ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ

🤰 ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလေးချိန်တက်တာ (Pregnancy Weight Gain) က မိခင်နဲ့ သားအတွက် ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
တက်သင့်တဲ့အလေးချိန်က မိခင်ရဲ့ ကိုယ်ဝန်မဆောင်မီ အလေးချိန်/ BMI အပေါ် မူတည်ပါတယ်။ မိမိရဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်အလေးချိန် ဘယ်လောက်အထိ တက်သင့်သလဲဆိုတာကို တွက်ချက်နိုင်ဖို့အတွက်ဆိုရင် ကိုယ်ဝန်မရှိမီကာလက ကိုယ်အလေးချိန်နဲ့ မိမိရဲ့ အရပ်ကို အသုံးပြုပြီး BMI ကိုတွက်ချက်ရပါမယ်။​  BMI (Body Mass Index – ခန္ဓာကိုယ်အရွယ်အစားအညွှန်းကိန်း) ဆိုတာက လူကြီးတွေအတွက် ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တွက်ချက်ပြီး ကျန်းမာရေးအခြေအနေကို ခန့်မှန်းဖော်ထုတ်တဲ့ နည်းလမ်းတစ်ခုပါ။

🔢 ဘယ်လိုတွက်လဲ။
BMI = အလေးချိန် (ကီလိုဂရမ်) ➗ (အရပ်အမြင့် မီတာဖြင့်)²
ဥပမာ – 70 kg ကို 1.65 m အမြင့်နဲ့ တွက်မယ်ဆိုရင်၊
BMI = 70 ÷ (1.65 × 1.65) = 25.7

လက်နဲ့ချမတွက်ချင်ရင် ဒီလင့်လေးမှာလည်း တွက်ကြည့်လိုက်ရပါတယ်။​

📊 ရလဒ်ကို ဘယ်လိုဖတ်မလဲ။

  • 🟢 18.5 – 24.9 → ပုံမှန်ကိုယ်အလေးချိန်ရှိသည်။​
  • 🔵 18.5 ထက်နိမ့် → ပုံမှန်ထက် ကိုယ်အလေးချိန်နည်း၊ ပိန်နေသည်။​
  • 🟠 25 – 29.9 → ပုံမှန်ထက် ကိုယ်အလေးချိန်များ၊ ရှိသင့်သည်ထက် ပိုဝနေသည်။
  • 🔴 30 နှင့်အထက် → အဝလွန်ရောဂါအဆင့်အဖြစ် သတ်မှတ်နိုင်သည်။​

အပေါ်ကနည်းလမ်းအတိုင်းတွက်ချက်ပြီး ရလာတဲ့ ရလဒ်က ကိုယ့်ရဲ့ ကိုယ်ဝန်မဆောင်မီ​ BMI (Pregnaqncy BMI) ပါ။ အဲ့ဒီရလဒ်ကို အောက်က ဇယားနဲ့တိုက်ဆိုင်ကြည့်ပြီး ကိုယ့်အနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း စုစုပေါင်း ကိုယ်အလေးချန် ဘယ်လောက်အထိ တက်သင့်တယ်ဆိုတာကို ခန့်မှန်းနားလည်လို့ရပါတယ်။​ အကယ်၍​ ကိုယ်က ကိုယ်အလေးချိန် တက်သင့်သလောက် တက်မလာဘူး၊​ ဒါမှမဟုတ် တက်သင့်တာထက်များပြီး ဝလာတယ်လို့ ထင်ရရင် ဒို့မိသားစုလေးမှာ တိုင်ပင်လို့ရပါတယ်။

ကိုယ်ဝန်မဆောင်မီ BMI အခြေအနေတွေအရ ကိုယ်ဝန်ဆောင်ကာလအတွင်း တက်သင့်တဲ့ကိုယ်အလေးချိန် (IOM Guideline)

ကိုယ်ဝန်မဆောင်မီ BMIအမျိုးအစားတက်သင့်တဲ့အလေးချိန်
<18.5ပုံမှန်ထက် ကိုယ်အလေးချိန်နည်း၊ ပိန်နေသည်။​၁၂.၅ – ၁၈ ကီလိုဂရမ် (kg)
18.5 – 24.9ပုံမှန်ကိုယ်အလေးချိန်၁၁.၅ – ၁၆ ကီလိုဂရမ် (kg)
25 – 29.9ပုံမှန်ထက် ကိုယ်အလေးချိန်များ၊ ရှိသင့်သည်ထက် ပိုဝနေသည်။၇ – ၁၁.၅ ကီလိုဂရမ် (kg)
≥30အဝလွန်ရောဂါအဆင့်အဖြစ် သတ်မှတ်နိုင်သည်။​ ၅ – ၉ ကီလိုဂရမ် (kg)

ဘာကြောင့်အရေးကြီးလဲ။

  • မိခင်အလွန်ဝသွားလျှင် ဆီးချိုဖြစ်လာနိုင်ခြင်း၊​ သွေးပေါင်ချိန်မြင့်တက်လာခြင်း (နောက်ပိုင်းမှာ ကိုယ်ဝန်အဆိပ်တက်တာမျိုး) စသည်ဖြင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်နိုင်ပါတယ်။
  • အလေးချိန်နည်းလွန်းလျှင် ကလေးရဲ့မွေးစအလေးချိန်နည်းနိုင်ပါတယ်။

🎯 အကြံပြုချက်များ

  • အစားအသောက်မှာ အာဟာရပြည့်ဝအောင် စားသုံးပါ။
  • အရက်၊​ မူးယစ်ဆေး၊ ဆေးလိပ်၊​ ကွမ်းယာ၊​ ငန်လွန်းသောအစာများ၊​ အဆီများသောအစာများ၊​ အသင့်စားအစားအစာများမှ​အပ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊​ သစ်သီးဝလံ၊ ပဲအမျိုးမျိုး စတဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ရှောင်ခြင်းမပြုပါနှင့်။
  • အထိုင်အနေအများကြီးမလုပ်ဘဲ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပါ။
  • ဆရာဝန်/အာဟာရပညာရှင်နဲ့ အမြဲတိုင်ပင်ထားပါ။

ဒီလိုဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို အမြဲမျှဝေပေးနေတာမို့ ဒို့မိသားစု Page ကို Like and Follow လုပ်ထားပေးပါ။​ ဒီ Post လေးကိုလည်း အများဗဟုသုတရအောင် Share လပ်ပေးပါဦးရှင့်။

ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊​ ကလေးအာဟာရ၊​ မိသားစုအာဟာရ အတွက် ဗဟုသုတအချက်လေးတွေကို Page မှာ တင်ထားပေးတာမို့ ရှာဖွေဖတ်ရှုကြပါဦးရှင့်။​

#ကိုယ်ဝန်ကျန်းမာရေး #အလေးချိန်တက်မှု #မိခင်အတွက်အချက်အလက် #PregnancyWeightGain

About the Author

Leave a Reply

You may also like these