ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နွားနို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့/စားလို့ရပါသလား
နို့ထွက်ပစ္စည်းတွေက ကယ်လ်စီယမ်လို့ခေါ်တဲ့ ထုံးဓါတ်၊ ဗီတာမင်ဒီနဲ့ အသားဓါတ် (ပရိုတင်းဓာတ်) တွေပေါများတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီးကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် တစ်နေ့ကို နွားနို့ သုံးခွက်လောက် သောက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နို့တစ်ခွက်မှာ အသားဓါတ် (ပရိုတင်း) ၇ ဂရမ်၊ လိုအပ်တဲ့ထုံးဓါတ်၃၀% နဲ့ လိုအပ်တဲ့ဗီတာမင် ၂၅% ကိုရရှိစေပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေက နွားနို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို နေ့စဉ် သောက်သုံးသင့်/စားသုံးသင့်ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။
မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho