ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရမျှတ၍ ကျန်းမာစေရန် စားသောက်နည်းလမ်းညွှန်

မေမေတို့ရေ ဒီနေ့တော့ ကိုယ်ဝန်ဆောင်မိခင်များ၊​ နို့တိုက်မိခင်များအတွက် အာဟာရပြည့်ဝအောင် ဘယ်လိုစားသောက်ရမယ်ဆိုတာကို သေချာ ရှင်းပြပေးထားတဲ့ လမ်းညွှန်စာအုပ်လေးကို မျှဝေပေးပါရစေ… ဒီ အစာအုပ်လေးကို Ebook အနေနဲ့ Food and Agriculture Organization ရဲ့ မူရင်း Website မှာလည်း Download ရယူနိုင်ပါတယ်…. ဒီပိုစ်လေးကို လွတ်လပ်စွာ Share လုပ်နိုင်ပါတယ်…

Similar Posts

  • |

    ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နွားနို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့ရပါသလား

    ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နွားနို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့/စားလို့ရပါသလား နို့ထွက်ပစ္စည်းတွေက ကယ်လ်စီယမ်လို့ခေါ်တဲ့ ထုံးဓါတ်၊ ဗီတာမင်ဒီနဲ့ အသားဓါတ် (ပရိုတင်းဓာတ်) တွေပေါများတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီးကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် တစ်နေ့ကို နွားနို့ သုံးခွက်လောက် သောက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နို့တစ်ခွက်မှာ အသားဓါတ် (ပရိုတင်း) ၇ ဂရမ်၊ လိုအပ်တဲ့ထုံးဓါတ်၃၀% နဲ့ လိုအပ်တဲ့ဗီတာမင် ၂၅% ကိုရရှိစေပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေက နွားနို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို နေ့စဉ် သောက်သုံးသင့်/စားသုံးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့…

  • |

    သက်သတ်လွတ်စားတဲ့မေမေတို့ အာဟာရပြည့်ဝအောင်ဘယ်လိုစားမလဲ

    သက်သတ်လွတ်စားတဲ့မေမေတို့ အာဟာရပြည့်ဝအောင်ဘယ်လိုစားမလဲ………………………………………………………………………………..မေမေတို့က တိရိစ္ဆာန်ကရတဲ့ ပရိုတိန်းအစားအစာတွေကို မစားဖြစ်လို့ရှိရင် ကယ်လိုရီ၊ ပရိုတိန်း နဲ့ အာဟာရဓါတ်တွေလုံလုံလောက်လောက်ရဖို့အတွက် အစားအသောက်တွေကို ဂရုတစိုက်ရွေးစားဖို့လိုပါမယ်။ အထူးသဖြင့် ပရိုတင်းဓာတ်၊ဗီတာမင် B12၊ ဗီတာမင် D၊ သံဓါတ်၊ဇင့်ဓါတ်နဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေ ပေါများတဲ့ အစားအစာတွေကို ရွေးချယ်ရမှာပါ။ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ကြက်ဥတွေ၊ အခွံမာသီးတွေ၊ အစေ့အဆံတွေ၊ ပဲ၊ ပဲနီလေးတွေ၊ တို့ဟူးလို ပဲပိစပ်ကနေလုပ်ထားတဲ့ ပစ္စည်းတွေက အသားဓာတ်ပါဝင်တဲ့အတွက် စားသုံးသင့်ပါတယ်။ အစားအစာတွေစားတဲ့အခါမှာ လတ်ဆတ်တဲ့သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေလို ဗီတာမင်စီများများပါအောင် စားသုံးလို့ရှိရင် သံဓာတ်နဲ့သွပ်ဓာတ် စုပ်ယူမှုကို တိုးစေပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member…

  • | | |

    ဒို့မိသားစုလေးမှာ အွန်လိုင်းသင်တန်းတွေတက်နည်း

    ဒို့မိသားစုလေးရေ Website ပေါ်ကနေ အွန်လိုင်းသင်တန်းတွေကို စတင်ပို့ချပေးနေပါပြီ။​ သင်တန်းတွေက self-paced လို့ခေါ်တဲ့ ကိုယ်အားတဲ့အချိန်မှာ အဆင်ပြေသလို သင်ယူလို့ရတဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို ဒီမှာလေ့လာကြည့်လို့ရပါတယ်။ ဒီဗွီဒီယိုလေးကတော့ သင်တန်းတွေတက်ချင်ရင် ဘယ်လိုတက်ရမှာလဲဆိုတာကို ရှင်းပြပေးထားတဲ့ ဗွီဒီယိုလေးပဲဖြစ်ပါတယ်။

  • |

    နို့တိုက်မိခင် ကော်ဖီသောက်လို့ရလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို သကြားလို ချိုတဲ့ အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group…

  • |

    ကလေးရောမိခင်ပါ ကျန်းမာပြီး နို့ထွက်ကောင်းအောင် ဘယ်လိုစားသင့်သလဲ

    ဒီမေးခွန်းကို မေ‌မေတော်တော်များများ မေးလေ့ရှိပါတယ်။ .မေမေတို့နေ့စဉ်စားတဲ့အစာတွေ ထဲမှာ အစာအုပ်စု (၃) မျိုးက အစားအစာတွေပါစေရပါမယ်။ · တစ်ပတ်မှာငါးဟင်းကို (၂) ကြိမ်ကနေ(၃) ကြိမ်ထိ စားရပါမယ်။ · လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်တဲ့ အသားဓါတ်အရင်းအမြစ်တွေဖြစ်တဲ့ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး/ အစေ့အဆံတွေနဲ့တို့ဟူး စတာတွေ စားပေးရပါမယ်။ · မေမေတို့ရဲ့ခန္ဓာကိုယ်က မိခင်နို့ထုတ်ပေးနိုင်ဖို့အတွက် အပိုဆောင်း ကယ်လိုရီ (၅၀၀) ခန့် လိုအပ်ပါတယ်။ မေမေတို့က လှုပ်လှုပ်ရှားရှားနေတတ်တဲ့ မေမေတွေဆိုရင်တစ်နေ့မှာ ကယ်လိုရီ အနည်းဆုံး (၁၈၀၀) ဒါမှမဟုတ် ၁၈၀၀ နှင့်အထက် စားနိုင်ပါတယ်။ · သကြား၊ အဆီနှင့် ဆား(အငန်)တွေ၊ချိုတဲ့ အချိုရည်တွေ၊ဆော်ဒါတွေ၊ ကွတ်ကီးတွေ၊ ကိတ်မုန့်တွေ၊ အချိုပွဲ စတာတွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့အစာအစာတွေ စားသောက်တာကို လျော့ချရပါမယ်။ ·…

  • | |

    မေမေတို့ မိခင်နို့တိုက်နေစဉ်အခါမှာ အရက်သေစာသောက်လို့ရနိုင်ပါသလား

    ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီ မဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြော့ မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။   အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ…

Leave a Reply

Your email address will not be published. Required fields are marked *