သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေများတွင် နို့တိုက်ကျွေးခြင်း

အခုကြုံနေရတဲ့ ရေဘေးလို သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေများတွင် နို့တိုက်ကျွေးခြင်းအကြောင်းမျှဝေပေးလိုက်ပါတယ်… အကူညီလိုအပ်တဲ့ မေမေတွေ ဒို့မိသားစုလေး နဲ့ မေမေ့ချိုချိုတို့မှာ အကူအညီတောင်းခံနိုင်ပါတယ်…

ဒို့မိသားစုလေး – https://www.facebook.com/dohmeetharsulay

မေမေ့ချိုချို – https://www.facebook.com/groups/mother.milk.mm

ဒီအချက်အလက်တွေက WHO နဲ့ UNICEF တို့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး မျှဝေပေးခြင်းဖြစ်ပါတယ်။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။

အားလုံး ဘေးကင်းကျန်းမာကြပါစေ။

သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေများတွင် နို့တိုက်ကျွေးခြင်း

ဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေတစ်ခုတွင် နို့တိုက်ကျွေးခြင်းသည် မိခင်နှင့် ကလေးနှစ်ဦးအတွက် စိတ်သက်သာစေသော အထောက်အကူပြုချက်ဖြစ်နိုင်ပါသည်။ သင်၏ကလေးငိုနေချိန်တွင် သင်သူ့ကို နို့တိုက်လိုက်တာနဲ့ နှစ်ဦးစလုံး စိတ်အေးချမ်းသွားသည်ကို ခံစားရမှာပါ။ ကလေး၏ အစာအာဟာရလိုအပ်ချက်များ ဖြည့်ဆည်းပေးသည့်အပြင် သင့်နှင့် ကလေးအကြား ပိုမိုချစ်ခင်သွားစေနိုင်သည်။

ဘေးအန္တရာယ်အတွင်း သင့်နှင့် သင့်ကလေးအတွက် မိခင်နို့တိုက်ခြင်း

သဘာဝဘေးအန္တရာယ်များဖြစ်တဲ့ လေဆင်နှာမောင်း၊ မြေငလျင်၊ ရေကြီးခြင်းတို့ကြောင့် လူနေမှုဘဝ အဆင်မပြေဖြစ်တတ်ပါသည်။ အရေးပေါ်ကာလတွင် စားနပ်ရိက္ခာများမလုံလောက်ခြင်း၊ သန့်ရှင်းသောရေမရရှိခြင်းတို့ကြောင့် ကလေးများအတွက် ရောဂါဖြစ်နိုင်ခြေများတတ်သည်။

ဒါပေမယ့် သင့်ကလေးကို နို့တိုက်နေရင်းဖြင့် အာဟာရနှင့် ရောဂါကာကွယ်နိုင်စွမ်းများ ပေးစွမ်းနိုင်ပါတယ်။

ဘေးအန္တရာယ်အတွင်း နို့တိုက်ခြင်း၏ အရေးပါမှု

အရေးပေါ်အခြေအနေတွင် မိခင်နို့တိုက်ခြင်းသည် ကလေးများကို ကာကွယ်ရာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ နို့တိုက်နေသော မိခင်များအနေဖြင့် ရေသန့်၊ အစားအသောက် မရှိသော်လည်း သင့်နို့အနေဖြင့် ကလေးအတွက် လိုအပ်သော အာဟာရကို ဆက်လက်ပံ့ပိုးပေးနိုင်ပါသည်။ နို့တိုက်ခြင်းသည် နို့မှုန့်သောက်ကျွေးခြင်းထက် မည်သည့်အခြေအနေတွင်မဆို ပိုမိုလုံခြုံ စိတ်ချရသည်။

နို့မှုန့်တိုက်ကျွေးခြင်း

ကလေး နို့မှုန့်ပစ္စည်းများကို မြန်မာနိုင်ငံတွင် အဆင်သင့်ရရှိနိုင်သည့်တိုင် မိခင်များနှင့် စောင့်ရှောက်သူများသည် မိခင်နို့အစားထိုးပစ္စည်းများအသုံးပြုခြင်း၏ အန္တရာယ်များကို သိရှိထားရန် လိုအပ်ပါသည်။ အရေးပေါ်အခြေအနေများအတွင်းတွင် အသက်ငါးနှစ်အောက် ကလေးများ၏ ရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းများမှာ အခြားအသက်အရွယ်အုပ်စုများထက် ပိုမြင့်လေ့ရှိပါသည်။ အသက်အရွယ်ပိုငယ်လေ အန္တရာယ်ပိုများလေဖြစ်သည်။ ကလေးနို့မှုန့်နှင့် အခြား မိခင်နို့အစားထိုးပစ္စည်းများ အသုံးပြုခြင်းသည် အာဟာရချို့တဲ့မှု၊ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု အန္တရာယ်ကို တိုးစေနိုင်ပါသည်။ မိခင်နို့တိုက်ကျွေးခြင်းသည် အထူးသဖြင့် သန့်ရှင်းစိတ်ချရသော ရေ၊ သန့်ရှင်းရေးဝန်ဆောင်မှုများ၊ လျှပ်စစ်နှင့် လောင်စာဆီ စသည်တို့ကို လက်လှမ်းမီရရှိနိုင်ခြေ နည်းပါးသော အနေအထားမျိုးတွင် ဘေးကင်းစိတ်ချရဆုံးနှင့် စရိတ်စကအသက်သာဆုံး ရွေးချယ်စရာဖြစ်သည်။ ထို့ကြောင့် မိမိတို့အနေဖြင့် ကလေးများအား ကျန်းမာရေးပညာရှင် တစ်ဦးမှ ချွင်းချက်အခြေအနေအရ ညွှန်ကြားခြင်းမှလွဲ၍ နို့မှုန့်များ မတိုက်ကျွေးကြရန် မိခင်များနှင့် စောင့်ရှောက်သူများကို တိုက်တွန်းလိုပါသည်။

မိခင်နို့မစို့ရခြင်းနှင့် ကလေးများတွက် အန္တရာယ်

ဘဝ၏ ပထမဆုံး ခြောက်လအတွင်း မိခင်နို့မသောက်သုံးရသည့် ကလေးငယ်တစ်ဦးသည် မိခင်နို့တစ်မျိုးတည်း သောက်သုံးရသည့် ကလေးတစ်ဦးထက် သေဆုံးနိုင်ခြေ ၁၄ ဆပိုများပါသည်။ ၎င်းတို့သည် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အာဟာရချို့တဲ့မှု နှင့် အခြားသော ကလေးရောဂါများ ဖြစ်နိုင်ခြေလည်း ပိုများပါသည်။

မိခင်နို့သည်သာ စိတ်အချရဆုံး

မိခင်နို့သည် ဘေးကင်းစိတ်ချရပြီး သန့်ရှင်းမှုရှိသည်။ အဖြစ်များသော ကလေးရောဂါအများစုကို ကာကွယ်ပေးနိုင်သည့် ခုခံအားကိုပေးသော အာဟာရဓာတ်များ အားလုံးပါဝင်ပါသည်။ WHO နှင့် UNICEF တို့၏ အကြံပြုချက်များနှင့်အညီ မိခင်များအနေဖြင့် ကလေးမွေးပြီးပြီးချင်း တစ်နာရီအတွင်း မိခင်နို့တစ်မျိုးတည်းကို တိုက်ကျွေးရန်နှင့် မွေးပြီးခြောက်လအထိ ရေ သို့မဟုတ် အခြားမည်သည့်အစားအစာမှ ဖြည့်စွက်ကျွေးမွေးခြင်းမရှိဘဲ မိခင်နို့တစ်မျိုးတည်းကိုသာ ဆက်လက်တိုက်ကျွေးရန် တိုက်တွန်းပါသည်။ အာဟာရဓာတ်ကြွယ်ဝသော ဖြည့်စွက်အစားအစာများကို မွေးဖွားပြီး ၆ လနောက်ပိုင်းမှသာ စတင်ကျွေးမွေးသင့်ပြီး မိခင်နို့တိုက်ကျွေးခြင်းကို ၂၃ လ နှင့် နောက်ပိုင်းအထိ ဆက်လက်တိုက်ကျွေး သင့်ပါသည်။

မိခင်နို့သည် ကလေးနှင့်မိခင်အတွက် အကောင်းဆုံးတွေ ပေးစွမ်းနိုင်ပါတယ်

ကိုဗစ်-၁၉ ကူးစက်ခံရခြင်းအပါအဝင် မိခင် သို့မဟုတ် ကလေး နေမကောင်းဖြစ်လျှင်ပင် မိခင်နို့တိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ ကလေးနေမကောင်းပါက မိခင်နို့ ပိုမိုတိုက်ကျွေးခြင်းသည် ရောဂါကို ခုခံတိုက်ခိုက်နိုင်ရန်အပြင် ကိုယ်အလေးချိန်တိုးပြီး ပို၍မြန်မြန် သက်သာပျောက်ကင်းစေရန်လည်း အထောက်အကူပြုပါသည်။ မိခင်နေမကောင်းဖြစ်ပါက ကိုဗစ်-၁၉ ကြောင့် နေမကောင်းလျှင်ပင် လိုအပ်သော ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်လျှက် မိခင်နို့တိုက်ကျွေးခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါသည်။

မိခင်နို့တိုက်ကျွေးခြင်းသည် ကျန်းမာရေးရလဒ်ကောင်းများရရှိစေသည့်အပြင် မိခင်နှင့်ကလေးကြား သံယောဇဉ်ကို တိုးစေပြီး ကလေး၏ အသိဉာဏ်ဖွံ့ဖြိုးရေးကိုလည်း တိုးတက်စေနိုင်ပါသည်။ ဘဝ၏ နောက်ပိုင်းအချိန်များတွင် မိခင်နို့သောက်သုံးရသော ကလေးတစ်ဦးသည် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနှင့် သွားပိုးစားခြင်းများ ဖြစ်ပွားနိုင်သည့်အန္တရာယ် ပို၍ နည်းပါးပါသည်။

ထို့ကြောင့် မိခင်များ၊ ကလေးစောင့်ရှောက်သူများနှင့် လူမှုအသိုက်အဝန်းများအားလုံးကို အထူးသဖြင့် အရေးပေါ်အခြေအနေများအတွင်း မွေးစမှကလေး အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါရန်နှင့် ၆ လနောက်ပိုင်းမှသာ ဆက်လက်၍ မိခင်နို့တိုက်ကျွေးခြင်းနှင့်အတူ သင့်လျော်သော ဖြည့်စွက်စာများ ကျွေးမွေးကြပါရန် တိုက်တွန်းလိုပါသည်။

ကူညီရန်အတွက် ဆောင်ရန်

သင်သည် အရေးပေါ်အခြေအနေထဲတွင်ရောက်ရှိနေသော်လည်း မိသားစု၏ ဘေးကင်းရေးအတွက် သင့်နို့တိုက်မှုကို ဆက်လက်ထိန်းသိမ်းရပါမည်။ အကူအညီတောင်းရတာကို လုံးဝမကြောက်ပါနဲ့။ အချင်းချင်းကူညီမှုသည် စိတ်အားပေးမှုကို ပိုမိုဖြစ်စေပါသည်။ မိခင်နို့တိုက်ကျွေးခြင်းနှင် ပါတ်သက်၍ အခက်အခဲ တစုံတရာကြုံရပါက ဒို့မိသားစုလေးဆက်သွယ်၍လည်းကောင်း၊ မေမေ့ချိုချို Group တွင်လည်းကောင်း အကူအညီတောင်းခံနိုင်ပါသည်။

Similar Posts

  • |

    မိခင်နို့တိုက်ကျွေးတာကို အကာအကွယ်ပေးထားတဲ့ ဥပဒေ

    အားလုံးပဲ မင်္ဂလာပါ… အရင်ရက်တွေက နို့မှုန့်၊ နို့ဘူးတိုက်ကျွေးခြင်းရဲ့ အန္တရာယ်တွေကို မျှဝေခဲ့လို့ တစ်ချို့မေမေတွေက ဒီ Page ရဲ့ Admin တွေက နို့မှုန့်ကုမ္ပဏီတွေနဲ့ ရန်ဖြစ်ထားလို့လားဆိုပြီး မှတ်ချက်လေးတွေ ပေးခဲ့ကြတာရှိပါတယ်… Page ရဲ့ Admin တွေက ဘယ်နို့မှုန့်ကုမ္ပဏီတွေနဲ့မှ ရန်ဖြစ်မထားသလို ဘယ်နို့မှုန့်ကုမ္ပဏီရဲ့ sponsor ကိုမှာ ယူလေ့မရှိပါဘူး… ဒါဟာ အာဟာရပညာရှင်တွေ၊ ကျန်းမာရေးပညာရှင်တွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို လိုက်နာနေတာဖြစ်သလို၊ မိခင်နို့တိုက်ကျွေးရေးကို ကာကွယ်နေတာပဲဖြစ်တယ်… ဒါဟာ Healthy and Happy Families အဖွဲ့ရဲ့ မူဝါဒ policy လည်းဖြစ်ပါတယ်… မိခင်နို့တိုက်ကျွေးခြင်းကို ကာကွယ်ရာမှာ the International Code of Marketing of Breastmilk Substitutes လို့‌ခေါ်တဲ့ နိုင်ငံတကာ မိခင်နို့အစားထိုးပစ္စည်းများ စျေးကွက်တင်ခြင်းဆိုင်ရာ စျေးကွက်တင်ခြင်းဆိုက်ရာကိုဗဥပဒေ ဟာ သိပ်ကိုအရေးပါပါတယ်… ၁။ နို့မှုန့်ရောင်းချတဲ့နို့မှုန့်ကုမ္ပဏီတွေဟာ ဦးတည်ချက်လွဲမှားစေနိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ မိဘတွေကို စိတ်ရှုပ်ထွေးစေပြီး မိခင်နို့တိုက်ကျွေးခြင်းကို မကြာခဏဆိုသလို အားနည်းစေပါတယ်။…

  • ကလေးက မိခင်နို့ကို လုံလောက်စွာ ရနေပြီဖြစ်ကြောင်း မိခင်က ဘယ်လိုသိနိုင်မလဲ​

    အောက်ဖော်ပြပါ အချက်များသည် သင့်ကလေးသည် မိခင်နို့ချိုကို လုံလောက်စွာ ရပြီး ဖြစ်ကြောင်း သိနိုင်သော အချက်များဖြစ်သည်။

  • G6PD ကလေးများအတွက် အကြံပြုချက်

    G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။ G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ် ကလေးမွေးပြီးနောက် လအနည်းငယ်တွင်ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆောင်ရွက်သင့်ပါသည်။ ချို့တဲ့သည်ဟု အဖြေတွေ့ရှိရပါက ဆရာဝန်သည် အဖြေကို ထပ်မံသေချာစေရန် နောက်တစ်ကြိမ် စစ်ဆေးမှု ပြလုပ်ရန် အကြံပြုကောင်း…

  • မွေးကင်းစကလေးတွေ နို့ဆာတဲ့ လက္ခဏာများ

    မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်… ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။ အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။ အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။ အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။…

  • |

    နို့တိုက်မိခင် အရက်သောက်လို့ရလား

    ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီမဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြောလို မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။   အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ နို့ရည်ရတာ နည်းလာတာမျိုးတွေ…

  • |

    နို့ထွက်ကောင်းအောင် ဘာတွေ စားရမလဲ​

    ဒီမေးခွန်းကို မေ‌မေတော်တော်များများ မေးလေ့ရှိပါတယ်။ မေမေတို့နေ့စဉ်စားတဲ့အစာတွေ ထဲမှာ အစာအုပ်စု (၃) မျိုးက အစားအစာတွေပါစေရပါမယ်။ မိခင်နို့တိုက်တဲ့မေမေတွေက မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Leave a Reply

Your email address will not be published. Required fields are marked *