fbpx

မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင် ကလေးတွေဝမ်းသွားတဲ့အခါ ဝမ်းထဲမှာ အစေ့တွေပါလာမှာလား။

မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင် ကလေးတွေ ဝမ်းသွားတဲ့အခါ မစင်ထဲမှာ အစေ့တွေပါလာမှာလား။

တကယ်တော့ ကလေးမစင်ထဲမှာ ခရမ်းသီးအစေ့တွေ မပါလာပါဘူး။ မေမေတွေရဲ့ အစာခြေစနစ်နဲ့ ကလေးတွေရဲ့ အစာခြေစနစ်က သီးခြားစီဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကိုခံရတဲ့ကလေးတွေက အဝါရောင်အီးအီးတွေပါတတ်ပြီး အဲဒီအထဲမှာ အစေ့ပုံစံနဲ့တူတဲ့ အဖြူရောင် အဖတ်လေးတွေ ပါဝင်လာတတ်ပါတယ်။ ဒါကို မေမေတို့စိုးရိမ်စရာမလိုပါဘူး။ မေမေတို့စားချင်သလောက် ခရမ်းသီးကို စားလို့ရပါတယ်။ ခရမ်းသီးမှာက မေမေတို့အတွက် အာဟာရဓာတ်ကောင်းတွေပါပြီး ဖိုက်ဘာလို့ခေါ်တဲ့ အမျှင်ဓာတ်တွေလည်းအများကြီးပါတာကြောင့် မေမေ တို့ ဝမ်းချုပ်တတ်တာကို ကာကွယ်ပေးပြီး သားဖြစ်ပါလိမ့်မယ်။

ခရမ်းချဥ်သီးစားတာနဲ့ ပါတ်သက်လို့လည်းအချို့မေမေတွေက ဒီမေး‌ခွန်းကို ‌မေးလေ့ရှိတတ်ပါသေးတယ်။ သဘောတရားရတော့ အတူတူပါပဲနော်။ခရမ်းချဥ်သီးလည်း စားလို့ရပါတယ်လို့။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

About the Author

Leave a Reply

You may also like these