မိခင်နို့လုံလုံလောက်လောက်မထွက်ရင် ဘာလုပ်နိုင်သလဲ

မေမေတို့ရေ… မေမေတွေမှာမိခင်နို့လုံလုံလောက်လောက်မထွက်ရင် ဘာလုပ်နိုင်သလဲ ဆိုတာနဲ့ပတ်သက်ပြီး နည်းနည်း ပြောပြပါမယ်။

တကယ်တော့ အမျိုးသမီးတွေက မိခင်နို့တိုက်ကျွေးနိုင်ဖို့ သဘာဝက ပေးထားပြီး ရင်သားတွေက မိခင်နို့ ထွက်ဖို့အတွက် ဖန်ဆင်းထားတယ်လို့တောင် ပြောလို့ရပါတယ်။ အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားပြီးနောက် အချိန်တွေတစ်လျှောက်လုံးမှာ ရင်သားတွေက နို့ချိုတိုက်ကျွေးနိုင်ဖို့ တောက်လျောက် ပြင်ဆင်နေခဲ့တာပါ။

အချို့အမျိုးသမီးတွေက နို့တိုက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားမိပေမယ့်လည်း အမျိုးသမီး ၅ ရာခိုင်နှုန်းခန့်လောက်ကသာ ခန္ဓာဗေဒဆိုင်ရာ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ အကြောင်းရင်းခံတွေ ကြောင့် နို့တိုက်ဖို့ မစွမ်းဆောင်နိုင်တာပါ။

အမျိုးသမီးအများစုအနေနဲ့ မိခင်နို့မတိုက်ကျွေးနိုင်ဘူးဆိုတာက မှန်ကန်တဲ့ဗဟုသုတ၊ လိုအပ်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေမရရှိခဲ့လို့လည်း ဖြစ်ပါတယ်။

ကလေးမွေးနေတဲ့အချိန်၊ မွေးပြီးတဲ့အချိန်တွေမှာ မေမေတွေရဲ့ရင်သားတွေက နို့ဦးရည်ပါနေတဲ့နိုတွေ ရှိနေပါတယ်။ ရင်သွေးလေးမွေးပြီးရင် မေမေတို့ရဲ့ အသား (အရေပြား)နဲ့ ရင်သွေးလေးတို့ရဲ့ အသား (အရေပြား) တို့ကို အသားချင်းထိထားပြီး မေမေတို့ရဲ့ ရင်ဘတ်ပေါ်မှာသားသားမီးမီးလေးတွေကို ၂ နာရီလောက် တင်ပြီးကပ်ထားပေးပါ။ ဒီလိုလုပ်တာက ကလေးကို နို့ဘယ်လိုစို့ရမယ်ဆိုတာသင်ယူဖို့အထောက်အကူပြုပါတယ်။ မေမေတို့ရဲ့ နို့ဦးရည်တွေကို လွှင့်မပစ်ရဘူးနော်။

ရင်သွေးလေးမွေးပြီးတာနဲ့အမြန်ဆုံး ပထမတစ်နာရီအတွင်းမှာ မိခင်နို့တိုက်ရပါမယ်။

ရင်သွေးလေးကို နေ့ရောညပါ မကြာခဏ နို့တိုက်ကျွေးရပါမယ်။

အနည်းဆုံးတစ်နေ့ကို ၈-ကြိမ်ကနေ ၁၂ ကြိမ်၊ဒါမှမဟုတ် ဒါထက်မက နို့တိုက်ရပါမယ်။

မေမေတွေရဲ့ ရင်သားကို လက်နဲ့ နှိပ်နယ်ပေးခြင်းက မေမေတွေနို့ပိုထွက်စေပါတယ်။

မေမေတွေက ကလေးကို မှန်ကန်တဲ့အနေအထားနဲ့ ပွေ့ချီထားဖို့နဲ့ ထိကပ်မှု ကောင်းတဲ့ နို့ငုံမှု ဖြစ်နေဖို့ လိုပါတယ်။ ဒါမှသာ ကလေးတွေက နို့ကို ပိုပြီးတော့ စုပ်ယူနိုင်စေမှာပါ။

မိခင်နဲ့ထိကပ်မှုကောင်းအောင် (နို့ငုံမှုကောင်းအောင်) ဘယ်လိုလုပ်ရမလဲ ဒီအောက်က လင့်က ဗွီဒီယိုလေးမှာ လေ့လာကြည့်နိုင်ပါတယ်။

https://fb.watch/5vMXuqUcDT

အနေအထားမှန်မှန်ကန်ကန်နို့တိုက်နိုင်ဖို့ ဒီလင့်က ဗွီဒီယိုလေးမှာ လေ့လာကြည့်ပါနော်။

https://fb.watch/5vMTyXu9b7

နို့တိုက်ကျွေးနေတဲ့အချိန်တွေမှာ ရင်သားတွေကို တစ်ဖက်ပြီးတစ်ဖက် အလှည့်ကျ၊တလှည့်စီ တိုက်ကျွေးပေးရမယ်။

မေမေတွေက အစာစားတာကို ကန့်သတ်စားတာမျိုး မလုပ်ပါနဲ့။ စားနိုင်သမျှသာစားပါ။ ကယ်လိုရီ၊ ပရိုတိန်း ခေါ်အသားဓါတ်တို့ လုံလုံလောက်လောက်ရခဲ့ရင် နို့ကောင်းကောင်းထွက်ပါလိမ့်မယ်။

ကလေးအိပ်နေတဲ့အခါ မေမေတွေကလည်း လိုက်ပြီးတော့အနားယူပေးရင် နို့ကောင်းကောင်း ထွက်ပါလိမ့်မယ်။

မိခင်နို့ အစားထိုး နို့မှုန့်တွေ၊ရေနဲ့တခြားအစားအစာတွေကို သားသားမီးမီးလေးတွေကို တိုက်ကျွေးမိခဲ့မယ်ဆိုရင် မိခင်နို့စို့တာ နည်းသွားစေပြီး မေမေတို့ရဲ့ မိခင်နို့ထုတ်လုပ်နိုင်တဲ့စွမ်းအားလည်း ကျဆင်းသွားပါလိမ့်မယ်။တချို့‌ ဗီတာမင်နှင့် သတ္တုဓါတ်ပါတဲ့ အားဆေးတွေ၊မှန်ကန်တဲ့ အစားအသောက်တွေက မေမေတွေကို နို့ပိုထွက်ဖို့အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့် အားဆေးသောက်ဖိူ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

မိခင်နို့ ပိုထွက်အောင် ဘယ်လိုလုပ်နိုင်မလဲ နည်းလမ်းလေးတွေကို ဒီလင့်က ဗွီဒီယိုလေးမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။

https://fb.watch/5vMLGVWYsT

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား

    မေမေတို့ရေ ဒီနေ့တော့ စိတ်ဖိစီးနေတဲ့အချိန်မှာ မိခင်နို့ရည်တိုက်ကျွေးဖို့ အဆင်ပြေနိုင်လား ဆိုတဲ့အကြောင်းလေးရှင်းပြပေးပါမယ်။မျှော်လင့်မထားဘဲရုတ်တရက်ပေါ်ပေါက်လာတဲ့ အခြေအနေတွေမှာ ဖြစ်ရပ်တိုင်းက ဖိစီးမှုတွေနဲ့ အပြည့်လို့ ထင်ရပါတယ်။ဟုတ်ပါတယ် …. မေမေတို့စိတ်ဖိစီးနေတဲ့ အချိန်အခါတွေမှာ နို့ချိုတိုက်ကျွေးတာ ကောင်းပါတယ်။အကြောင်းပြချက်တွေကတော့ ၁။မေမေတို့စိတ်ဖိစီးမှုခံရချိန်မှာ ရင်သွေးငယ်လေးတွေလည်းဘဲ အတူတူ စိတ်ဖိစီးမှု ခံစားရပါတယ်။ မေမေတို့ဘယ်နေရာမှာဘဲရှိရှိ၊ မေမေတို့ဘာပဲလုပ်နေပါစေ၊ နို့တိုက်ကျွေးပြီဆိုတာနဲ့ ကလေးက လုံခြုံစိတ်ချတယ်ဆိုတဲ့ ခံစားမှုကိုရရှိစေမှာပါ။ နို့တိုက်တဲ့အခါ ကလေးကို မေမေတို့အနားမှာ နီးနီးကပ်ကပ်ထားဖို့ပါဘဲ။၂။ပြန်လည်နေရာချထားရတဲ့အချိန်၊ ခရီးသွားလာချိန်တွေမှာ မိခင်နို့တိုက်ကျွေးခြင်းက အာဟာရဓာတ်တွေကောင်းစွာရဖို့နဲ့ ကိုယ်ခံစွမ်းအားတွေကိုရဖို့ ထောက်ပံ့ပေးပါတယ်။၃။မေမေတို့နို့တိုက်တဲ့အခါမှာ မေမေတို့ရဲ့ ခန္ဓာကိုယ်ကနေ CCK (cholecystokinin)ခေါ်တဲ့ ဟော်မုန်းတစ်မျိုးအပါအဝင် ဟော်မုန်းအမြောက်အများထုတ်လုပ်ပေးပါတယ်။ အဲဒီ CCKဟော်မုန်းက မေမေတွေကို အိပ်စက်စေဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ ပြုလုပ်ပေးပါတယ်။ နို့တိုက်မိခင်တွေအနားယူဖို့ ပိုမိုလိုအပ်တာကို မေမေတို့ရဲ့ခန္ဓာကိုယ်က သိပါတယ်။၄။နို့တိုက်ခြင်းက စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ ဘာကြောင့်လဲဆိုရင် မိခင်နို့တိုက်တဲ့အချိန်မှာထွက်လာတဲ့…

  • | |

    ပိုပိုနဲ့ချိုချိုတို့ဘာလို့ဘဝတွေကွာခြားသွားခဲ့ကြသလဲ

    အားလုံးပဲမင်္ဂလာပါ… ပိုပိုနဲ့ချိုချို သူငယ်ချင်းနှစ်ယောက်ရဲ့ ဘဝနှစ်ခုက ဘာကြောင့် ဘယ်လိုကွာခြားသွားကြသလဲ လေ့လာကြည့်ကြရအောင်ပါနော်… ပြန်လည်မျှဝေခွင့်ပေးတဲ့ မူရင်းဖန်တီးတဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

  • မွေးကင်းစကလေးတွေ နို့ဆာတဲ့ လက္ခာဏာများ

    မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်… ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခာဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။ အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။ အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။ အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့…

  • |

    မိခင်နို့တိုက်ခြင်းနှင့်သားဆက်ခြားခြင်းအကြောင်း

    အမျိုးသမီးတိုင်းဟာမိခင်နို့တိုက်ကျွေးခြင်းနဲ့သားဆက်ခြားခြင်းနည်းလမ်းများကိုတတ်ကျွမ်းနားလည်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အသုံးအများဆုံးနည်းလမ်းတွေကို စုစည်းပြီး အောက်မှာဖော်ပြပေးလိုက်ပါတယ်။​ အမျိုးသမီးတွေဟာ သားဆက်ခြားနည်းလမ်းများနဲ့ သားဆက်ခြားနည်းလမ်းတစ်ခုစီရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိနားလည်ထားမှုသည်လည်း အရေးကြီးပါတယ်။  ၁။ မိခင်နို့တိုက်ကျွေးခြင်းဖြင့်သားဆက်ခြားနည်း (LAM) အောက်ပါအချက်တွေအားလုံးနဲ့ကိုက်ညီမှသာ ဒီနည်းလမ်းက အလုပ်ဖြစ်ပါမလိမ့်မယ်။  အထက်ပါအချက်များမရှိပါက ကိုယ်ဝန်ရနိုင်ခြေရှိပါသည်။  ဒီနည်းလမ်းနဲ့သားဆက်ခြားရင် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂)​ ရာခိုင်နှုန်းအောက်ရှိပါတယ်။​ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၂။ အမျိုးသားပြီးမြောက်ချိန်တွင် သုတ်ရည်ကို မိန်းမကိုယ်ပြင်ပတွင် စွန့်ထုတ်ခြင်း (Withdrawal Method) ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၂) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၃။ အတားအဆီးနည်းလမ်းများ (Barrier Methods) (က) အမျိုးသမီးသုံးကွန်ဒုံး  ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ခ) သုတ်ကောင်သေစေသောဆေး ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၂၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ဂ) ကွန်ဒုံး ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေ (၁၃.၁) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ (ဃ) သားအိမ်ခေါင်းအစွပ် (Sponge) ဒီနည်းလမ်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ချေက ကလေးမမွေးဖူးသောအမျိုးသမီးများတွင် (၁၄) ရာခိုင်နှုန်း ကလေးမွေးဖူးသောအမျိုးသမီးများတွင် (၂၇) ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပါ။ ၄။ သန္ဓေတားဆေး (ဆေးလုံး)…

  • စိတ်ဖိစီးမှုများရင်နို့ထွက်နည်းနိုင်သလား

    စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက မေမေတို့ရဲ့ နို့ရည်တွေကို ခန်းခြောက်သွားစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် နို့ထွက်နှုန်းကိုတော့ နှောင့်နှေးစေပြီးတော့ ရင်သွေးလေးတွေ နို့စို့ရတာကျေနပ်မှုမရနိုင်လို့ စောဒကတက်နိုင်ကြပါတယ်။ Oxytocin ဟော်မုန်းက မေမေတို့ရဲ့ နို့ရည်ဆဲလ်တွေနို့ကိုညှစ်ထုတ်စေဖို့ ကူညီပေးပါတယ်။ ရင်သွေးငယ်လေး နို့စို့ချိန်မှာဆိုရင် Oxytocinပမာဏကသွေးထဲမှာ တိုးပွားလာတာတွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုရှိတဲ့ အခြေအနေ (နာတာကျင်တာ၊စိတ်ပူတာ၊ စိုးရိမ်ပူပန်ရတာ၊ ပင်ပန်းတာ စတဲ့ အခြေအနေ) တွေမှာ oxytocin ပမာဏက တက်မလာတတ်ပါဘူး။မေမေတွေက ဘာကို သတိပြုမိလည်းဆိုရင်မေမေတို့နို့ကထွက်နေပေမယ့်လည်း ပမာဏကတော့နည်းနေတယ်ဆိုတာပါဘဲ။ ဒါပေမယ့် ဒီအတွက် အရမ်းမစိုးရိမ်သွားပါနဲ့။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ၁။စိတ်ဖိစီးမှုက မေမေတို့ နို့ထွက်နည်းစေတယ်ဆိုတာကို အသိအမှတ်ပြုထားရပါမယ်။ ၂။ရင်သားကိုနှိပ်နယ်ပေးရပါမယ်။ လက်နဲ့ညှစ်ထုတ်ပေးရပါမယ်။ ၃။မကြာခဏနို့တိုက်နိုင်ဖို့ စီစဉ်ရပါမယ်။ ၄။တကယ်လို့ အိပ်ရေးမဝရင် ကလေးအိပ်နေတဲ့အချိန်လေးတွေမှာ မှေးစက်ပါ။ ၅။မေမေတို့အစားအသောက်ပမာဏကိုဆန်းစစ်ရပါမယ်။မေမေတို့လုံလုံလောက်လောက် စားရဲ့လား၊ အရည်အမိုးကော လုံလုံလောက်လောက်သောက်ရဲ့လား။ ၆။ကဖိန်းဓာတ်စားသုံးမှုကို ကန့်သတ်ရပါမယ်။ ကဖိန်းဓါတ်ပါတာတွေများများစားမိရင်…

Leave a Reply

Your email address will not be published. Required fields are marked *