မြန်မာနိုင်ငံရဲ့ ပထမဆုံး အာဟာရဆိုင်ရာ AI Chatbot! 🇲🇲✨

“Dohmeetharsulay” Page ကနေ မေမေဖေဖေတို့အတွက် နောက်ထပ်စိတ်လှုပ်ရှားစရာ ဝန်ဆောင်မှုအသစ်တစ်ခုကို ဝမ်းမြောက်စွာ မိတ်ဆက်ပေးလိုက်ပါပြီ။

ဒါကတော့ ၂၄ နာရီပတ်လုံး မေးခွန်းတွေမေးနိုင်တဲ့ ကျွန်တော်တို့ရဲ့ AI အာဟာရလက်ထောက် Chatbot အသစ်လေးပါပဲ။ မင်မင်တို့အိပ်နေပေမယ့် Chatbot လေးကတော့ မအိပ်ပဲနေတာမို့လို့ တရေးနိုးသိချင်တာလည်း ထမေးလို့ရမှာဖြစ်ပါတယ်။​ မင်မင်တို့နဲ့ စကားပြောချင်တယ်ဆိုရင်တော့ Facebook Messenger မှာလာပြောပါနော်။

လက်ရှိမှာ စမ်းသပ်ဆဲကာလ (Testing Period) ဖြစ်တဲ့အတွက် အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ အကြံပြုချက်များနဲ့ သုံးစွဲမှုအတွေ့အကြုံများကိုလည်း ပြန်လည်မျှဝေဖို့ ဖိတ်ခေါ်ပါတယ်။ 🙌

ဒီ Chatbot က ဘာတွေဖြေပေးနိုင်မလဲ?

✅ ကလေးငယ်တွေရဲ့ အာဟာရအကြောင်း

✅ မိသားစုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများအကြောင်း

✅ အထွေထွေကျန်းမာရေး ဗဟုသုတများ

ကျွန်တော်တို့ရဲ့ အာဟာရလက်ထောက် Chatbot နဲ့ တိုက်ရိုက်စကားပြောဖို့ အောက်က link ကိုနှိပ်လိုက်ပါ။

👇

Chatbot နဲ့ စကားပြောပြီးသွားရင် ကိုယ့်ရဲ့အတွေ့အကြုံကို ဒီ post အောက်က comment မှာ ဝင်ရောက်မျှဝေပေးခဲ့ပါဦးနော်။ အားလုံးရဲ့ အကြံပြုချက်တွေက ဒို့မိသားစုလေး အတွက် အရမ်းတန်ဖိုးရှိပါတယ်။


#Dohmeetharsulay

#MyanmarAI

#မြန်မာကျန်းမာရေး

#ကလေးအာဟာရ

#မိသားစုကျန်းမာရေး

#AIchatbotMyanmar

#Testing

Similar Posts

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော Healthy and Happy Families Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။ နွားနို့ကိုတော့ ကလေးအသက်…

  • ကလေးကို အစာဝါးကျွေးသင့်သလား

    အစာကောင်းကောင်း မဝါးနိုင်သေးတဲ့ကလေးတွေကို လူကြီးတွေက ကိုယ်တိုင်ဝါးပြီး ကျွေးပေးတတ်ပါတယ်။ များသောအားဖြင့် မိခင်/ အနီးကပ်ဆွေမျိုးသားချင်းတွေ/ ကလေးထိန်းတွေက ကလေးကို ဖြည့်စွက်စာစကျွေးတဲ့အချိန်မှာ ဒါမျိုးလုပ်ပေးလေ့ရှိပါတယ်။ ပါးစပ်ထဲမှာဝါးလိုက်တဲ့ အစာဟာ တံတွေးကြောင့် အစာလုံးဖြစ်သွားပြီး အဲဒါကို ဇွန်းထဲထည့်ကျွေးခြင်း၊ လက်နဲ့ခွံ့ကျွေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ (Blender) ဘလန်ဒါလို့ခေါ်တဲ့ အစာကြိတ်စက် အသုံးမပြုသူ တော်တော်များများက ဒီလိုဝါးကျွေးတဲ့ နည်းလမ်းကို ယခင်က အသုံးပြုကြပါတယ်။ အမှန်တကယ်တော့ ကလေးငယ်ကို ကျွေးမယ့်အစားအစာတွေကို ကြိတ်ပြီး ဒါမှမဟုတ် နူးညံ့သွားအောင် ပြုတ်ပြီး ဇွန်းနဲ့ ခြေပြီး ကျွေးနိုင်ပါတယ်။ ဝါးမကျွေးသင့်ပါဘူး။ ကလေးကို ထမင်းအပါအဝင် အစာတွေဝါးကျွေးရင် ဝါးပေးတဲ့သူရဲ့ ခံတွင်းမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေဟာ နုနယ်လွန်းတဲ့ ကလေးဆီ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးမွှားဆိုတဲ့အထဲမှာ မြင်ရတဲ့ (ပါးစပ်နားမှာ ပေါက်နေတဲ့)ရေယုန်ကအစ မမြင်ရတဲ့ ခံတွင်းအတွင်းမှာနေနေတဲ့…

  • ကလေးငယ်များကို ဖြည့်စွက်စာကျွေးနည်း

    ကလေးအသက် (၆) လတွင်ဖြည့်စွက်စာစတင်ကျွေးမွေးခြင်းသည် မေမေတို့အတွက် (သို့) မိသားစုအတွက် အကြီးမားဆုံးခြေလှမ်းဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှအကြံပြုထားသောအချက်များအရ ကလေးအသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရပါမယ်။ ကလေးအသက် (၆) လမှစတင်ပြီး ကိုယ့်အရပ် ကိုယ့်ဒေသတွင်းရရှိနိုင်တဲ့ အာဟာရ ပြည့်ဝတဲ့အစားအစာတွေ (ကစီဓာတ်ပါဝင်သော အစားအစာများ၊ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး) ကို စတင်ကျွေးနိုင်ပါတယ်။ ကလေးငယ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ရရှိနိုင်တဲ့ အစားအစာတွေကို ဦးစားပေးပြီး ကျွေးသင့်ပါတယ်။ ဒါအပြင် ကလေးအသက် (၂) နှစ်နှင့် (၂) နှစ်ကျော်သည်အထိ မိခင်နို့ဆက်လက် တိုက်ကျွေးသင့်ပါတယ်။ ကလေးကိုဖြည့်စွက်စာစတင်ကျွေးမွေးရာတွင်လိုက်နာရမည့်အချက်များ (၁) ကလေးကိုမိခင်၏ပေါင်ပေါ်တွင် တင်ပြီးကျွေးပါ။ (၂) နောက်ပိုင်းတွင် ကလေးကိုကြမ်းပြင်တွင်ထိုင်၍ဖြစ်စေ၊ အစာကျွေးသည့်ထိုင်ခုံပေါ်တွင်ထိုင်ခိုင်း၍ဖြစ်စေ ကျွေးမွေးနိုင်ပါတယ်။ (၃) ကလေးကိုအစာကျွေးသောအချိန်သည အစားအသောက်အကြောင်း သင်ယူလေ့လာသောအချိန်…

  • မွေးကင်းစကလေးတွေ နို့ဆာတဲ့ လက္ခဏာများ

    မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်… ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။ အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။ အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။ အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *