင့်ပါတယ်။ ဒါအပြင် ကလေးအသက် (၂) နှစ်နှင့် (၂) နှစ်ကျော်သည်အထိ မိခင်နို့ဆက်လက် တိုက်ကျွေးသင့်ပါတယ်။ ကလေးကိုဖြည့်စွက်စာစတင်ကျွေးမွေးရာတွင်လိုက်နာရမည့်အချက်များ (၁) ကလေးကိုမိခင်၏ပေါင်ပေါ်တွင် တင်ပြီးကျွေးပါ။ (၂) နောက်ပိုင်းတွင်…

  • COVID-19 နှင့် မိခင်နို့တိုက်ကျွေးခြင်း

    အောက်ပါအမေးအဖြေများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အာဟာရပညာရှင်များမှ ပြုစု ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားနေစဉ်ကာလအတွင်း မိခင်နို့တိုက်ကျွေး ခြင်းဆိုင်ရာ အမေးအဖြေကဏ္ဍကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ (National Nutrition Centre/NNC) မှ ဘာသာပြန်၍ တင်ပြထားခြင်းအား ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါသည်။​ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဟာ မေမေတို့ရဲ့ နို့ရည်ကတစ်ဆင့် သားသားမီးမီးတို့ကို ကူးစက်နိုင်ပါသလား? ဖြေ။ အခုအချိန်ထိတော့ မေမေတို့ရဲ့ နို့ရည်ထဲကတစ်ဆင့် (ဒါမှမဟုတ်မေမေ့နို့တိုက်လို့ သားသားမီးမီးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားများ မတွေ့ရှိသေးပါဘူး။ ဒါကြောင့် … ရင်သွေးငယ်များအတွက် အကောင်းဆုံးအာဟာရလည်းဖြစ် ၊ ရောဂါကာကွယ်တဲ့ဓာတ်တွေလည်းပါဝင်တဲ့ မိခင်နို့ ချိုကို အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ သားသားမီးမီးတို့ကို ဆက်တိုက်ဖြစ်အောင် တိုက်ရမှာဖြစ်ပါတယ်။ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဖြစ်များနေတဲ့ မြို့နယ်၊ ရပ်ကွက်အတွင်းမှာ…

Leave a Reply

Your email address will not be published. Required fields are marked *